ယေရှုက “ ‘ငါတတ်နိုင်လျှင်’ ဟု အဘယ်ကြောင့်ဆိုသနည်း။ ယုံကြည်သောသူဖြစ်လျှင် အရာခပ်သိမ်းသည် ဖြစ်နိုင်၏” ဟု မိန့်တော်မူ၏။
ရှင်မာကု 9:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူငယ်၏ဖခင်ကလည်း ချက်ချင်းအော်ဟစ်၍ “အကျွန်ုပ်ယုံကြည်ပါ၏။ သံသယမဝင်ရန် ကူညီတော်မူပါ” ဟု လျှောက်လေ၏။ Common Language Bible ချက်ချင်းပင်သူငယ်၏အဖက ``အကျွန်ုပ်အကယ် ပင်ယုံကြည်ပါ၏။ ယုံကြည်ခြင်းမပြည့်စုံသည့် အတွက်အကျွန်ုပ်အားမစတော်မူပါ'' ဟုကျယ် စွာလျှောက်ထား၏။ Garrad Bible ယေ ရှု မိန့် တော် မူ သည် နှင့် တစ် ပြိုင် နက် သူ ငယ်၏ အ ဘ က ယုံ ကြည် ပါ သည်။ ကျွန် တော့် မ ယုံ ကြည် ခြင်း ကို မ စ တော် မူ ပါ ဟု ဟစ် လျက် လျှောက် ထား လေ ၏။ Judson Bible သူငယ်၏အဘသည် ချက်ချင်းဟစ်ကြော်၍ အကျွန်ုပ်ယုံကြည်ပါ၏ သခင်။ မယုံကြည်သည်ကို မစတော်မူပါဟု မျက်ရည်နှင့် လျှောက်ပြန်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း သူငယ်၏ဖခင်က “အကျွန်ုပ်ယုံကြည်ပါ၏။ အကျွန်ုပ်၏မယုံကြည်မှုကို ကူညီမစတော်မူပါ”ဟု ချက်ချင်းအော်ဟစ်လျက် လျှောက်ထားလေ၏။ မြန်မာ သူငယ်၏အဘသည် ချက်ချင်းဟစ်ကြော်၍ အကျွန်ုပ်ယုံကြည်ပါ၏ သခင်။ မယုံကြည်သည်ကို မစတော်မူပါဟု မျက်ရည်နှင့် လျှောက်ပြန်လေ၏။- |
ယေရှုက “ ‘ငါတတ်နိုင်လျှင်’ ဟု အဘယ်ကြောင့်ဆိုသနည်း။ ယုံကြည်သောသူဖြစ်လျှင် အရာခပ်သိမ်းသည် ဖြစ်နိုင်၏” ဟု မိန့်တော်မူ၏။
ယေရှုက လူထုပရိသတ်တို့သည် စုဝေးလျက် ပြေးလာကြသည်ကို မြင်လျှင် “သူငယ်ကို ဆွံ့အနားမကြားစေသောနတ်… သူငယ်ထံမှထွက်လော့။ မည်သည့်အခါမျှ ပြန်မဝင်နှင့်၊ ငါအမိန့်ပေး၏” ဟု နတ်ဆိုးကို ဆုံးမတော်မူ၏။
တမန်တော်တို့က သခင်ဘုရားအား “အကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ” ဟု တောင်းလျှောက်ကြ၏။
သူသည် ကိုယ်တော်၏နောက်ဘက်ခြေတော်ရင်း၌ ရပ်၍ ငိုကြွေးလျက် ခြေတော်ကို မျက်ရည်ဖြင့် ဆေးကာ သူ၏ဆံပင်ဖြင့် သုတ်၏။ ထို့နောက် ကိုယ်တော်၏ခြေတော်ကို အဆက်မပြတ်နမ်းရှုပ်လျက် ဆီမွှေးဖြင့် သုတ်လိမ်းပေးလေ၏။
ယေရှုသည် ထိုအမျိုးသမီးဘက်သို့လှည့်၍ ရှိမုန်အား “ဤအမျိုးသမီးကို မြင်သလော။ ငါသည် သင့်အိမ်သို့ ဝင်သောအခါ သင်သည် ငါ့ခြေကိုဆေးကြောရန်အတွက် ရေကိုမပေး။ သို့သော် သူသည် ငါ့ခြေကို မျက်ရည်ဖြင့်ဆေး၍ သူ၏ဆံပင်ဖြင့် သုတ်လေပြီ။
ပေတရုသည် ထိုရူပါရုံအကြောင်းကို တွေးတောနေစဉ် ဝိညာဉ်တော်က “သင့်အား လူသုံးယောက် ရှာလျက်ရှိ၏။
‘ကော်နေလိ… သင့်ဆုတောင်းသံကို ဘုရားသခင်ကြား၍ သင့်အလှူအတန်းတို့ကိုလည်း အသိမှတ်ပြုတော်မူပြီ။
ကျွန်ုပ်သည် အလွန်စိတ်ဆင်းရဲခြင်းနှင့် ပူဆွေးခြင်းထဲမှ မျက်ရည်များဖြင့် ထိုစာကိုရေးခဲ့၏။ သင်တို့ကို ဝမ်းနည်းစေလိုသောကြောင့် မဟုတ်ဘဲ သင်တို့ကို ကျွန်ုပ် မည်မျှချစ်ကြောင်းကို သိစေလိုသောကြောင့် ရေးခဲ့ခြင်းဖြစ်၏။
သင်တို့သည် ယုံကြည်ခြင်းဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းခံရ၏။ သင်တို့ကိုယ်တိုင် ပြုသော ကုသိုလ်ကြောင့် မဟုတ်။ ဘုရားသခင် ပေးတော်မူသော လက်ဆောင်ဖြစ်၏။
ကျွန်ုပ်ရင်ဆိုင်ခဲ့ရသော ဆန့်ကျင်တိုက်ခိုက်မှုကို သင်တို့မြင်တွေ့ခဲ့ရပြီး လက်ရှိ၌လည်း ကျွန်ုပ်ရင်ဆိုင်နေရကြောင်း သင်တို့ကြားသိရသည့် ထိုဆန့်ကျင်တိုက်ခိုက်မှုမျိုးကို သင်တို့ရင်ဆိုင်နေရ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ခရစ်တော်ကို ယုံကြည်ရမည့် အခွင့်ထူးကို သာမက ခရစ်တော်အတွက် ဆင်းရဲဒုက္ခခံရမည့် အခွင့်ထူးကိုလည်း ဘုရားသခင်ထံမှ ရရှိထားသောကြောင့် ဖြစ်၏။
ထို့ကြောင့် ကျွန်ုပ်တို့ဘုရားသခင်သည် သင်တို့ကို ခေါ်တော်မူခြင်းနှင့် ထိုက်တန်သူများဖြစ်စေတော်မူရန် သင်တို့အတွက် ကျွန်ုပ်တို့အစဉ် ဆုတောင်းကြ၏။ သင်တို့သည် ကိုယ်တော်၏ တန်ခိုးတော်ကြောင့် ကောင်းမှုပြုလိုသောဆန္ဒနှင့် ယုံကြည်ခြင်းက လှုံ့ဆော်သောအမှုကို ပြီးမြောက်စေတော်မူရန် ကျွန်ုပ်တို့ဆုတောင်း၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့သည် ပြုသင့်သည့်အတိုင်း သင်တို့အတွက် ဘုရားသခင်ကို အစဉ်ကျေးဇူးတင်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွားကာ အချင်းချင်းအပေါ် ထားသော ချစ်ခြင်းမေတ္တာသည်လည်း ပွားများလာသောကြောင့် ဖြစ်၏။
သင်မျက်ရည်ကျသည်ကို သတိရတိုင်း သင့်ကို ကျွန်ုပ်တွေ့လိုလှ၏။ သို့မှသာ ကျွန်ုပ်ဝမ်းမြောက်နိုင်လိမ့်မည်။
သင်တို့သိသည့်အတိုင်း ဧသောသည် နောက်မှ ဖခင်၏ ကောင်းချီးကို အမွေဆက်ခံလိုသော်လည်း ငြင်းပယ်ခံရ၏။ မျက်ရည်ကျ၍ တောင်းသော်လည်း ဖခင်၏စိတ်ကို မပြောင်းလဲနိုင်ပေ။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စေ၍ ပြီးပြည့်စုံစေသော ယေရှု၏အကြောင်းကို အစဉ်တွေးတောဆင်ခြင်ကြစို့။ ကိုယ်တော်သည် မိမိရှေ့၌ရှိသော ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ကို မှတ်ယူတော်မမူဘဲ လက်ဝါးကပ်တိုင်၏ဝေဒနာကို သည်းခံတော်မူ၏။ ယခုတွင်မူ ဘုရားသခင်၏ ရာဇပလ္လင် လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ခရစ်တော်သည် ကမ္ဘာလောက၌ လူသားအဖြစ်ရှိစဉ် သေခြင်းမှ ကယ်တင်နိုင်သော ဘုရားသခင်ထံ ပြင်းပြစွာ အော်ဟစ်၍ မျက်ရည်ကျလျက် အသနားခံတောင်းလျှောက်ခဲ့၏။ ထိုသို့ ဘုရားသခင်ထံ အပ်နှံ၍ မိမိအား ရိုသေသောကြောင့် ဘုရားသခင်သည် ကိုယ်တော်၏ ဆုတောင်းချက်များကို နားဆင်တော်မူခဲ့၏။