Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 9:24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 သူငယ်​၏​ဖခင်​က “အကျွန်ုပ်​ယုံကြည်​ပါ​၏။ အကျွန်ုပ်​၏​မ​ယုံကြည်​မှု​ကို ကူညီမစ​တော်မူ​ပါ”​ဟု ချက်ချင်း​အော်ဟစ်​လျက် လျှောက်ထား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 ချက်​ချင်း​ပင်​သူ​ငယ်​၏​အ​ဖ​က ``အ​ကျွန်ုပ်​အ​ကယ် ပင်​ယုံ​ကြည်​ပါ​၏။ ယုံ​ကြည်​ခြင်း​မ​ပြည့်​စုံ​သည့် အ​တွက်​အ​ကျွန်ုပ်​အား​မ​စ​တော်​မူ​ပါ'' ဟု​ကျယ် စွာ​လျှောက်​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 ယေ ရှု မိန့် တော် မူ သည် နှင့် တစ် ပြိုင် နက် သူ ငယ်၏ အ ဘ က ယုံ ကြည် ပါ သည်။ ကျွန် တော့် မ ယုံ ကြည် ခြင်း ကို မ စ တော် မူ ပါ ဟု ဟစ် လျက် လျှောက် ထား လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 သူ​ငယ်၏​အ​ဘ​သည် ချက်​ချင်း​ဟစ်​ကြော်၍ အ​ကျွန်ုပ်​ယုံ​ကြည်​ပါ၏ သ​ခင်။ မ​ယုံ​ကြည်​သည်​ကို မ​စ​တော်​မူ​ပါ​ဟု မျက်​ရည်​နှင့် လျှောက်​ပြန်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 သူငယ်​၏​ဖခင်​ကလည်း ချက်ချင်း​အော်ဟစ်​၍ “အကျွန်ုပ်​ယုံကြည်ပါ၏။ သံသယ​မဝင်​ရန် ကူညီတော်မူပါ” ဟု လျှောက်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

24 သူ​ငယ်၏​အ​ဘ​သည် ချက်​ချင်း​ဟစ်​ကြော်၍ အ​ကျွန်ုပ်​ယုံ​ကြည်​ပါ၏ သ​ခင်။ မ​ယုံ​ကြည်​သည်​ကို မ​စ​တော်​မူ​ပါ​ဟု မျက်​ရည်​နှင့် လျှောက်​ပြန်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 9:24
21 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​သည် ငါ​ခံရ​သော​ဒုက္ခဆင်းရဲ​ကို မြင်​တော်မူ​၍ ယနေ့​ခံရ​သော​ကျိန်ဆဲ​ခြင်း​အစား ကောင်း​သော​အရာ​ကို ငါ့​အား ထာဝရဘုရား​ပြန်ပေး​ကောင်း​ပေး​တော်မူ​လိမ့်မည်​”​ဟု မိန့်ဆို​၏​။


“​ငါ့​လူမျိုး​တော်​ကို အုပ်ချုပ်​သော​ဟေဇကိ​မင်းကြီး​ထံသို့ ပြန်သွား​ပြီးလျှင် သင့်​ဘိုးဘေး​ဒါဝိဒ်​မင်းကြီး​၏​ဘုရားသခင် ထာဝရဘုရား​က ‘​သင့်​ဆုတောင်းသံ​ကို ငါ​ကြား​ပြီ​။ သင့်​မျက်ရည်​ကို ငါ​မြင်​ပြီ​။ သင့်​ကို ငါ​ပြန်လည်​ကျန်းမာ​လာ​စေ​မည်​။ သုံး​ရက်​မြောက်​လျှင် သင်​သည် ထာဝရဘုရား​၏​အိမ်​တော်​သို့ တက်သွား​နိုင်​လိမ့်မည်​။


မျက်ရည်​ဖြင့် မျိုးစေ့ကြဲ​သော​သူ​တို့​သည် ရွှင်လန်း​စွာ​ကြွေးကြော်​ခြင်း​ဖြင့် ရိတ်သိမ်း​ရ​ကြ​လိမ့်မည်​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဆုတောင်းချက်​ကို နားညောင်း​တော်မူ​ပါ​။ အကျွန်ုပ်​၏​အော်ဟစ်သံ​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။ အကျွန်ုပ်​၏​မျက်ရည်​ကို​ကြည့်​၍ တိတ်ဆိတ်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်​။ အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော့်​ထံ၌​ရှိ​သော တိုင်းတစ်ပါးသား​ဖြစ်၍ အကျွန်ုပ်​၏​ဘိုးဘေး​အပေါင်း​တို့​နည်းတူ ဧည့်သည်​မျှသာ​ဖြစ်​ပါ​၏​။


ထို့ကြောင့် သင်​သည် သူ​တို့​အား ‘​ငါ့​လူမျိုး​သမီးပျို​သည် ကျိုးပဲ့ကြေမွ​သော​ဒဏ်ရာ​ရ​၍ ပြင်းထန်စွာ​ဝေဒနာ​ခံစား​ရ​သောကြောင့် ငါ​သည် အငို​မ​ရပ်​၊ နေ့နေ့​ညည​ငို​မည်​။


ယေရှု​က​လည်း“တတ်နိုင်​လျှင်​ဟု​ဆို​ရ​သလော။ ယုံကြည်​သော​သူ​အတွက် အရာ​ခပ်သိမ်း​သည် ဖြစ်နိုင်​၏”​ဟု မိန့်​တော်မူ​၏။


ယေရှု​သည် လူထု​ပရိသတ်​ပြေး​လာ​ကြ​သည်​ကို​မြင်​လျှင် ညစ်ညူး​သော​နတ်​ကို​ဆုံးမ​လျက်“ဆွံ့အ​၍ နားပင်း​သော​နတ်၊ သင့်​အား ငါ​အမိန့်​ပေး​၏။ သူ့​အထဲမှ​ထွက်သွား​လော့။ နောက်တစ်ဖန် သူ့​အထဲသို့​မ​ဝင်​နှင့်”​ဟု မိန့်​တော်မူ​၏။


ထိုအခါ တမန်တော်​တို့​က သခင်​ဘုရား​အား “အကျွန်ုပ်​တို့​၏​ယုံကြည်​ခြင်း​ကို တိုးပွား​စေ​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။


ကိုယ်တော်​၏​နောက်​တွင် ခြေ​တော်​ရင်း​၌​ရပ်​လျက် ငိုကြွေး​ရင်း မိမိ​၏​မျက်ရည်​ဖြင့် ခြေ​တော်​ကို​စို​စေ​ကာ မိမိ​ဦးခေါင်း​မှ​ဆံပင်​ဖြင့် သုတ်​လေ​၏။ ထို့နောက် ကိုယ်တော်​၏​ခြေ​တို့​ကို​နမ်း​၍ ဆီမွှေး​ဖြင့်​လိမ်း​လေ​၏။


ထို့နောက် အမျိုးသမီး​ဘက်​သို့​လှည့်​တော်မူ​၍ ရှိမုန်​အား“ဤ​အမျိုးသမီး​ကို​မြင်​သလော။ ငါ​သည် သင်​၏​အိမ်​သို့​ဝင်​စဉ် သင်​သည် ငါ့​အတွက်​ခြေ​ဆေး​ရေ​ကို​မ​ပေး။ သို့သော် သူ​သည် မျက်ရည်​ဖြင့် ငါ့​ခြေ​ကို​စို​စေ​၍ မိမိ​ဆံပင်​ဖြင့်​သုတ်​ပေး​၏။


ပေတရု​သည် ရူပါရုံ​အကြောင်း​ကို စဉ်းစား​ဆင်ခြင်​လျက်​နေ​စဉ် ဝိညာဉ်​တော်​က “လူ​သုံး​ဦး​တို့​သည် သင့်​ကို​ရှာ​နေ​ကြ​၏။


‘ကော်နေလိ၊ သင်​၏​ဆုတောင်း​သံ​ကို ဘုရားသခင်​နားညောင်း​တော်မူ​၍ သင်​၏​ပေးကမ်း​စွန့်ကြဲ​ခြင်း​တို့​သည်​လည်း ဘုရားသခင်​ရှေ့​တော်​၌ အောက်မေ့​စရာ​ဖြစ်​လေ​ပြီ။


သင်​တို့​ကို​ဝမ်းနည်း​စေရန်​မ​ဟုတ်​ဘဲ သင်​တို့​အပေါ် ငါ​ထားရှိ​သော ကြွယ်ဝ​သည့်​ချစ်​ခြင်း​မေတ္တာ​ကို သင်​တို့​သိ​စေရန် ငါ​သည် ကြီးစွာ​သော​စိတ်​ဆင်းရဲ​ခြင်း​နှင့် ပူဆွေး​ခြင်း​ထဲမှ မျက်ရည်​များစွာ​ဖြင့် သင်​တို့​ထံသို့​ရေး​လိုက်​ခြင်း​ဖြစ်​၏။


အကြောင်းမူကား သင်​တို့​သည် ကျေးဇူး​တော်​ကြောင့် ယုံကြည်​ခြင်း​အားဖြင့် ကယ်တင်​ခြင်း​ခံရ​ကြ​၏။ ၎င်း​သည် သင်​တို့​ကိုယ်တိုင်​ကြောင့်​မ​ဟုတ်​ဘဲ ဘုရားသခင်​ပေး​တော်မူ​သော​လက်ဆောင်​ဖြစ်​၏။


အကြောင်းမူကား ခရစ်တော်​အတွက် ကိုယ်တော်​ကို​ယုံကြည်​ခြင်း​သာ​မ​ဟုတ်​ဘဲ ကိုယ်တော်​အတွက် ဒုက္ခ​ဝေဒနာ​ခံစား​ခြင်း​အခွင့်​ကို​လည်း သင်​တို့​အား ပေးအပ်​ထား​သည်​ဖြစ်၍


ထို့ကြောင့် ငါ​တို့​၏​ဘုရားသခင်​သည် သင်​တို့​ကို ခေါ်ယူ​တော်မူ​ခြင်း​နှင့်​ထိုက်တန်​သော​သူ​များ​ဖြစ်စေ​၍ ကောင်းမြတ်​သော​အမှု​ကို​ပြုလို​သော​စေတနာ​စိတ်​ရှိသမျှ​နှင့် ယုံကြည်​ခြင်း​နှင့်ဆိုင်သော​လုပ်ဆောင်​မှု​တို့​ကို တန်ခိုး​တော်​အားဖြင့် သင်​တို့​၌​ပြည့်စုံ​စေ​တော်မူ​မည့်​အကြောင်း သင်​တို့​အတွက် ငါ​တို့​အစဉ်အမြဲ​ဆုတောင်း​ကြ​၏။


ညီအစ်ကို​တို့၊ ငါ​တို့​သည် သင်​တို့​အတွက် ဘုရားသခင်​ကို အစဉ်အမြဲ​ကျေးဇူးတင်​သင့်​၏။ ထိုသို့​ပြု​ခြင်း​သည်​လည်း သင့်လျော်​ပေ​၏။ အဘယ်ကြောင့်​ဆိုသော် သင်​တို့​၏​ယုံကြည်​ခြင်း​သည် အလွန်​တိုးပွား​၍ အချင်းချင်း​အပေါ်၌​ထား​သော သင်​တို့​တစ်ဦးစီ​၏​ချစ်​ခြင်း​မေတ္တာ​သည်​လည်း ပွားများ​လျက်​ရှိ​၏။


ငါ​သည် သင်​၏​မျက်ရည်​များ​ကို​အောက်မေ့​သဖြင့် ဝမ်းမြောက်​ခြင်း​နှင့်​ပြည့်ဝ​မည့်​အကြောင်း သင်​နှင့်​တွေ့​နိုင်​ရန်​တောင့်တ​နေ​၏။


အကြောင်းမူကား သင်​တို့​သိ​ကြ​သည့်​အတိုင်း သူ​သည် နောက်မှ ကောင်းချီး​မင်္ဂလာ​ကို​အမွေ​ဆက်ခံ​လို​သော်လည်း ငြင်းပယ်​ခြင်း​ခံရ​၍ ၎င်း​ကို မျက်ရည်​ဖြင့်​ပြန်တောင်း​သော်လည်း နောင်တရ​သော​အခွင့်​ကို မ​ရရှိ​ခဲ့​ပေ။


ယုံကြည်​ခြင်း​ကို​အစပြု​ဖြစ်တည်​စေ​၍ စုံလင်​စေ​သည့်​အရှင်​ဖြစ်​တော်မူ​သော​ယေရှု​ကို မျက်မှောက်​ပြု​ကြ​ကုန်စို့။ ကိုယ်တော်​သည် မိမိ​ရှေ့၌​ပြင်ဆင်​ထား​သော​ဝမ်းမြောက်​ခြင်း​ကြောင့် ရှက်ဖွယ်ရာ​များ​ကို​ပင် အမှုမထား​ဘဲ လက်ဝါးကပ်တိုင်​၏​ဒဏ်​ကို​သည်းခံ​ပြီးလျှင် ဘုရားသခင်​၏​ပလ္လင်​တော်​လက်ယာ​ဘက်​၌ ထိုင်​တော်မူ​၏။


ခရစ်တော်​သည် လူသား​အဖြစ်​၌​ရှိ​စဉ် သေ​ခြင်း​မှ​ကယ်တင်​နိုင်​သော​အရှင်​ထံ ကျယ်လောင်​သော​အော်ဟစ်​သံ​နှင့်​မျက်ရည်​တို့​ဖြင့် တောင်းလျှောက်​၍ အသနားခံ​သဖြင့် ထို​ကြည်ညို​မှု​ကြောင့် ဘုရားသခင်​သည် နားညောင်း​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ