Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 2:4 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 ကျွန်ုပ်​သည် အလွန်​စိတ်ဆင်းရဲခြင်း​နှင့် ပူဆွေးခြင်း​ထဲမှ မျက်ရည်များ​ဖြင့် ထို​စာ​ကို​ရေးခဲ့၏။ သင်တို့​ကို ဝမ်းနည်း​စေလို​သောကြောင့် မဟုတ်ဘဲ သင်တို့​ကို ကျွန်ုပ် မည်မျှ​ချစ်ကြောင်း​ကို သိစေလို​သောကြောင့် ရေးခဲ့ခြင်း​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ငါ​သည်​အ​လွန်​ပူ​ပန်​သော​က​ရောက်​၍​မျက် ရည်​များ​စွာ​ကျ​လျက်​ထို​စာ​ကို​ရေး​လိုက်​ခြင်း ဖြစ်​၏။ သို့​သော်​သင်​တို့​အား​ဝမ်း​နည်း​စေ​လို​၍ မ​ဟုတ်​ဘဲ သင်​တို့​အား​ငါ​မည်​မျှ​ချစ်​ကြောင်း ကို​သိ​စေ​လို​၍​ရေး​လိုက်​ခြင်း​ဖြစ်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 သင် တို့ ကို ပူ ပန် စေ ရန် မ ဟုတ်။ လွန် ကဲ သော မေ တ္တာ ရှိ ကြောင်း သိ စေ ရန် ကြီး စွာ သော စိတ် ဒု က္ခ နှင့် အ ပူ အ ဆွေး ခံ လျက် မျက် ရည် များ စွာ ကျ လျက် ရေး လိုက် ရ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 အ​လွန်​ညှိုး​ငယ်​ပူ​ပန်​သော​စိတ်​နှင့် မျက်​ရည်​အ​များ​ကျ​လျက်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်၏။ သင်​တို့​ကို စိတ်​နာ​စေ​ခြင်း​ငှာ ငါ​ရေး​သည်​မ​ဟုတ်။ ငါ​သည် သင်​တို့​အား အ​လွန်​ချစ်​သော​မေ​တ္တာ​စိတ်​ကို သင်​တို့ သိ​စေ​ခြင်း​ငှာ ငါ​ရေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 သင်​တို့​ကို​ဝမ်းနည်း​စေရန်​မ​ဟုတ်​ဘဲ သင်​တို့​အပေါ် ငါ​ထားရှိ​သော ကြွယ်ဝ​သည့်​ချစ်​ခြင်း​မေတ္တာ​ကို သင်​တို့​သိ​စေရန် ငါ​သည် ကြီးစွာ​သော​စိတ်​ဆင်းရဲ​ခြင်း​နှင့် ပူဆွေး​ခြင်း​ထဲမှ မျက်ရည်​များစွာ​ဖြင့် သင်​တို့​ထံသို့​ရေး​လိုက်​ခြင်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 2:4
12 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်​သည် ဘုရားသခင်​၏ သဝန်တိုခြင်း​မျိုး​ဖြင့် သင်တို့​ကို သဝန်တို၏။ ကျွန်ုပ်​သည် သင်တို့​ကို စင်ကြယ်သော​အပျိုစင်​အဖြစ် တစ်ဦးတည်းသော​ခင်ပွန်း​ဟူသော ခရစ်တော်​ထံ အပ်နှင်း​ရန် ကတိပြုထား၏။


ထို့ကြောင့် ကျွန်ုပ်​သည် သင်တို့​၏​စိတ်ဝိညာဉ်​အတွက် ကျွန်ုပ်​၌ ရှိသမျှသော​ငွေကြေးဥစ္စာများ​နှင့် စိတ်ရောကိုယ်ပါ ဝမ်းမြောက်စွာ ပေးအပ်မည်။ ကျွန်ုပ်​သည် သင်တို့​အပေါ် ဤမျှ​မေတ္တာထား​လျှင် ကျွန်ုပ်​အပေါ်​ထားသော သင်တို့​၏​မေတ္တာ​သည် လျော့ပါး​သွားမည်လော။


ကျွန်ုပ်​စာရေးပို့ရသော အခြား​အကြောင်းရင်း​မှာ သင်တို့​သည် ကျွန်ုပ်​၏ ညွှန်ကြားချက်များ​ကို အပြည့်အဝ လိုက်နာသည်၊ မလိုက်နာသည်​ကို သိလို​သောကြောင့် ဖြစ်၏။


ထို့ကြောင့် သင်တို့​ထံသို့ ကျွန်ုပ်​စာရေးလိုက်​သော်လည်း ထိုသို့​ရေးရခြင်း​မှာ ပြစ်မှားသောသူ​အတွက်ကြောင့် မဟုတ်​သကဲ့သို့ နစ်နာသောသူ​အတွက်ကြောင့်​လည်း မဟုတ်။ သင်တို့​သည် ဘုရားသခင်​ရှေ့တော်​တွင် ကျွန်ုပ်တို့​ကို မည်မျှ ချစ်ခင်​ရိုသေကြကြောင်း မိမိကိုယ်ကိုယ် မြင်​နိုင်ရန်​သာ​ဖြစ်၏။


ယခင်က သင်တို့​ကို ကျွန်ုပ် မကြာခဏ ပြော​သကဲ့သို့ ယခု​လည်း မျက်ရည်ကျ​လျက် ထပ်မံ​ပြောလိုသည်​မှာ လူများစွာတို့​သည် လက်ဝါးကပ်တိုင်​၌ ခရစ်တော်​အသေခံတော်မူခြင်း​၏ အဓိပ္ပာယ်​ကို မိမိတို့​၏ ပြုမူ​နေထိုင်ပုံ​ဖြင့် ဖျက်ဆီး​လျက်​ရှိကြောင်း ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ