ရှင်မာကု 8:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်က “ဖာရိရှဲတို့၏ တဆေးနှင့် ဟေရုဒ်မင်း၏ တဆေးကိုသတိထားကြလော့” ဟု သတိပေးတော်မူ၏။ Common Language Bible ကိုယ်တော်က ``သင်တို့သည်ဖာရိရှဲများ၏ တဆေးနှင့်ဟေရုဒ်၏တဆေးကိုသတိနှင့် ရှောင်ကြလော့'' ဟုတပည့်တော်တို့အားမိန့် တော်မူ၏။ Garrad Bible ဖာ ရိ ရှဲ တို့ တ ဆေး၊ ဟေ ရုဒ် မင်း တ ဆေး ကို သ တိ နှင့် ကြဉ် ရှောင် ကြ လော့ ဟု မိန့် တော် မူ သည့် အ တွက်၊ Judson Bible ကိုယ်တော်ကလည်း၊ ဖာရိရှဲတို့၏ တဆေးကိုလည်းကောင်း၊ ဟေရုဒ်၏ တဆေးကိုလည်းကောင်း၊ သတိနှင့် ကြဉ်ရှောင်ကြဟု ပညတ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကိုယ်တော်က“ဖာရိရှဲတို့၏တဆေးနှင့် ဟေရုဒ်၏တဆေးတို့ကို အထူးသတိပြုကြလော့”ဟု မိန့်မှာတော်မူ၏။ မြန်မာ ကိုယ်တော်ကလည်း၊ ဖာရိရှဲတို့၏ တဆေးကိုလည်းကောင်း၊ ဟေရုဒ်၏ တဆေးကိုလည်းကောင်း၊ သတိနှင့် ကြဉ်ရှောင်ကြဟု ပညတ်တော်မူ၏။- |
ယခင်က ဟေရုဒ်မင်းသည် ညီဖြစ်သူ ဖိလိပ္ပု၏ဇနီးဟေရောဒိကို သိမ်းယူသောကြောင့် ယောဟန်က “ဟေရောဒိကို အရှင်မင်းကြီးသိမ်းယူခြင်းသည် ဘုရားသခင်၏ ပညတ်တော်နှင့်မညီ” ဟူ၍ ဖော်ပြဆုံးမခဲ့၏။ ထို့ကြောင့် ဟေရုဒ်မင်းသည် ယောဟန်ကိုဖမ်းဆီးချုပ်နှောင်၍ ထောင်ထဲသို့ ထည့်ထားခဲ့၏။
ထို့နောက် ဟေရုဒ်မင်း၏ မွေးနေ့ပွဲတွင် ဟေရောဒိ၏ သမီးသည် ဧည့်သည်တော်များရှေ့၌ ကပြဖျော်ဖြေရာ ဟေရုဒ်မင်းသည် အလွန်နှစ်သက်လေ၏။
ထို့နောက် သူတို့သည် ကိုယ်တော်၏ စကားတော်ထဲတွင် ဖမ်းဆီးရနိုင်သည့် အမှားမျိုးကို ရှာရန် ဖာရိရှဲတချို့နှင့် ဟေရုဒ်ဘက်တော်သားများကို ကိုယ်တော်ထံသို့ စေလွှတ်ကြ၏။
ထိုအချိန်တွင် တပည့်တော်တို့သည် စားစရာယူလာရန် မေ့လျော့ကြ၏။ လှေပေါ်၌ မုန့်တစ်လုံးသာ ပါ၏။
တပည့်တော်တို့က “ငါတို့၌ စားစရာမပါသောကြောင့် ဤသို့မိန့်တော်မူခြင်းဖြစ်သည်” ဟု အချင်းချင်းပြောဆိုကြ၏။
ထို့နောက် သူတို့အား “သတိပြုလော့။ အမျိုးမျိုးသော လောဘတို့ကို သတိနှင့် ရှောင်ကြဉ်ကြလော့။ လူတစ်ဦး၏အသက်သည် စည်းစိမ်ကြွယ်ဝချမ်းသာမှုပေါ်တွင် မူတည်သည်မဟုတ်” ဟု မိန့်တော်မူ၏။
မျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်းမရှိဘဲ ဤညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် ဘုရားသခင်နှင့် ယေရှုခရစ်တော်တို့ ရှေ့၌လည်းကောင်း၊ ရွေးကောက်တော်မူသောကောင်းကင်တမန်တို့ရှေ့၌လည်းကောင်း သင့်ကို ကျွန်ုပ်အလေးအနက် ညွှန်ကြားလို၏။
အရာအားလုံးကိုအသက်ရှင်စေတော်မူသည့်ဘုရားသခင်၏ ရှေ့တော်၌လည်းကောင်း၊ ပုန္တိပိလတ်မင်း၏ ရှေ့၌ ကောင်းသောဝန်ခံချက်ဖြင့် သက်သေခံတော်မူသော ယေရှုခရစ်တော်၏ ရှေ့တော်၌လည်းကောင်း တိုင်တည်၍ ကျွန်ုပ် သင့်ကို ညွှန်ကြားလိုက်၏။
ဤအကြောင်းအရာများကို သူတို့အား သတိပေးလော့။ အကျိုးမရှိဘဲ ကြားရသောသူတို့ကို ပျက်စီးစေတတ်သော စကားလုံးအသုံးအနှုန်းအတွက် မငြင်းခုံကြရန် ဘုရားသခင်ရှေ့တော်၌ အလေးအနက် ညွှန်ကြားလော့။