ကျမ်းစာ၌ ရေးထားသည့်အတိုင်း လူသားသည် အသေခံရမည်။ သို့ရာတွင် လူသားကို သစ္စာဖောက်သောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မွေးဖွားမလာခဲ့လျှင် ပို၍ကောင်းသည်” ဟု မိန့်တော်မူ၏။
ရောမ 9:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ သင်က “သို့ဖြစ်လျှင် ဘုရားသခင်သည် လူတို့အား အဘယ်ကြောင့် အပြစ်တင်တော်မူသေးသနည်း။ ဘုရားသခင်၏ အလိုတော်ကို မည်သူ ဆန့်ကျင်နိုင်သနည်း” ဟု ဆိုလိမ့်မည်။ Common Language Bible ``ထိုသို့ဖြစ်ပါမူဘုရားသခင်သည်လူတို့ ကိုအဘယ်သို့လျှင်အပြစ်တင်နိုင်ပါမည်နည်း။ အဘယ်သူသည်ကိုယ်တော်၏အလိုတော်ကို ဆန့်ကျင်ဘက်ပြုနိုင်ပါမည်နည်း'' ဟူ၍မေး မြန်းလိုသူရှိလိမ့်မည်။- Garrad Bible သို့ ဖြစ် လျှင် သင် က၊ အ ဘယ် ကြောင့် အ ပြစ် တင် တော် မူ သေး သ နည်း။ သ ဘော တော် ကို မည် သူ ခု ခံ သ နည်း ဟု မေး ခဲ့ သော်၊ Judson Bible သို့ဖြစ်လျှင်၊ ဘုရားသခင်သည် အဘယ်ကြောင့် အပြစ်တင်တော်မူသေးသနည်း။ အဘယ်သူသည် အလိုတော်ကို ဆီးတားဖူးသနည်းဟု ဆိုမည်လော။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သင်က “သို့ဖြစ်လျှင် ဘုရားသခင်သည် လူတို့ကို အဘယ်ကြောင့် အပြစ်တင်တော်မူသေးသနည်း။ မည်သူသည် ဘုရားသခင်၏အလိုတော်ကို ဆန့်ကျင်နိုင်မည်နည်း”ဟု ငါ့အား မေးမြန်းလိမ့်မည်။ |
ကျမ်းစာ၌ ရေးထားသည့်အတိုင်း လူသားသည် အသေခံရမည်။ သို့ရာတွင် လူသားကို သစ္စာဖောက်သောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မွေးဖွားမလာခဲ့လျှင် ပို၍ကောင်းသည်” ဟု မိန့်တော်မူ၏။
ဘုရားသခင်၏တိကျသောအကြံအစည်တော်အားဖြင့်လည်းကောင်း၊ ကြိုတင်သိမြင်သောဉာဏ်တော်အားဖြင့်လည်းကောင်း သင်တို့လက်၌ အပ်နှံခံရသောဤယေရှုကို သင်တို့သည် တရားမဲ့သောသူတို့၏လက်ဖြင့် လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခဲ့ကြ၏။
သင်က “ကျွန်ုပ်ကို ကိုင်းဆက်ကူးရန်အတွက် ထိုအကိုင်းအခက်တို့ကို ခုတ်ဖြတ်ပြီ” ဟု ဆိုလိမ့်မည်။
ခရစ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီဟု ကျွန်ုပ်တို့ဟောပြောကြလျှင် သင်တို့ထဲမှ တချို့က သေလွန်သောသူတို့သည် မထမြောက်ကြပါဟု အဘယ်ကြောင့် ပြောဆိုကြသနည်း။
သို့သော် တစ်စုံတစ်ယောက်က သေလွန်သောသူတို့သည် မည်သို့ ပြန်ရှင်မည်နည်း။ မည်သို့သော ကိုယ်ခန္ဓာနှင့် ပေါ်လာကြမည်နည်းဟု မေးလိမ့်မည်။
လူသည် ဖြားယောင်းသွေးဆောင်ခြင်းကို ခံရသောအခါ “ဘုရားသခင်သည် ငါ့ကို သွေးဆောင်သည်” ဟု မပြောစေနှင့်။ အဘယ်ကြောင့်ဆိုသော် မကောင်းမှုသည် ဘုရားသခင်ကို မသွေးဆောင်နိုင်သောကြောင့် ဖြစ်၏။ ကိုယ်တော်သည်လည်း မည်သူ့ကိုမျှ ဖြားယောင်းသွေးဆောင်တော်မမူပေ။
တစ်စုံတစ်ဦးက “လူတချို့၌ ယုံကြည်ခြင်းရှိ၏။ လူတချို့၌ လုပ်ဆောင်ခြင်းရှိ၏” ဟု ပြောလိမ့်မည်။ သို့သော် ကျွန်ုပ်က “လုပ်ဆောင်ခြင်း မရှိလျှင် သင်၏ ယုံကြည်ခြင်းကို မည်သို့ပြနိုင်မည်နည်း။ ကောင်းသောလုပ်ဆောင်ခြင်းအားဖြင့် ကျွန်ုပ်၏ယုံကြည်ခြင်းကို ပြမည်” ဟု ပြန်ပြော၏။