ရောမ 9:19 - Common Language Bible19 ``ထိုသို့ဖြစ်ပါမူဘုရားသခင်သည်လူတို့ ကိုအဘယ်သို့လျှင်အပြစ်တင်နိုင်ပါမည်နည်း။ အဘယ်သူသည်ကိုယ်တော်၏အလိုတော်ကို ဆန့်ကျင်ဘက်ပြုနိုင်ပါမည်နည်း'' ဟူ၍မေး မြန်းလိုသူရှိလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible19 သို့ ဖြစ် လျှင် သင် က၊ အ ဘယ် ကြောင့် အ ပြစ် တင် တော် မူ သေး သ နည်း။ သ ဘော တော် ကို မည် သူ ခု ခံ သ နည်း ဟု မေး ခဲ့ သော်၊ အခန်းကိုကြည့်ပါ။Judson Bible19 သို့ဖြစ်လျှင်၊ ဘုရားသခင်သည် အဘယ်ကြောင့် အပြစ်တင်တော်မူသေးသနည်း။ အဘယ်သူသည် အလိုတော်ကို ဆီးတားဖူးသနည်းဟု ဆိုမည်လော။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 ထိုအခါ သင်က “သို့ဖြစ်လျှင် ဘုရားသခင်သည် လူတို့ကို အဘယ်ကြောင့် အပြစ်တင်တော်မူသေးသနည်း။ မည်သူသည် ဘုရားသခင်၏အလိုတော်ကို ဆန့်ကျင်နိုင်မည်နည်း”ဟု ငါ့အား မေးမြန်းလိမ့်မည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း19 ထိုအခါ သင်က “သို့ဖြစ်လျှင် ဘုရားသခင်သည် လူတို့အား အဘယ်ကြောင့် အပြစ်တင်တော်မူသေးသနည်း။ ဘုရားသခင်၏ အလိုတော်ကို မည်သူ ဆန့်ကျင်နိုင်သနည်း” ဟု ဆိုလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သူတို့သည်အရာခပ်သိမ်းကိုကပြောင်းက ပြန်ဖြစ်စေတတ်ကြ၏။ အိုးထိန်းသည်နှင့် အိုးမြေတို့တွင် အဘယ်သူကပို၍အရေး ကြီးပါသနည်း။ လူ့လက်ဖြင့်ပြီးသောအရာ တစ်ခုကလူကိုပြန်၍``ငါသည်သင်ပြုလုပ် ထားသည့်အရာမဟုတ်'' ဟူ၍သော်လည်း ကောင်း``သင်သည်မိမိပြုလုပ်လျက်နေသည့် အမှုကိုမသိ'' ဟူ၍သော်လည်းကောင်း ဆိုနိုင်ပါမည်လော။
ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည်ရှေ့ တော်၌ အမှုမထားလောက်သကဲ့သို့ဖြစ်ပါ၏။ ကိုယ်တော်သည်ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များကိုလည်းကောင်း၊ ကမ္ဘာမြေပေါ်ရှိလူတို့ကိုလည်းကောင်း စိုးမိုးအုပ်ချုပ်တော်မူပါ၏။ အဘယ်သူမျှကိုယ်တော်၏အလိုတော်ကို မဆန့်ကျင်နိုင်ပါ။ ကိုယ်တော်အဘယ်သို့ပြုတော်မူသည်ကို လည်း မစစ်ဆေးမမေးမြန်းနိုင်ပါ။