အကျွန်ုပ်တို့သည် တစ်သားတည်းဖြစ်သကဲ့သို့ သူတို့သည်လည်း တစ်သားတည်းဖြစ်စေရန် အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသောဘုန်းအသရေကို သူတို့အား ပေးပါပြီ။
ရောမ 8:30 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ဘုရားသခင်သည် မိမိရွေးကောက်ထားသောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော်မူပြီးနောက် ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူ၏။ ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူပြီးနောက် ဘုန်းအသရေကို ပေးတော်မူ၏။ Common Language Bible သို့ဖြစ်၍ကိုယ်တော်သည်မိမိသီးသန့်ထားသူ တို့ကိုခေါ်ယူတော်မူ၏။ ယင်းသို့ခေါ်ယူတော် မူသောသူတို့အား မိမိနှင့်မှန်ကန်စွာဆက်ဆံ စေတော်မူပြီးလျှင်မိမိ၏ဘုန်းအသရေ တော်ကိုခံစားခွင့်ပေးတော်မူ၏။ Garrad Bible စီ မံ တော် မူ သူ တို့ အား ခေါ် ထား ခြင်း၊ ခေါ် ထား တော် မူ သူ တို့ အား ဖြောင့် မတ် ရာ ရောက် စေ ခြင်း၊ ဖြောင့် မတ် ရာ ရောက် စေ တော် မူ သူ တို့ အား ချီး မြှင့် ခြင်း များ ကို စီ ရင် တော် မူ ကြောင်း ငါ တို့ သိ ကြ ၏။ Judson Bible ထိုသို့ ခွဲခန့်မှတ်သားနှင့်သောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော်မူသော သူတို့ကိုလည်း ဖြောင့်မတ်ရာ၌ တည်စေတော်မူ၏။ ထိုသို့ တည်စေတော်မူသော သူတို့ကိုလည်း ချီးမြှောက်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ကြိုတင်သတ်မှတ်ထားတော်မူသောသူတို့ကို ဘုရားသခင်သည် ခေါ်ယူတော်မူပြီး ခေါ်ယူတော်မူသောသူတို့ကို ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူ၍ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောသူတို့ကို ချီးမြှောက်တော်မူ၏။ |
အကျွန်ုပ်တို့သည် တစ်သားတည်းဖြစ်သကဲ့သို့ သူတို့သည်လည်း တစ်သားတည်းဖြစ်စေရန် အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသောဘုန်းအသရေကို သူတို့အား ပေးပါပြီ။
အို အဖ… အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသောသူတို့ကို အကျွန်ုပ်ရှိမည့်အရပ်၌ အကျွန်ုပ်နှင့်အတူရှိစေလိုပါ၏။ သို့ပြုလျှင် ကမ္ဘာ မတည်မရှိမီကပင် ကိုယ်တော်သည် အကျွန်ုပ်ကို ချစ်၍ ပေးတော်မူသော ဘုန်းအသရေကို သူတို့တွေ့မြင်ပါလိမ့်မည်။
သင်တို့အား ငါအမှန်ဆို၏။ ငါ့စကားကို နားထောင်၍ ငါ့ကို စေလွှတ်တော်မူသောဘုရားကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ ထိုသူသည် ပြစ်ဒဏ်စီရင်ခြင်းမခံရဘဲ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းရသောသူဖြစ်၏။
သင်တို့သည်လည်း ယေရှုခရစ်တော်ပိုင်ဆိုင်သောသူများအဖြစ် ရွေးကောက်တော်မူခြင်းခံရသည့် ထိုလူမျိုးခြားများထဲတွင် ပါဝင်ကြ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိပေးသနားတော်မူသော ဆုကျေးဇူးများနှင့် ခေါ်ယူခြင်းတို့ကို ပြန်၍ရုပ်သိမ်းတော်မမူတတ်သောကြောင့် ဖြစ်၏။
ထို့ကြောင့် ယခုအခါ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောသူတို့သည် အပြစ်စီရင်ခြင်း မခံရ။
သို့သော် ဖန်ဆင်းခံလောကသည် သေခြင်းနှင့် ပုပ်သိုးဆွေးမြည့်ခြင်း၏အနှောင်အဖွဲ့မှ ကင်းလွတ်၍ ဘုရားသခင်၏ သားသမီးများနှင့်အတူ ဘုန်းအသရေနှင့် ပြည့်သော လွတ်လပ်ခွင့် ခံစားရမည့်နေ့ရက်ကို မျှော်လင့်လျက် နေ၏။
ဘုရားသခင်ကို ချစ်၍ အကြံအစည်တော်နှင့်အညီ ရွေးကောက်ခြင်းခံရသောသူတို့ တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ ကောင်းကျိုးထွက်ပေါ်စေရန် ဘုရားသခင်သည် သူတို့နှင့်အတူ လုပ်ဆောင်တော်မူကြောင်း ကျွန်ုပ်တို့သိကြ၏။
ယုံကြည်သူများဖြစ်စေရန် ရွေးချယ်တော်မူခြင်းခံရသည့် ကောရိန္သု အသင်းတော်ဖြစ်သော သင်တို့ထံသို့ ပို့လိုက်သောစာဖြစ်၏။ ဘုရားသခင်သည် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို ကိုးကွယ်ကြသည့် နေရာအနှံ့၌ရှိသောသူအပေါင်းတို့ကို ယေရှုခရစ်တော်အားဖြင့် သန့်ရှင်းစေတော်မူသကဲ့သို့ သင်တို့ကိုလည်း သန့်ရှင်းစေတော်မူ၏။ ထိုယေရှုခရစ်တော်သည် ကျွန်ုပ်တို့နှင့် နေရာအနှံ့၌ ရှိသော ထိုသူအပေါင်းတို့၏ သခင်ဖြစ်တော်မူ၏။
သင်တို့အား မိမိ၏သားတော်၊ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်နှင့် မိတ်သဟာယဖွဲ့ပေါင်းဖော်စေရန် ရွေးကောက်တော်မူသော ဘုရားသခင်သည် သစ္စာရှိတော်မူ၏။
ကျွန်ုပ်တို့ပြောဆိုသောပညာစကားမှာ ဝှက်ထားတော်မူသည့် လျှို့ဝှက်နက်နဲသောဘုရားသခင်၏ ပညာစကားဖြစ်၏။ ဘုရားသခင်သည် ကမ္ဘာမတည်မီကပင် ထိုပညာကို ကျွန်ုပ်တို့၏ ဘုန်းအသရေအတွက် ကြိုတင်သတ်မှတ်ထားတော်မူ၏။
သင်တို့ထဲမှ တချို့သည် ယခင်က ထိုကဲ့သို့သောသူများ ဖြစ်ခဲ့ကြ၏။ သို့သော်လည်း ယခုတွင် သခင်ယေရှုခရစ်တော်နှင့် ကျွန်ုပ်တို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် စင်ကြယ်ကြပြီ။ သန့်ရှင်းကြပြီ။ ဖြောင့်မတ်သောသူအဖြစ် သတ်မှတ်ခံရကြပြီ။
ကျွန်ုပ်တို့ ခဏတာခံရသည့် ပေါ့ပါးသောဆင်းရဲဒုက္ခသည် ကျွန်ုပ်တို့အတွက် အလွန်ထူးမြတ်သော ထာဝရဘုန်းအသရေကို ဖြစ်ပွားစေ၏။
သို့သော် မိခင်ဗိုက်ထဲ၌ ရှိစဉ်ကပင် ဘုရားသခင်သည် ကျွန်ုပ်ကို ကျေးဇူးတော်အားဖြင့် ရွေးချယ်တော်မူ၍ အစေခံရန် ခေါ်တော်မူ၏။
ခရစ်တော်၏ ကျေးဇူးတော်ကို ခံစားစေရန် သင်တို့ကို ခေါ်တော်မူသော ဘုရားသခင်အား သင်တို့သည် လျင်မြန်စွာ စွန့်ပယ်၍ အခြားသတင်းကောင်းကို လက်ခံကြသောကြောင့် ကျွန်ုပ်အံ့ဩရ၏။
အရာအားလုံးကို မိမိအလိုတော်နှင့်ညီသော အကြံအစည်တော်အတိုင်း လုပ်ဆောင်တော်မူသည့်ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်စေခြင်းအားဖြင့် ရှေးယခင်ကပင် ကြိုတင်သတ်မှတ်တော်မူသည့်အတိုင်း မိမိ၏အမွေခံများအဖြစ် ရွေးချယ်တော်မူ၏။
ယေရှုခရစ်တော်အားဖြင့် မိမိ၏သားသမီးအဖြစ် ကြိုတင်သတ်မှတ်တော်မူ၏။ ဤအရာသည် ဘုရားသခင် နှစ်သက်တော်မူသောအရာနှင့် အလိုရှိတော်မူသောအရာပင် ဖြစ်၏။
ဘုရားသခင်သည် ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သော ကျွန်ုပ်တို့ကို ကိုယ်တော်နှင့်အတူ ထမြောက်စေတော်မူပြီးလျှင် ကောင်းကင်အရပ်တွင် ကိုယ်တော်နှင့်အတူ ထိုင်စေတော်မူ၏။
ဘုရားသခင်သည် မိမိ၏ ထာဝရအကြံအစည်တော်အတိုင်း ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ပြုသောအမှုကြောင့် ဤသို့ ပြီးမြောက်စေတော်မူ၏။
သင်တို့ကို ဘုရားသခင် ရွေးချယ်တော်မူသောအခါ တစ်ပါးတည်းသော မျှော်လင့်ချက်အတွက် ရွေးချယ်တော်မူသကဲ့သို့ ကိုယ်ခန္ဓာတစ်ပါးတည်း၊ ဝိညာဉ်တော်တစ်ပါးတည်း ရှိ၏။
သင်တို့၏ အသက်ဖြစ်သော ခရစ်တော် ပြန်ကြွလာ၍ ထင်ရှားသောအခါ သင်တို့သည်လည်း ကိုယ်တော်နှင့်အတူ ဘုန်းကြီး၍ ထင်ရှားကြလိမ့်မည်။
မိမိနိုင်ငံတော်နှင့် ဘုန်းတော်အတွက် သင်တို့ကို ခေါ်တော်မူသော ဘုရားသခင်၏လူဖြစ်သည့်အလျောက် ဘုရားသခင်၏လူပီသစွာ ပြုမူနေထိုင်ရန် အားပေးနှစ်သိမ့်၍ တိုက်တွန်းနှိုးဆော်ကြ၏။
အောက်ပါစကားသည် ယုံကြည်စိတ်ချရသည့်စကားဖြစ်၏။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ သေလျှင် ကိုယ်တော်နှင့်အတူ အသက်ရှင်လိမ့်မည်။
ဤသို့ဖြင့် ရွေးချယ်ခြင်းခံရသူများသည် ဘုရားသခင် ကတိပြုတော်မူသော ထာဝရအမွေကို ရရှိနိုင်ရန် ခရစ်တော်သည် ပဋိညာဉ်သစ်၏ ကြားဝင်စေ့စပ်သူဖြစ်တော်မူ၏။ အကြောင်းမှာ ခရစ်တော်သည် ထိုပထမပဋိညာဉ်အောက်တွင် လူတို့ကျူးလွန်ခဲ့သော အပြစ်များကို လွတ်မြောက်စေရန် အသေခံတော်မူခဲ့သောကြောင့်ဖြစ်၏။
သို့သော် သင်တို့မှာမူ ရွေးကောက်ခံရသောအမျိုး၊ တော်ဝင်ယဇ်ပုရောဟိတ်အမျိုး၊ သန့်ရှင်းသောလူမျိုး၊ ဘုရားသခင်ပိုင်ဆိုင်သောလူမျိုးဖြစ်ကြ၏။ ဤသည်မှာ သင်တို့ကို အမှောင်ထဲမှ အံ့ဖွယ်အလင်းထဲသို့ ခေါ်တော်မူသောဘုရားသခင်ပြုသည့် အံ့ဩဖွယ်အမှုများကို ကြွေးကြော်ရန်ဖြစ်၏။
အဆိုးကို အဆိုးဖြင့်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကို ကဲ့ရဲ့ခြင်းဖြင့်လည်းကောင်း မတုံ့ပြန်ကြနှင့်။ ကောင်းချီးကိုသာ ပေးကြလော့။ သင်တို့သည် ဤသို့ပြုရန် ရွေးကောက်တော်မူခြင်းခံရ၏။ သို့ပြုလျှင် သင်တို့သည် ကောင်းချီးမင်္ဂလာကို ခံစားရလိမ့်မည်။
သို့သော် ဘုရားသခင်သည် သင်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် မိမိ၏ထာဝရတည်သောဘုန်းအသရေတော်ကို မျှဝေခံစားစေရန် ရွေးကောက်တော်မူ၏။ ထိုကျေးဇူးတော်အပေါင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင်သည် ခဏတာ ဆင်းရဲဒုက္ခခံပြီးသော သင်တို့အား ပြီးပြည့်စုံစေ၍ ကြံ့ကြံ့ခိုင် ရပ်တည်မြဲမြံစေတော်မူလိမ့်မည်။
ထို့ကြောင့် ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုရားသခင် ရွေးချယ်ခေါ်ယူတော်မူသည့်သူများဖြစ်ကြောင်း သက်သေပြနိုင်ရန် ပို၍ ကြိုးစားအားထုတ်ကြလော့။ ဤသို့ ပြုလျှင် သင်တို့သည် ယုံကြည်ခြင်းကို မည်သည့်အခါမျှ စွန့်လွှတ်မည်မဟုတ်။
သူတို့သည် သိုးသငယ်တော်ကို တိုက်ကြလိမ့်မည်။ သို့ရာတွင် သိုးသငယ်တော်သည် ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်ဖြစ်တော်မူသောကြောင့် သူတို့ကို အောင်နိုင်လိမ့်မည်။ သိုးသငယ်တော်နှင့်အတူ ရှိသောသူတို့သည် ခေါ်ဖိတ်ခံရသူများ၊ ရွေးကောက်ခံရသူများ၊ သစ္စာရှိသူများဖြစ်ကြ၏” ဟု ကျွန်ုပ်အား ပြော၏။
ထိုအခါ ကောင်းကင်တမန်က “ဤစာကို ရေးထားလော့။ သိုးသငယ်၏မင်္ဂလာပွဲသို့ ဖိတ်ကြားခံရသောသူတို့သည် မင်္ဂလာရှိကြ၏” ဟု ကျွန်ုပ်အား ပြော၏။ ထို့နောက် “ဤအရာများသည် ဘုရားသခင်၏ မှန်ကန်သော နှုတ်တော်ထွက်စကားများဖြစ်၏” ဟု ထပ်မံပြောဆို၏။