လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
ရောမ 5:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် အာဒံ၏အပြစ်နှင့် ဘုရားသခင်၏ ဆုကျေးဇူးသည် အလွန်ကွာခြား၏။ ဤလူတစ်ဦးဖြစ်သော အာဒံ၏ အပြစ်ကြောင့် လူများစွာသည် သေကြရ၏။ သို့သော် အခြားသူတစ်ဦးဖြစ်သော ယေရှုခရစ်တော်အားဖြင့် လူများစွာက ရရှိသောဘုရားသခင်၏ကျေးဇူးတော်နှင့် ခွင့်လွှတ်ခြင်းဟူသည့်လက်ဆောင်သည် ပို၍ ကြီးမား၏။ Common Language Bible သို့ရာတွင်သူတို့နှစ်ဦးကွာခြား၏။ ဘုရားသခင် ၏အခမဲ့ဆုကျေးဇူးတော်နှင့်အာဒံ၏အပြစ် ကူးလွန်ပုံမတူသဖြင့် သူတို့နှစ်ဦးကွာခြား၏။ တစ်ဦးကူးလွန်သည့်အပြစ်ကြောင့်လူများစွာ သေသည်မှန်ပါက ဘုရားသခင်၏ကျေးဇူး တော်သည်လည်းကောင်း၊ အခြားတစ်ဦးဖြစ်သူ ယေရှုခရစ်၏ကျေးဇူးတော်အားဖြင့်လူ မြောက်မြားစွာရရှိကြသည့်ဆုကျေးဇူး သည်လည်းကောင်းပို၍ကြွယ်ဝပေသည်။- Garrad Bible လွန် ကျူး မှု အ လိုက် နှင့် ဆု ကျေး ဇူး တော် တူ သည် မ ဟုတ်။ တစ် ဦး၏ လွန် ကျူး မှု အား ဖြင့် အ များ သေ သည် မှန် က ဘု ရား သ ခင်၏ ကျေး ဇူး တော် နှင့် ယေ ရှု ခ ရစ် တည်း ဟူ သော တစ် ပါး သူ၏ ကျေး ဇူး အား ဖြင့် သက် ရောက် သော ဆု တော် သည် အ များ တို့ အ ဖို့ သာ ၍ ကြွယ် ဝ ၏။ Judson Bible သို့သော်လည်း၊ ပြစ်မှားခြင်းသဘောနှင့် ကျေးဇူးတော်သဘော မတူ။ အကြောင်းမူကား၊ လူတစ်ယောက်သည် ပြစ်မှားသောအားဖြင့်၊ လူများတို့သည် သေခြင်းသို့ ရောက်ကြ၏။ တစ်ယောက်သောသူတည်းဟူသော ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကျေးဇူးတော်၏အကျိုးသည် လူများတို့၌သာ၍ ကြွယ်ဝပြည့်စုံ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ဆုကျေးဇူးသည် ကျူးလွန်သောအပြစ်ကဲ့သို့မဟုတ်ပေ။ အကြောင်းမူကား တစ်ယောက်သောသူကျူးလွန်သည့်အပြစ်ကြောင့် များစွာသောသူတို့သည် သေခဲ့လျှင် ဘုရားသခင်၏ကျေးဇူးတော်နှင့် ယေရှုခရစ်တော်တည်းဟူသော တစ်ယောက်သောသူ၏ကျေးဇူးတော်အားဖြင့် သက်ရောက်သောကောင်းချီးလက်ဆောင်သည် များစွာသောလူတို့၌ ပို၍ပင် ကြွယ်ဝပြည့်စုံမည်ဖြစ်၏။ |
လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
ဤစပျစ်ရည်သည် လူများစွာတို့၏ အပြစ်များကို ဖြေလွှတ်ရန်အတွက် သွန်းလောင်းသော ငါ၏သွေးကို ပုံဆောင်၏။ ငါ၏သွေးသည် ဘုရားသခင်နှင့် လူများအကြားဖွဲ့သော ပဋိညာဉ်သစ်ကို သက်သေပြု၏။
ဘုရားသခင်သည် လောကီသားတို့ကို အလွန်ချစ်သောကြောင့် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူ၏။ ထိုသို့စွန့်တော်မူခြင်းမှာ သားတော်ကို ယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကို ရရှိစေရန်ဖြစ်၏။
ယေရှုက “သင့်အတွက် ဘုရားသခင်ပေးတော်မူမည့် လက်ဆောင်ကိုလည်းကောင်း၊ သင့်ထံမှ သောက်ရေကို တောင်းသောသူသည် မည်သူဖြစ်ကြောင်းကိုလည်းကောင်း သင်သိပါက သင်သည် ငါ့ထံမှ ရေကို တောင်းလိမ့်မည်။ ငါသည်လည်း အသက်ရေကို သင့်အား ပေးလိမ့်မည်” ဟု ဖြေတော်မူ၏။
ကျွန်ုပ်တို့သည် ထိုသူတို့နည်းတူ သခင်ယေရှု၏ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းခံရသည်ဟု ယုံကြည်ကြ၏” ဟူ၍ ပြောဆိုလေ၏။
အပြစ်သည် လူတစ်ဦးကြောင့် ကမ္ဘာလောကသို့ ဝင်လာခဲ့၏။ အပြစ်ကြောင့် သေခြင်းတရားပေါ်ပေါက်လာသည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ကျူးလွန်သောကြောင့် သေခြင်းတရားနှင့် ရင်ဆိုင်ကြရ၏။
အပြစ်၏အဖိုးအခသည် သေခြင်းဖြစ်၏။ ဘုရားသခင် အခမဲ့ပေးတော်မူသောဆုကျေးဇူးမှာ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ရရှိသောထာဝရအသက်ဖြစ်၏။
ခရစ်တော်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့ကို လွှမ်းမိုးလျက်ရှိ၏။ တစ်ယောက်သောသူသည် လူအပေါင်းတို့အတွက် အသေခံလျှင် လူအပေါင်းတို့သည် ထိုသူနှင့်အတူ အသေခံကြောင်းကို ကျွန်ုပ်တို့သိကြပြီ။
သင်တို့သည် ယုံကြည်ခြင်းဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းခံရ၏။ သင်တို့ကိုယ်တိုင် ပြုသော ကုသိုလ်ကြောင့် မဟုတ်။ ဘုရားသခင် ပေးတော်မူသော လက်ဆောင်ဖြစ်၏။
သို့သော် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ယေရှုခရစ်တော်သည် လောကီသားများအတွက် အသက်စွန့်နိုင်ရန် ကောင်းကင်တမန်များထက် ယာယီနိမ့်ကျစေခြင်းကို ခံ၍ အသေခံရသောကြောင့် ဘုန်းအသရေနှင့် ဂုဏ်အသရေတို့ဖြင့် ချီးမြှောက်ခံရကြောင်း ကျွန်ုပ်တို့မြင်ကြရ၏။
ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြစ်များအတွက်သာမက လောကီသားအပေါင်းတို့၏အပြစ်များအတွက်လည်း အပြစ်ဖြေရာယဇ်ဖြစ်တော်မူ၏။
ထိုသက်သေခံချက်မှာ “ဘုရားသခင်သည် ကျွန်ုပ်တို့အား ထာဝရအသက်ကို ပေးတော်မူပြီး ထိုအသက်သည် သားတော်၌ ရှိသည်” ဟူ၍ ဖြစ်၏။