ညနေငါးနာရီခန့်တွင် အလုပ်ဝင်သည့်သူများ ရောက်လာသော် စီမံခန့်ခွဲရေးမှူးသည် ထိုသူတို့အား ငွေဒင်္ဂါးတစ်ပြားစီ ပေးလေ၏။
ရောမ 4:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျမ်းစာ၌ “အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို ထောက်၍ ဘုရားသခင်သည် အာဗြဟံအား ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူ၏” ဟု ဖော်ပြထား၏။ Common Language Bible ကျမ်းစာတော်က``အာဗြဟံသည်ဘုရား သခင်ကိုယုံကြည်သဖြင့် ဘုရားသခင် သည်သူ့အားဖြောင့်မတ်သူအဖြစ်လက်ခံ တော်မူ၏'' ဟုဆိုသည်။- Garrad Bible ကျမ်း ချက် အ ဆို မှာ အာ ဗြ ဟံ သည် ဘု ရား သ ခင် ကို ယုံ ကြည် သ ဖြင့် သူ၏ ယုံ ကြည် ခြင်း ကို ဖြောင့် မတ် ခြင်း ဟု မှတ် တော် မူ သည် ဟူ ၍ တည်း။ Judson Bible ကျမ်းစာ၌ အဘယ်သို့လာသနည်း။ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ကျမ်းစာက မည်သို့ဆိုထားသနည်း။ “အာဗြဟံသည် ဘုရားသခင်ကိုယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏”ဟု ဆိုထား၏။ |
ညနေငါးနာရီခန့်တွင် အလုပ်ဝင်သည့်သူများ ရောက်လာသော် စီမံခန့်ခွဲရေးမှူးသည် ထိုသူတို့အား ငွေဒင်္ဂါးတစ်ပြားစီ ပေးလေ၏။
ကျမ်းစာ၌ ‘တိုက်ဆောက်သောသူတို့ ပယ်ထားသည့်ကျောက်သည် အရေးပါသောထောင့်ချုပ်ကျောက် ဖြစ်လာရ၏။
ဘုရားသခင်သည် ကနဦးကတည်းကပင် ရွေးကောက်ထားတော်မူသော မိမိလူမျိုးတော်ကို စွန့်ပယ်တော်မမူခဲ့ပေ။ ပရောဖက်ဧလိယသည် အစ္စရေးလူမျိုးတို့ကို ဘုရားသခင်ထံ တိုင်တန်းခဲ့၏။ ထိုအကြောင်းနှင့်ပတ်သက်၍ ကျမ်းစာ၌ မည်သို့ဖော်ပြထားသည်ကို သင်တို့မသိကြသလော။
အာဗြဟံသည် အရေပြားလှီးခြင်းမင်္ဂလာကို မခံယူမီကပင် ယုံကြည်နှင့်ပြီးဖြစ်သဖြင့် ဘုရားသခင်သည် သူ့ကို လက်ခံ၍ ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူ၏။ ထိုသို့သတ်မှတ်ကြောင်းကိုပြသော အမှတ်လက္ခဏာအနေဖြင့် အရေပြားလှီးခြင်းမင်္ဂလာကို ပေးခဲ့၏။ သို့ဖြစ်၍ အရေပြားလှီးခြင်းမင်္ဂလာကို မခံယူသော်လည်း သူတို့၏ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောသူမှန်သမျှအတွက် အာဗြဟံသည် ဖခင်ကြီးဖြစ်လာ၏။
သို့သော် လူတို့အနေဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းမှာ မိမိတို့၏ အကျင့်သီလကြောင့် မဟုတ်ဘဲ ဘုရားတရားမဲ့သူများကို ခွင့်လွှတ်တော်မူသည့် ဘုရားသခင်ကို ယုံကြည်သောကြောင့်ဖြစ်၏။
ဤကောင်းချီးမင်္ဂလာသည် အရေပြားလှီးခြင်းမင်္ဂလာကိုခံယူသောသူတို့အတွက်သာ ဖြစ်သလော။ သို့မဟုတ် အရေပြားလှီးခြင်းမင်္ဂလာကို မခံယူသောသူတို့အတွက်လည်း ဖြစ်သလော။ ကျွန်ုပ်တို့ဆိုခဲ့သည့်အတိုင်း အာဗြဟံသည် သူ၏ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခြင်းခံရ၏။
ကျမ်းစာ၌ ဘုရားသခင်က ဖာရောဘုရင်အား “သင့်ကို ဘုရင်အဖြစ် ခန့်အပ်သော ရည်ရွယ်ချက်မှာ ငါ့တန်ခိုးကို ပြရန်အတွက်နှင့် ကမ္ဘာတစ်ဝန်းလုံးတွင် ငါ့အမည်နာမ ကျော်စောရန်အတွက် ဖြစ်၏” ဟု မိန့်တော်၏။
“အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို ထောက်၍ ဘုရားသခင်သည် အာဗြဟံအား ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူ၏” ဟူသော ကျမ်းစကားသည် လက်တွေ့ဖြစ်လာ၏။ ဘုရားသခင်သည် အာဗြဟံအား “ငါ့မိတ်ဆွေ” ဟု ခေါ်တော်မူ၏။
“ဘုရားသခင်သည် ကျွန်ုပ်တို့အထဲ၌ ရှင်သန်စေတော်မူသည့် လူ့စိတ်ဝိညာဉ်အား မိမိကိုသာ ကိုးကွယ်စေလိုသောသဝန်တိုစိတ်ဖြင့် တောင့်တတော်မူ၏” ဟူ၍ ကျမ်းစာ၌ အကြောင်းမဲ့ ဖော်ပြသည်ဟု သင်တို့ထင်သလော။