Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 4:9 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 ဤ​ကောင်းချီးမင်္ဂလာ​သည် အရေပြားလှီးခြင်း​မင်္ဂလာ​ကို​ခံယူသောသူတို့​အတွက်​သာ ဖြစ်သလော။ သို့မဟုတ် အရေပြားလှီးခြင်း​မင်္ဂလာ​ကို မခံယူသော​သူတို့​အတွက်​လည်း ဖြစ်သလော။ ကျွန်ုပ်တို့​ဆိုခဲ့သည့်​အတိုင်း အာဗြဟံ​သည် သူ​၏​ယုံကြည်ခြင်း​ကြောင့် ဖြောင့်မတ်သူ​အဖြစ် သတ်မှတ်ခြင်း​ခံရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ဒါ​ဝိဒ်​မင်း​ဖော်​ပြ​သော​မင်္ဂလာ​ကို​အ​ရေ​ဖျား လှီး​ခြင်း​ခံ​သူ​တို့​သာ​လျှင်​ရ​ရှိ​ကြ​သ​လော။ အ​ရေ​ဖျား​လှီး​ခြင်း​မ​ခံ​သူ​တို့​လည်း​ရ​ရှိ ကြ​ပေ​သည်။ ငါ​တို့​ဖော်​ပြ​ခဲ့​သော​ကျမ်း​စာ အ​ရ``အာ​ဗြ​ဟံ​သည်​ဘုရား​သခင်​ကို​ယုံ​ကြည် သ​ဖြင့်​ဘု​ရား​သ​ခင်​သည်​သူ့​အား​ဖြောင့်​မတ် သော​သူ​အ​ဖြစ်​လက်​ခံ​တော်​မူ​၏။-''

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ထို မင်္ဂ လာ စ ကား ကို လှီး ဖြတ် ခြင်း ခံ သူ တို့ အ ပေါ် တွင် သာ မြွက် ဆို သ လော။ မ ခံ သူ တို့ အ ပေါ် တွင် လည်း မြွက် ဆို သည် မ ဟုတ် လော။ အာ ဗြ ဟံ၏ ယုံ ကြည် ခြင်း ကို ဖြောင့် မတ် ခြင်း ဟု မှတ် တော် မူ ကြောင်း ငါ တို့ ဆို ကြ သည် မှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော သူ​တို့​သာ​လျှင် ထို​မင်္ဂ​လာ​ကို ရ​ကြ​သ​လော။ သို့​မ​ဟုတ် အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော လူ​တို့​သည်​လည်း ရ​ကြ​သ​လော။ အ​ဘယ်​ကြောင့် မေး​သ​နည်း​ဟူ​မူ​ကား၊ ယုံ​ကြည်​ခြင်း​ကို အာ​ဗြ​ဟံ၌ ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​သည်​ဟု ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 သို့ဖြစ်လျှင် ဤ​မင်္ဂလာ​သည် အရေဖျား​လှီး​ထား​သော​သူ​အတွက်​သာ ဖြစ်​သလော၊ သို့မဟုတ် အရေဖျား​မ​လှီး​သော​သူ​အတွက်​လည်း ဖြစ်​သလော။ “အာဗြဟံ​အတွက် သူ​၏​ယုံကြည်​ခြင်း​ကို ဖြောင့်မတ်​ခြင်း​အဖြစ် သတ်မှတ်​တော်မူ​၏”​ဟု ငါ​တို့​ဆို​ကြ​သောအခါ

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 4:9
14 ပူးပေါင်းရင်းမြစ်များ  

ထို​ကယ်တင်ရှင်​သည် လူမျိုးခြားတို့​အား ကိုယ်တော့်​အကြောင်း​ကို ဖော်ပြပေးမည့်​အလင်း​နှင့် ကိုယ်တော်​၏​လူမျိုးတော်​ဖြစ်သော အစ္စရေးလူမျိုးတို့​၏ ဘုန်းအသရေ​အတွက် အလင်း​ဖြစ်တော်မူ၏” ဟု ဆိုလေ၏။


ဤသို့​ဆိုသော် မည်သို့သော​အခြေအနေ​တွင် သတ်မှတ်သနည်း။ အရေပြားလှီးခြင်း​မင်္ဂလာ​ကို သူ​ခံယူ​ပြီးမှလော။ မခံယူ​မီ​က​လော။ ခံယူ​ပြီးမှ မဟုတ်။ မခံယူမီ​ကပင် သတ်မှတ်ခြင်း​ခံရ၏။


ကျမ်းစာ​၌ “အာဗြဟံ​သည် ဘုရားသခင်​ကို ယုံကြည်​သဖြင့် ထို​ယုံကြည်ခြင်း​ကို ထောက်​၍ ဘုရားသခင်​သည် အာဗြဟံ​အား ဖြောင့်မတ်သူ​အဖြစ် သတ်မှတ်တော်မူ၏” ဟု ဖော်ပြထား၏။


ဤသို့ ရွေးနုတ်တော်မူခြင်း​မှာ လူမျိုးခြားတို့​သည် ယေရှု​ခရစ်တော်​အားဖြင့် အာဗြဟံ​ခံစားရသော ကောင်းချီး​မင်္ဂလာ​ကို ခံစား​နိုင်ရန်​လည်းကောင်း၊ ကျွန်ုပ်တို့​အားလုံး​သည် ဘုရားသခင်​ကတိထားတော်မူသော ဝိညာဉ်တော်​ကို ယုံကြည်ခြင်း​အားဖြင့် ခံယူရရှိ​နိုင်ရန်​လည်းကောင်း​ဖြစ်၏။


ကျွန်ုပ်​သည် ယုံကြည်သူများ​ထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်​သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်​ကို ခံစားရ၏။ ဤသို့ ခံစားရခြင်း​သည် လူမျိုးခြားတို့​ကို ခရစ်တော်​၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်း​အကြောင်း ဟောပြော​ရန်​နှင့်


သို့ဖြစ်၍ ဂျူးလူမျိုး​နှင့် ဂရိလူမျိုး၊ အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူသူ​နှင့် မခံယူသူ၊ လူမျိုးကွဲ၊ လူရိုင်း၊ ကျွန်​နှင့် လွတ်လပ်သူ​ဟူ၍ ခြားနားမှု​မရှိပေ။ ခရစ်တော်​သည်သာ အရေးပါ​၍ ကျွန်ုပ်တို့​အားလုံး​အထဲတွင် ကိန်းအောင်းတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ