ဤနည်းဖြင့် သင်တို့သည် မိဘကို ရိုသေရန် မလိုအပ်ကြောင်း လူတို့အား သွန်သင်ကြ၏။ သင်တို့သည် သင်တို့၏ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်ကြ၏။
ရောမ 3:31 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ယုံကြည်ခြင်းကို အလေးပေးလျှင် ပညတ်တရားကို ပယ်ဖျက်နိုင်သည်ဟု ဆိုလိုသလော။ မဆိုလိုပါ။ အမှန်တွင်မူ ကျွန်ုပ်တို့၌ ယုံကြည်ခြင်းရှိမှသာလျှင် ပညတ်တရားကို ပြည့်စုံစေနိုင်မည်ဖြစ်၏။ Common Language Bible သို့ဖြစ်လျှင်ငါတို့သည်ယုံကြည်ခြင်းဖြင့် ပညတ်တရားကိုပယ်ရာရောက်သလော။ အလျှင်းမပယ်။ ပညတ်တရားကိုထောက်ခံ အတည်ပြုခြင်းသာဖြစ်၏။ Garrad Bible သို့ ဖြစ် လျှင် ငါ တို့ သည် ယုံ ကြည် ခြင်း ကြောင့် ပ ညတ် တ ရား ကို အ ကျိုး မဲ့ ဖြစ် စေ သ လော။ ထို သို့ မ ဖြစ် စေ ရာ။ သာ၍ တည် စေ ကြ ၏။ Judson Bible သို့ဖြစ်လျှင်၊ ယုံကြည်ခြင်းအားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၊ သာ၍ တည်စေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်လျှင် ငါတို့သည် ယုံကြည်ခြင်းကြောင့် ပညတ်တရားကို ပယ်ဖျက်ကြသလော။ လုံးဝမပယ်ဖျက်ကြ။ ပညတ်တရားကို တည်မြဲတည်စေကြ၏။ |
ဤနည်းဖြင့် သင်တို့သည် မိဘကို ရိုသေရန် မလိုအပ်ကြောင်း လူတို့အား သွန်သင်ကြ၏။ သင်တို့သည် သင်တို့၏ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်ကြ၏။
ယေရှုက “ဘုရားသခင်အလိုတော်ရှိသော အရာအားလုံးကို လုပ်ဆောင်ကြရမည်ဖြစ်သောကြောင့် ယခု ငါ့ကို နှစ်ခြင်းမင်္ဂလာ ပေးလော့” ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ယေရှုအား နှစ်ခြင်းမင်္ဂလာပေးရန် သဘောတူလေ၏။
ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများကို ပယ်ဖျက်ရန် ငါလာသည်ဟု မထင်ကြနှင့်။ ပယ်ဖျက်ရန် လာသည်မဟုတ်။ ထိုကျမ်းများတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်လာစေရန် ငါလာ၏။
သင်တို့၏ ဖြောင့်မတ်ခြင်းသည် ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့၏ ဖြောင့်မတ်ခြင်းထက် မသာလျှင် သင်တို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်လိမ့်မည်မဟုတ်ဟု ငါသတိပေး၏။
သူသည်လာ၍ ထိုစပျစ်ခြံလုပ်သားတို့အား သုတ်သင်ဖယ်ရှားပြီးမှ ထိုစပျစ်ခြံကို အခြားသူတို့အား ပေးလိမ့်မည်” ဟူ၍ ဖြစ်၏။ ထိုအရာကို ပရိသတ်တို့သည် ကြားသောအခါ “ထိုကဲ့သို့ မဖြစ်ပါစေနှင့်” ဟု ပြောဆိုကြ၏။
ခရစ်တော်သည် ပညတ်တရားကို အဆုံးသတ်စေတော်မူပြီဖြစ်သောကြောင့် ယုံကြည်သောသူတို့သည် ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရကြ၏။
ပညာမဲ့သူတို့ကို ပဲ့ပြင်၍ ကလေးငယ်တို့ကို သွန်သင်နိုင်သည်ဟု သင်ထင်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ပညတ်တရားက သင့်အား စုံလင်သော အသိပညာနှင့် သမ္မာတရားကို ရရှိစေသည်ဟု သင်ထင်မှတ်သောကြောင့်ဖြစ်၏။
လုံးဝ မပျက်ပြယ်စေနိုင်ပါ။ “ကိုယ်တော်မိန့်တော်မူသော စကားတော်အားဖြင့် ကိုယ်တော်သည် မှန်ကန်ကြောင်း သက်သေခိုင်လုံလိမ့်မည်။ တရားရင်ဆိုင်ရလျှင်လည်း အနိုင်ရတော်မူလိမ့်မည်” ဟု ကျမ်းစာ၌ ရေးသားထားသည်နှင့်အညီ လူအပေါင်းတို့သည် လိမ်လည်သောသူများဖြစ်သော်လည်း ဘုရားသခင်သည် ဖြောင့်မှန်သောအရှင်ဖြစ်တော်မူပါစေသော။
ထိုသို့ မဟုတ်ပါ။ ဘုရားသခင်သည် မဖြောင့်မတ်လျှင် လောကီသားများကို မည်သို့ တရားစီရင်တော်မူမည်နည်း။
ဘုရားသခင်၏ ကတိတော်သည် ပညတ်တရားကို လိုက်နာကျင့်သုံးသောသူတို့အတွက်သာ ဖြစ်လျှင် ယုံကြည်ခြင်းကို မလိုအပ်ပေ။ ကတိတော်သည်လည်း အဓိပ္ပာယ်မဲ့နေပေမည်။
ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ကယ်တင်တော်မူသောဘုရားသခင်၏ ကျေးဇူးတော်ကြီးလှ၏။ ဤသို့ဖြင့် ကျွန်ုပ်၏စိတ်နှလုံးအတွင်း၌ ဘုရားသခင်၏ပညတ်တရားကို နာခံလိုသော်လည်း လူ့ဗီဇစိတ်အားဖြင့်မူ အပြစ်တရားကို နာခံလျက် နေရ၏။
ထိုသို့ပြုတော်မူခဲ့ခြင်းမှာ လူ့ဗီဇစိတ်အလိုအတိုင်း ပြုမူမနေထိုင်တော့ဘဲ ဝိညာဉ်တော်၏ အလိုအတိုင်း အသက်ရှင်သော ကျွန်ုပ်တို့သည် ပညတ်တရား၏ ပြဋ္ဌာန်းချက်တို့ကို အပြည့်အဝဖြည့်ဆည်းနိုင်ရန် ဖြစ်၏။
ဂျူးလူမျိုးတို့၏ပညတ်တရားကို မကျင့်သုံးသော လူမျိုးခြားတို့နှင့်အတူရှိစဉ်က ထိုသူတို့ကို ကယ်တင်နိုင်ရန် ပညတ်တရားကို မကျင့်သုံးသောသူကဲ့သို့ နေထိုင်၏။ သို့ရာတွင် ဘုရားသခင်၏ ပညတ်တရားကို လျစ်လျူမရှု၊ ခရစ်တော်၏ ပညတ်တရားကို နာခံကျင့်သုံး၏။
အဘယ်ကြောင့်ဆိုသော် ပညတ်တရားကို ကျွန်ုပ်လိုက်နာရန် ကြိုးပမ်းသောအခါ ထိုပညတ်တရားသည် ကျွန်ုပ်ကို သေစေခဲ့သောကြောင့် ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်သည် ပညတ်တရား၌ သေလူဖြစ်ပြီး ဘုရားသခင်အတွက် အသက်ရှင်နိုင်ရန် ပညတ်တရား၏ ပြဋ္ဌာန်းချက်များကို လိုက်နာရန် မကြိုးပမ်းတော့ပေ။
ကျွန်ုပ်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မပစ်ပယ်။ လူသည် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရလျှင် ခရစ်တော်၏ အသေခံတော်မူခြင်းသည် အချည်းနှီးဖြစ်၏။