Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 4:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 ဘုရားသခင်​၏ ကတိတော်​သည် ပညတ်တရား​ကို လိုက်နာ​ကျင့်သုံးသော​သူတို့​အတွက်​သာ ဖြစ်​လျှင် ယုံကြည်ခြင်း​ကို မလိုအပ်ပေ။ ကတိတော်​သည်လည်း အဓိပ္ပာယ်​မဲ့နေပေမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 အ​ကယ်​၍​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ကြ သူ​များ​သာ​လျှင် က​တိ​တော်​ကို​ခံ​စား​ရ​ကြ မည်​ဆို​လျှင်​ဘု​ရား​သ​ခင်​အား​ယုံ​ကြည်​မှု သည်​အ​ချည်း​နှီး​ဖြစ်​၍​က​တိ​တော်​သည် လည်း​အဋ္ဌိ​ပ္ပါယ်​မ​ရှိ​တော့​ပေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ပ ညတ် တ ရား အား ဖြင့် အ ပိုင် ရ သည် မှန် လျှင် ယုံ ကြည် ခြင်း သည် အ ချည်း နှီး၊ က တိ တော် လည်း အ ကျိုး မဲ့ ဖြစ် လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား​နှင့် ဆိုင်​သော​သူ​တို့​သည် အ​မွေ​ခံ​ဖြစ်​သည်​မှန်​လျှင်၊ ယုံ​ကြည်​ခြင်း​တ​ရား​ကို​ပယ်​ပြီ။ က​တိ​တော်​လည်း အ​ချည်း​နှီး​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 အကြောင်းမူကား ပညတ်​တရား​နှင့်ဆိုင်သော​သူ​တို့​သည် အမွေခံ​များ​ဖြစ်​ကြ​လျှင် ယုံကြည်​ခြင်း​သည် အချည်းနှီး​ဖြစ်​သွား​၍ ကတိ​တော်​သည်​လည်း ပျက်ပြယ်​သွား​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 4:14
14 ပူးပေါင်းရင်းမြစ်များ  

ထိုသို့ ယုံကြည်ခြင်း​ကို အလေးပေး​လျှင် ပညတ်တရား​ကို ပယ်ဖျက်​နိုင်သည်​ဟု ဆိုလိုသလော။ မဆိုလိုပါ။ အမှန်​တွင်မူ ကျွန်ုပ်တို့​၌ ယုံကြည်ခြင်း​ရှိ​မှသာလျှင် ပညတ်တရား​ကို ပြည့်စုံ​စေနိုင်မည်​ဖြစ်၏။


ထို့ကြောင့် ဘုရားသခင်​၏​ကတိတော်​ကို ယုံကြည်ခြင်း​အားဖြင့် လက်ခံရရှိ၏။ ထို​ကတိတော်​ကို ကျေးဇူးတော်​အားဖြင့် အာဗြဟံ​၏ မျိုးဆက်​အားလုံး လက်ခံရရှိမည်​မှာ အမှန်​ပင်​ဖြစ်၏။ ပညတ်တရား​ကို လိုက်နာကျင့်သုံးသော​သူတို့​ဖြစ်စေ၊ မကျင့်သုံးသော​သူတို့​ဖြစ်စေ အာဗြဟံ​၌​ရှိသည့် ယုံကြည်ခြင်း​မျိုး ရှိသောသူ​မှန်​လျှင် လက်ခံရရှိမည်​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာဗြဟံ​သည် ယုံကြည်သော​သူတို့​၏ ဖခင်ကြီး​ဖြစ်​သောကြောင့်​ပင်​ဖြစ်၏။


ခရစ်တော်​သည် အဖွဲ့​ကွဲသလော။ ကျွန်ုပ်​ပေါလု​သည် သင်တို့​အတွက် လက်ဝါးကပ်တိုင်​တွင် အသေခံခဲ့သလော။ သင်တို့​သည် ပေါလု​၏​အမည်​နာမ​ကို​အမှီပြု​၍ နှစ်ခြင်းမင်္ဂလာ​ကို ခံယူခဲ့သလော။


ကျွန်ုပ်​သည် ဘုရားသခင်​၏ ကျေးဇူးတော်​ကို မပစ်ပယ်။ လူ​သည် ပညတ်တရား​ကို လိုက်နာခြင်း​အားဖြင့် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်​ခံရ​လျှင် ခရစ်တော်​၏ အသေခံတော်မူခြင်း​သည် အချည်းနှီး​ဖြစ်၏။


ပညတ်တရား​ကို လိုက်နာကျင့်သုံးခြင်း​အားဖြင့် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်​ခံလိုသော သင်တို့​သည် ခရစ်တော်​နှင့် အဆက်ပြတ်​၍ ဘုရားသခင်​၏ ကျေးဇူးတော်​လက်အောက်​တွင် မရှိကြတော့ပေ။


ခရစ်တော်​နှင့် တပေါင်းတစည်းတည်း အသက်ရှင်​ရန် ဖြစ်၏။ ပညတ်တရား​ကို လိုက်နာခြင်း​အားဖြင့် ရရှိသော ကျွန်ုပ်​၏ ဖြောင့်မတ်ခြင်း​ကို အားမကိုးတော့ဘဲ ခရစ်တော်​ကို ယုံကြည်ခြင်း​အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း​ကိုသာ အားကိုး၏။ ထို​ဖြောင့်မတ်ခြင်း​သည် ဘုရားသခင်​သတ်မှတ်တော်မူသော​အရာ ဖြစ်ပြီး ယုံကြည်ခြင်း​ကို အခြေခံ​၍ ရရှိသော​ဖြောင့်မတ်ခြင်း ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ပညတ်တရား​သည် မည်သည့်​အရာ​ကို​မျှ ပြီးပြည့်စုံအောင်​မလုပ်ဆောင်နိုင်​သောကြောင့် ဖြစ်၏။ ယခု​တွင်မူ ပို၍​ကောင်းသော​မျှော်လင့်ချက် ရှိလာ​သဖြင့် ကျွန်ုပ်တို့​သည် ထို​မျှော်လင့်ချက်​ဖြင့် ဘုရားသခင်​ထံတော်​သို့ ချဉ်းကပ်ကြ၏။


ပညတ်တရား​အရ ခန့်အပ်ထားသော ယဇ်ပုရောဟိတ်မင်း​သည် လူသား​ဖြစ်၍​အားနည်းချက်​ရှိ၏။ သို့သော် ပညတ်တရား​နောက်​၌ လာသည့်​သစ္စာပြုခြင်း​အားဖြင့် ခန့်အပ်ထားသော သားတော်​မှာမူ ထာဝရ​ပြီးပြည့်စုံတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ