ဘုရားသခင်သည် သမ္မာတရားကို မတရားမှုဖြင့် ဖုံးကွယ်တားဆီးကြသော ဘုရားတရားမဲ့သူများနှင့် ဆိုးယုတ်သူများအား မိမိ၏ အမျက်တော်ကို ကောင်းကင်ဘုံမှ ဖော်ပြတော်မူ၏။
ရောမ 2:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ သင်သည် ခေါင်းမာ၍ နောင်တရသောစိတ်မရှိ။ ထို့ကြောင့် ဘုရားသခင်၏ ဖြောင့်မတ်သော တရားစီရင်ခြင်း ထင်ရှားလာမည့်အချိန်ဖြစ်သည့် အမျက်တော်နေ့တွင် ပို၍ကြီးလေးသောပြစ်ဒဏ်ကို သင်ခံရလိမ့်မည်။ Common Language Bible သို့သော်လည်းသင်သည်ခေါင်းမာလျက် နောင်တမရ။ ထို့ကြောင့်အမျက်တော်ပေါ် လွင်ထင်ရှားရာ၊ ဖြောင့်မှန်စွာတရားစီရင် ရာနေ့ရက်၌သင်သည်ပိုမိုကြီးလေးသော အပြစ်ဒဏ်ကိုခံရလိမ့်မည်။- Garrad Bible ထို သို့ ပြု လျှင် သင် သည် ဘု ရား သ ခင်၏ တ ရား သ ဖြင့် စီ ရင် တော် မူ ချက် ထင် ရှား ရာ၊ အ မျက် တော် သင့် ရာ နေ့ တော် တိုင် အောင် နောင် တ ရ ခြင်း ကင်း၍ ခဲ ယဉ်း သော စိတ် သ ဘော အ ရ အ မျက် တော် ဒဏ် ကို သို ထား ဆည်း ပူး လျက် နေ ရက် လေ စွ တ ကား။ Judson Bible ထိုသို့ပြုလျှင် စိတ်ခိုင်မာ၍ နောင်တမရသည်နှင့်အညီ ဒေါသနေ့တည်းဟူသော ဘုရားသခင်၏ တရားတော်ထင်ရှားသောနေ့၌ ကိုယ်ခံစရာဖို့ အမျက်ဒေါသကို ဆည်းပူးသလော။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် သင်၏မာကျောခက်ထန်မှုနှင့်နောင်တမရသောစိတ်နှလုံးတို့ကြောင့် သင်သည် အမျက်တော်နေ့တည်းဟူသော ဘုရားသခင်၏ဖြောင့်မတ်သည့် တရားစီရင်ခြင်းထင်ရှားရာနေ့အတွက် အမျက်တော်ကို မိမိအဖို့သိုမှီးလျက်ရှိ၏။ |
ဘုရားသခင်သည် သမ္မာတရားကို မတရားမှုဖြင့် ဖုံးကွယ်တားဆီးကြသော ဘုရားတရားမဲ့သူများနှင့် ဆိုးယုတ်သူများအား မိမိ၏ အမျက်တော်ကို ကောင်းကင်ဘုံမှ ဖော်ပြတော်မူ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် မိမိကိုယ်ကိုယ် ပညာရှိလှသည်ဟူ၍ မထင်မှတ်စေရန် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ကျွန်ုပ်နားလည်စေလို၏။ ထိုလျှို့ဝှက်နက်နဲသောအရာမှာ အစ္စရေးလူမျိုးတချို့၏ စိတ်နှလုံးသည် အစဉ်မာကျောနေမည်မဟုတ်ဘဲ ခရစ်တော်ထံ ရောက်လာမည့် လူမျိုးခြားအရေအတွက် ပြည့်စုံလာသည်အထိသာ ဖြစ်လိမ့်မည်။
ထိုနည်းတူ ဘုရားသခင်သည် မိမိ၏ အမျက်တော်နှင့် တန်ခိုးတော်တို့ကို ပြပိုင်ခွင့်ရှိ၏။ သို့သော်လည်း ဘုရားသခင်သည် မိမိ၏ အမျက်တော်သင့်၍ ဖျက်ဆီးခံရမည့်သူများအပေါ် အလွန်သည်းခံတော်မူ၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့အားလုံးသည် ကိုယ်ခန္ဓာ၌ ရှိစဉ် ပြုကျင့်ခဲ့သည့် ကောင်းသောအမှုအတွက်ဖြစ်စေ၊ မကောင်းသောအမှုအတွက်ဖြစ်စေ ထိုက်သင့်ရာအကျိုးအပြစ် အသီးသီးကို ခံစားရန် ခရစ်တော်၏ တရားပလ္လင်ရှေ့မှောက်သို့ ရောက်ရှိလာကြရမည်ဖြစ်သောကြောင့်ဖြစ်၏။
ဤအရာသည် ဘုရားသခင်၏ တရားစီရင်တော်မူခြင်းက တရားမျှတကြောင်း ပေါ်လွင်သည့် အထောက်အထားဖြစ်ပြီး ထိုသို့ ဘုရားသခင်၏ နိုင်ငံတော်အတွက် ဆင်းရဲဒုက္ခခံရသောကြောင့် ထိုနိုင်ငံတော်နှင့် ထိုက်တန်သည်ဟု သတ်မှတ်ခံရရန် ရည်ရွယ်၏။
သင်တို့သည် အပြစ်၏လှည့်စားမှုကြောင့် ခေါင်းမာသူများမဖြစ်ရန် “ယနေ့” ဟု ခေါ်သော နေ့စဉ်နေ့တိုင်း အချင်းချင်းအားပေးတိုက်တွန်းကြလော့။
ကျမ်းစာ၌ “ယနေ့ ကိုယ်တော်၏အသံကိုကြားလျှင် သင်တို့၏ ဘိုးဘေးများ ပုန်ကန်စဉ်က ခေါင်းမာသကဲ့သို့ သင်တို့သည် ခေါင်းမမာကြနှင့်” ဟု ဖော်ပြထား၏။
ထို့ကြောင့် ဘုရားသခင်သည် စံမြန်းနားခိုရာသို့ ဝင်ခွင့်ပေးရန်အတွက် နေ့တစ်နေ့အား “ယနေ့” ဟု ပြန်လည်သတ်မှတ်တော်မူခဲ့၏။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ကျမ်းစာ၌ ဖော်ပြခဲ့သည့် အတိုင်း ဘုရားသခင်သည် ဒါဝိဒ်မင်းမှတစ်ဆင့် မိန့်တော်မူသည်မှာ “ယနေ့ ကိုယ်တော်၏အသံကိုကြားလျှင် သင်တို့သည် ခေါင်းမမာကြနှင့်” ဟူ၍ဖြစ်၏။
သင်တို့၏ရွှေငွေများသည် အကြေးအညှိတက်၍ ပျက်စီးလေပြီ။ ထိုအကြေးအညှိသည် သင်တို့ကို တရားခွင်၌ စွပ်စွဲမည့် သက်သေဖြစ်ပြီး သင်တို့၏ကိုယ်ခန္ဓာကို မီးကဲ့သို့ လောင်ကျွမ်းပျက်စီးစေလိမ့်မည်။ သင်တို့သည် နောက်ဆုံးသောနေ့ရက်များ၌ စည်းစိမ်ဥစ္စာများကို သိုထားကြလေပြီ။
ထာဝရဘုရားသည် ယခင်က ထိုသို့ပြုတော်မူသောကြောင့် ဘုရားတရားကိုင်းရှိုင်းသူတို့ကို ဆင်းရဲဒုက္ခထဲမှ မည်သို့ကယ်တင်ရမည်ကိုလည်းကောင်း၊ မဖြောင့်မတ်သောသူတို့ကို တရားစီရင်ရာနေ့တိုင်အောင် မည်သို့အပြစ်ဒဏ်ပေး၍ ထိန်းသိမ်းထားရမည်ကိုလည်းကောင်း သိတော်မူ၏။
ဘုရားသခင်သည် ထိုနှုတ်ကပတ်တော်အားဖြင့် ယခုလက်ရှိ ကောင်းကင်နှင့် မြေကြီးကို မီးနှင့် တရားစီရင်မည့်နေ့တိုင်အောင် ဆက်လက်တည်ရှိစေတော်မူ၏။ ထိုနေ့၌ ကောင်းကင်နှင့် မြေကြီးသည် မီးနှင့် ဖျက်ဆီးခြင်းကို ခံရ၍ ဘုရားတရားမဲ့သောသူတို့သည်လည်း ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။
ထို့ပြင် မိမိတို့ရရှိထားသည့်အခွင့်အာဏာနှင့် မတင်းတိမ်ဘဲ နေရင်းအရပ်ကို စွန့်ခွာသွားကြသော ကောင်းကင်တမန်များအား ကိုယ်တော်သည် တရားစီရင်တော်မူမည့်နေ့ရက်ကြီးအတွက် ထာဝရအချုပ်အနှောင်ဖြင့် အမှောင်ထဲ၌ သံကြိုးနှင့် ချည်နှောင်ကာ ထိန်းသိမ်းထားတော်မူ၏။
ငါသည် သူ့အား နောင်တရရန် အခွင့်အရေးပေးခဲ့သော်လည်း သူသည် တရားနှင့်မညီသော မေထုန်ပြုခြင်းအတွက် နောင်တရရန် ငြင်းဆန်ခဲ့၏။
အဘယ်ကြောင့်ဆိုသော် ထိုအရှင်တို့၏ အမျက်တော်ထွက်သောနေ့ရက်ကြီး ရောက်လာသောကြောင့်ဖြစ်၏။ ထိုအမျက်တော်ကို မည်သူခံရပ်နိုင်မည်နည်း” ဟု ပြောဆိုကြ၏။