ထိုသူတို့သည် ယေရှု၏ စကားတော်ကို ကြားသောအခါ အသက်ကြီးသူများက အစပြု၍ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြ၏။ ထိုအခါ ယေရှုသာလျှင် ထိုနေရာ၌ရပ်နေသော ထိုအမျိုးသမီးနှင့် ကျန်ရစ်တော်မူ၏။
ရောမ 2:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ဖြင့် သူတို့သည် မိမိတို့၏ နှလုံးသား၌ ဘုရားသခင်၏ ပညတ်တရားကို ရေးမှတ်ထားကြောင်းဖော်ပြကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ကိုယ်ပိုင်အသိစိတ်နှင့် အတွေးများက သူတို့ကို ပြစ်တင်တစ်လှည့် ထောက်ခံတစ်လှည့် ပြုလျက်ရှိကြသောကြောင့်ဖြစ်၏။ Common Language Bible ပညတ်တရား၏ပြဋ္ဌာန်းချက်များသည်ထို သူတို့၏နှလုံးသားတွင်ရေးသားထားလျက် ရှိကြောင်း သူတို့၏အပြုအမူများကထောက် ခံ၏။ သူတို့၏သြတ္တပ္ပစိတ်ကလည်းထောက်ခံ၏။ အဘယ်ကြောင့်ဆိုသော်သူတို့၏စိတ်နှလုံး သည် တစ်ခါတစ်ရံသူတို့ကိုပြစ်တင်၍ တစ်ခါ တစ်ရံလည်းသူတို့ကိုထောက်ခံသောကြောင့် ဖြစ်၏။- Judson Bible ကိုယ်ကိုကိုယ်သိသောစိတ်နှလုံးသည် သက်သေခံသဖြင့်လည်းကောင်း၊ အချင်းချင်း ဆွေးနွေးဆင်ခြင်၍ အပြစ်တင်လျက်၊ လွှတ်လျက်နေသဖြင့်လည်းကောင်း၊ မိမိတို့စိတ်နှလုံးထဲ၌ မှတ်သားသော တရား၏အကျိုးကို ထင်ရှားစွာ ပြကြ၏။- မြန်မာ့စံမီသမ္မာကျမ်း မိမိတို့စိတ်နှလုံးထဲ၌ရေးထားသည့် ပညတ်တရားနှင့်ဆိုင်သောအကျင့်ကို ပြသလျက်ရှိကြ၏။ သူတို့၏အသိစိတ်သည်လည်း အတူတကွသက်သေခံ၍ သူတို့၏စဉ်းစားဆင်ခြင်မှုတို့သည် အချင်းချင်းစွပ်စွဲတစ်ခါ ကာကွယ်တစ်လှည့်ပြုနေကြ၏။ |
ထိုသူတို့သည် ယေရှု၏ စကားတော်ကို ကြားသောအခါ အသက်ကြီးသူများက အစပြု၍ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြ၏။ ထိုအခါ ယေရှုသာလျှင် ထိုနေရာ၌ရပ်နေသော ထိုအမျိုးသမီးနှင့် ကျန်ရစ်တော်မူ၏။
ပေါလုသည် တရားလွှတ်တော်အဖွဲ့ဝင်များကို စေ့စေ့ကြည့်လျက် “ညီအစ်ကိုတို့… ကျွန်ုပ်သည် ယနေ့တိုင်အောင် ဘုရားသခင်ရှေ့တော်၌ လိပ်ပြာသန့်စွာ အသက်ရှင်သည်” ဟု ဆို၏။
ထို့ကြောင့် အကျွန်ုပ်သည် ဘုရားသခင်နှင့် လူအများရှေ့တွင် အစဉ်အမြဲ လိပ်ပြာသန့်နိုင်ရန် ကြိုးစားပါ၏။
ဘုရားသခင်၏ ပညတ်တရားကို မသိသော လူမျိုးခြားတို့ပင်လျှင် ထိုပညတ်တရား၌ ပြဋ္ဌာန်းထားသောအချက်များကို အလိုအလျောက် ပြုကျင့်မိသောအခါ ပညတ်တရားကို မသိသော်လည်း ၎င်းတို့သည် သူတို့အတွက် ပညတ်တရားဖြစ်လာ၏။
သင်သည် ပညတ်ကျမ်းနှင့် အရေပြားလှီးခြင်းမင်္ဂလာကို ရရှိခံယူထားလျက်နှင့် ထိုပညတ်တရားကိုချိုးဖောက်၏။ သို့ဖြစ်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို မခံယူသော်လည်း ပညတ်တရားကို လိုက်နာကျင့်သုံးသောလူမျိုးခြားတို့သည် သင်တို့ကို အပြစ်တင်ကြလိမ့်မည်။
ကျွန်ုပ်သည် အလွန်ဝမ်းနည်းလျက် စိတ်နှလုံးထဲ၌လည်း ဖြေဆည်၍ မရနိုင်သော ကြေကွဲခြင်းရှိကြောင်း ခရစ်တော်ကို တိုင်တည်၍ အမှန်ကိုပြော၏။ လိမ်လည်၍ မပြော။ ထိုသို့ အမှန်ပြောကြောင်းကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လိပ်ပြာသန့်စွာ အတည်ပြု၏။
ကျွန်ုပ်တို့ လိပ်ပြာသန့်စွာ သက်သေခံသည့် ကြွားဝါစရာအကြောင်းမှာ ကျွန်ုပ်တို့သည် ဤလောက၌ အထူးသဖြင့် သင်တို့ရှေ့၌ လူ့ဉာဏ်ကို အမှီမပြုဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍ ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် နေထိုင်ခဲ့ကြောင်းဖြစ်၏။
ကျွန်ုပ်တို့သည် အဘယ်ကြောင့် သခင်ဘုရားကို ကြောက်ရွံ့ရကြောင်းကို သိသဖြင့် အခြားသူများအား ဘုရားသခင်ထံတော်သို့ လှည့်ပြန်ရန် တိုက်တွန်းစည်းရုံးကြ၏။ ကျွန်ုပ်တို့အကြောင်းကိုမူ ဘုရားသခင်အကြွင်းမဲ့သိတော်မူ၍ ကျွန်ုပ်တို့မှာ မည်သို့သောသူများဖြစ်သည်ကို သင်တို့၏ စိတ်ထဲက အကြွင်းမဲ့သိကြမည်ဟု မျှော်လင့်၏။
ထိုအယူဝါဒကို သွန်သင်သူများ၏ အမှားအမှန်ခွဲခြားသော အသိစိတ်သည် သံပူနှင့်ခတ်ခံရသကဲ့သို့ ထုံထိုင်းနေ၏။ သူတို့သည် သူတော်ကောင်းယောင်ဆောင်သော လူလိမ်များဖြစ်၏။
နှလုံးသားဖြူစင်သူတို့အတွက် အရာအားလုံးသည် စင်ကြယ်၏။ သို့သော် ညစ်ညူး၍ ခရစ်တော်ကို မယုံကြည်သူတို့အတွက် မည်သည့်အရာမျှ မစင်ကြယ်။ သူတို့၏ အတွေးအခေါ်နှင့် အသိစိတ်တို့သည် ညစ်ညူး၏။