Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 2:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 ဘုရားသခင်​၏ ပညတ်တရား​ကို မသိသော လူမျိုးခြားတို့​ပင်လျှင် ထို​ပညတ်တရား​၌ ပြဋ္ဌာန်းထားသော​အချက်များ​ကို အလိုအလျောက် ပြုကျင့်မိ​သောအခါ ပညတ်တရား​ကို မသိ​သော်လည်း ၎င်းတို့​သည် သူတို့​အတွက် ပညတ်တရား​ဖြစ်လာ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 လူ​မျိုး​ခြား​တို့​သည်​မော​ရှေ​၏​ပ​ညတ်​တ​ရား ကို​မ​ခံ​ယူ​မ​ရ​ရှိ​ကြ​သော်​လည်း​ပ​ညတ် တ​ရား​၏​ပြ​ဋ္ဌာန်း​ချက်​များ​ကို မိ​မိ​တို့​အ​လို ဆန္ဒ​အ​လျောက်​ပြု​ကျင့်​ကြ​သော​အ​ခါ​ယင်း တို့​သည်​မိ​မိ​တို့​အ​ဖို့​ပ​ညတ်​တ​ရား​ဖြစ် လာ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 သာ​သ​နာ​ပ​လူ​တို့​သည် ပ​ညတ်​တ​ရား​တော်​ကို မ​သိ​ဘဲ၊ ကိုယ်​အ​လို​အ​လျောက် တ​ရား​တော်​ကို ကျင့်​သော​အ​ခါ၊ သူ​တို့​သည် ပ​ညတ်​တ​ရား​တော်​ကို မ​သိ​ဘဲ၊ ကိုယ်​ကျင့်​တ​ရား​ကို အ​မှီ​ပြု​သ​ဖြင့်​လည်း​ကောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ပညတ်​တရား​မ​ရှိ​သော​လူမျိုးခြား​တို့​သည် ပညတ်​တရား​၏​ပြဋ္ဌာန်း​ချက်​များ​ကို အလိုအလျောက်​လိုက်နာ​ကျင့်သုံး​ကြ​သောအခါ သူ​တို့​၌​ပညတ်​တရား​မ​ရှိ​သော်လည်း သူ​တို့​ကိုယ်တိုင်​သည် မိမိ​တို့​အတွက် ပညတ်​တရား​ဖြစ်​ကြ​ပြီး

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 2:14
16 ပူးပေါင်းရင်းမြစ်များ  

မည်သည့်​လူမျိုး​မဆို ဘုရားသခင်​အား ကြောက်ရွံ့​၍ မှန်ကန်​စွာ လုပ်ဆောင်သော​သူ​ဖြစ်​လျှင် ဘုရားသခင်​လက်ခံတော်မူ၏။


လွန်ခဲ့သော​အချိန်​တွင် ဘုရားသခင်​သည် လူမျိုး​တိုင်း​ကို မိမိတို့​၏​အလိုဆန္ဒ​အတိုင်း နေထိုင်​ရန် ခွင့်ပြုထားတော်မူ၏။


ဤသို့ ယခင်​အချိန်ကာလများ​တွင် လူတို့​၏​မသိ​နားမလည်ခြင်း​ကို ဘုရားသခင်​သည် အမှုမထားခဲ့​သော်လည်း ယခု​မှာ နေရာ​အသီးသီး​တွင်​ရှိသော လူ​အပေါင်းတို့​ကို နောင်တရ​ရန် အမိန့်ပေးတော်မူ၏။


ထိုသို့​ပြုကျင့်သော​သူတို့​သည် သေဒဏ်​ခံထိုက်သည်​ဟု ဘုရားသခင်​သတ်မှတ်​ပြဋ္ဌာန်းထားကြောင်း​ကို သိ​လျက်နှင့်ပင် မိမိတို့​ကိုယ်တိုင်​ပြုကျင့်သည်​သာမက ထိုသို့​ပြုကျင့်သော​အခြားသူတို့​ကိုလည်း အားပေး​အားမြှောက်​ပြုကြသေး၏။


လူမျိုးခြားတို့​သည် ဘုရားသခင်​၏​ပညတ်တရား​ကို မသိဘဲ အပြစ်​ကျူးလွန်​ပါက ပညတ်တရား​မပါဘဲ ဖျက်ဆီးခြင်း​ခံရ​လိမ့်မည်။ ပညတ်တရား​ကို သိသော ဂျူးလူမျိုးတို့​သည် အပြစ်​ကျူးလွန်​ပါက ထို​ပညတ်တရား​အတိုင်း အပြစ်စီရင်ခြင်း​ခံရ​လိမ့်မည်။


ဤသို့ဖြင့် သူတို့​သည် မိမိတို့​၏ နှလုံးသား​၌ ဘုရားသခင်​၏ ပညတ်တရား​ကို ရေးမှတ်ထားကြောင်း​ဖော်ပြကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့​၏ ကိုယ်ပိုင်​အသိစိတ်​နှင့် အတွေးများ​က သူတို့​ကို ပြစ်တင်​တစ်လှည့် ထောက်ခံ​တစ်လှည့် ပြု​လျက်​ရှိကြ​သောကြောင့်​ဖြစ်၏။


သင်​သည် ပညတ်ကျမ်း​နှင့် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ရရှိ​ခံယူထား​လျက်နှင့် ထို​ပညတ်တရား​ကို​ချိုးဖောက်၏။ သို့ဖြစ်လျှင် အရေပြားလှီးခြင်း​မင်္ဂလာ​ကို မခံယူ​သော်လည်း ပညတ်တရား​ကို လိုက်နာကျင့်သုံးသော​လူမျိုးခြားတို့​သည် သင်တို့​ကို အပြစ်တင်ကြ​လိမ့်မည်။


ယောက်ျား​သည် ဆံပင်ရှည်​ထား​လျှင် ထို​ယောက်ျား​အတွက် ရှက်စရာ​ဖြစ်ကြောင်း သဘာဝတရား​အတိုင်း သိသည်​မဟုတ်လော။


ဂျူးလူမျိုးတို့​၏​ပညတ်တရား​ကို မကျင့်သုံးသော လူမျိုးခြားတို့​နှင့်အတူ​ရှိစဉ်က ထို​သူတို့​ကို ကယ်တင်​နိုင်ရန် ပညတ်တရား​ကို မကျင့်သုံးသောသူ​ကဲ့သို့ နေထိုင်၏။ သို့ရာတွင် ဘုရားသခင်​၏ ပညတ်တရား​ကို လျစ်လျူ​မရှု၊ ခရစ်တော်​၏ ပညတ်တရား​ကို နာခံ​ကျင့်သုံး၏။


တစ်ချိန်က သင်တို့​သည် ခရစ်တော်​နှင့် ကင်းကွာခဲ့ကြ​၍ အစ္စရေး​လူမျိုး​တွင် ပါဝင်ခွင့် မရ၊ ကတိတော်​နှင့်​ဆိုင်သော ပဋိညာဉ်များ​နှင့် သက်ဆိုင်ခွင့် မရှိ၊ မျှော်လင့်ချက် မရှိ၊ ဤ​လောက​တွင် ဘုရားသခင်​ကို မသိဘဲ နေခဲ့ကြသည်​ကို သတိရကြလော့။


ကျွန်ုပ်တို့​အားလုံး​သည်လည်း တစ်ချိန်​က ထို​သူတို့​ကဲ့သို့​ပင် လူ့​ဗီဇစိတ်​၏ တပ်မက်မှု​အတိုင်း လုပ်ဆောင်​၍ စိတ်​နှင့် ခန္ဓာတို့​၏ အလို​အတိုင်း ပြုမူနေထိုင်ခဲ့ကြ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့​သည် သဘာဝ​အားဖြင့် အခြားသူတို့​ကဲ့သို့ပင် ဘုရားသခင်​၏ အမျက်တော်​ကို ခံထိုက်သူများ​ဖြစ်ကြ၏။


ထို့ပြင် ညီအစ်ကို​မောင်နှမတို့… မှန်ကန်သော​အရာ၊ ဂုဏ်သရေ​ရှိသော​အရာ၊ ဖြောင့်မတ်သော​အရာ၊ ဖြူစင်သော​အရာ၊ နှစ်သက်ဖွယ်သော​အရာ၊ ကောင်းမြတ်​၍ ချီးမွမ်းဖွယ်​ဖြစ်သည့် နှစ်လိုဖွယ်​ကောင်းသော​အရာ ဟူသမျှတို့​ကို နှလုံးသွင်းကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ