ရောမ 2:15 - Common Language Bible15 ပညတ်တရား၏ပြဋ္ဌာန်းချက်များသည်ထို သူတို့၏နှလုံးသားတွင်ရေးသားထားလျက် ရှိကြောင်း သူတို့၏အပြုအမူများကထောက် ခံ၏။ သူတို့၏သြတ္တပ္ပစိတ်ကလည်းထောက်ခံ၏။ အဘယ်ကြောင့်ဆိုသော်သူတို့၏စိတ်နှလုံး သည် တစ်ခါတစ်ရံသူတို့ကိုပြစ်တင်၍ တစ်ခါ တစ်ရံလည်းသူတို့ကိုထောက်ခံသောကြောင့် ဖြစ်၏။- အခန်းကိုကြည့်ပါ။Judson Bible15 ကိုယ်ကိုကိုယ်သိသောစိတ်နှလုံးသည် သက်သေခံသဖြင့်လည်းကောင်း၊ အချင်းချင်း ဆွေးနွေးဆင်ခြင်၍ အပြစ်တင်လျက်၊ လွှတ်လျက်နေသဖြင့်လည်းကောင်း၊ မိမိတို့စိတ်နှလုံးထဲ၌ မှတ်သားသော တရား၏အကျိုးကို ထင်ရှားစွာ ပြကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 မိမိတို့စိတ်နှလုံးထဲ၌ရေးထားသည့် ပညတ်တရားနှင့်ဆိုင်သောအကျင့်ကို ပြသလျက်ရှိကြ၏။ သူတို့၏အသိစိတ်သည်လည်း အတူတကွသက်သေခံ၍ သူတို့၏စဉ်းစားဆင်ခြင်မှုတို့သည် အချင်းချင်းစွပ်စွဲတစ်ခါ ကာကွယ်တစ်လှည့်ပြုနေကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း15 ဤသို့ဖြင့် သူတို့သည် မိမိတို့၏ နှလုံးသား၌ ဘုရားသခင်၏ ပညတ်တရားကို ရေးမှတ်ထားကြောင်းဖော်ပြကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ကိုယ်ပိုင်အသိစိတ်နှင့် အတွေးများက သူတို့ကို ပြစ်တင်တစ်လှည့် ထောက်ခံတစ်လှည့် ပြုလျက်ရှိကြသောကြောင့်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သင်သည်အက္ခရာတင်ထားသည့်ပညတ်တရား နှင့် အရေဖျားလှီးခြင်းမင်္ဂလာခံယူရရှိသူဖြစ် ပါလျက်ပညတ်တော်ကိုချိုးဖောက်ပေသည်။ ထို့ ကြောင့်လူမျိုးခြားတို့သည်သင်တို့ယုဒအမျိုး သားအားပြစ်ဒဏ်စီရင်ကြလိမ့်မည်။ သူတို့ သည်ကာယနှင့်ဆိုင်သောအရေဖျားလှီးမင်္ဂ လာကိုမခံကြသော်လည်းပညတ်တော်ကို စောင့်ထိန်းကြ၏။-
ငါတို့သြတ္တပ္ပစိတ်ထောက်ခံ၍ဂုဏ်ယူဝါ ကြွားစရာတစ်ခုကား ဤလောက၌အသက် ရှင်စဉ်ကာလအထူးသဖြင့် သင်တို့နှင့် ဆက်ဆံရာတွင်လူ၏အသိဉာဏ်ကိုအမှီ မပြုဘဲ ဘုရားသခင်၏ကျေးဇူးတော် တန်ခိုးကိုသာလျှင်အမှီပြု၍ ငါတို့သည် ဘုရားသခင်ပေးသနားတော်မူသော စိတ်ရိုးသဘောရိုးဖြင့် ပွင့်လင်းစွာပြုမူ ကျင့်ကြံခြင်းပင်ဖြစ်၏။-
မိမိတို့ကိုယ်တိုင်စိတ်နှလုံးစင်ကြယ်သန့်ရှင်း သူတို့အဖို့မှာ မည်သည့်အရာမဆိုစင်ကြယ် သန့်ရှင်း၏။ သို့သော်မိမိတို့ကိုယ်တိုင်မစင် ကြယ်မယုံကြည်သူတို့အဖို့မှာမူကား အဘယ်အရာမျှစင်ကြယ်သန့်ရှင်းသည်ဟူ၍ မရှိ။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့၏စိတ် နှလုံးနှင့်သြတ္တပ္ပစိတ်သည်ညစ်ညမ်းနေသော ကြောင့်ဖြစ်၏။-