ယုံကြည်ခြင်းအားနည်းသောသူကို လက်ခံကြလော့။ သူ၏ ထင်မြင်ယူဆချက်များကို သူနှင့် မငြင်းခုံကြနှင့်။
ရောမ 15:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယုံကြည်ခြင်းအားကြီးသော ကျွန်ုပ်တို့သည် မိမိတို့စိတ်ကြိုက်မပြုမူဘဲ အားနည်းသောသူတို့၏ အားနည်းချက်များကို ထောက်ထားညှာတာရမည်။ Common Language Bible ယုံကြည်ခြင်းခိုင်မာသူငါတို့သည် ယုံကြည် ခြင်းအားနည်းသူတို့၏ဝန်များကိုကူညီ ထမ်းသင့်၏။ ငါတို့သည်ကိုယ့်အလိုကိုလိုက် ၍မလုပ်ဆောင်ရ။- Garrad Bible စိတ် သန် သော ငါ တို့ သည် စိတ် နုန့် သူ တို့၏ အား နည်း ခြင်း ဝန် များ ကို ထမ်း သင့်၏။ ကိုယ့် စိတ် တွေ့ တိုင်း မ ပြု ဘဲ အ သီး အ သီး တို့ သည်၊ Judson Bible သို့ဖြစ်၍၊ အားရှိသောငါတို့သည် ကိုယ်အလိုသို့မလိုက်၊ အားနည်းသောသူတို့၏ အားနည်းခြင်းကို သည်းခံရကြမည်။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ခွန်အားရှိသောငါတို့သည် မိမိတို့နှစ်သက်သည့်အတိုင်းမပြုဘဲ အားနည်းသောသူတို့၏အားနည်းချက်တို့ကို ထောက်မပေးသင့်၏။ |
ယုံကြည်ခြင်းအားနည်းသောသူကို လက်ခံကြလော့။ သူ၏ ထင်မြင်ယူဆချက်များကို သူနှင့် မငြင်းခုံကြနှင့်။
ဥပမာဆိုရလျှင် တချို့က အစားအစာအားလုံးကို စား၍ရကြောင်း ယုံကြည်ကြ၏။ သို့သော် ယုံကြည်ခြင်းအားနည်းသူသည် ဟင်းသီးဟင်းရွက်ကိုသာ စား၏။
သူသည် ဘုရားသခင်၏ ကတိတော်ကို ယုံမှားသံသယမဖြစ်ပေ။ ယုံကြည်ခြင်းသာ ပိုမိုခိုင်မာလာ၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။
ကျွန်ုပ်တို့သည် ခရစ်တော်အတွက်ကြောင့် မိုက်မဲသောသူများဖြစ်ကြ၏။ သင်တို့မှာမူ ခရစ်တော်အတွက်ကြောင့် အလွန်ပညာရှိကြ၏။ ကျွန်ုပ်တို့သည် အားနည်း၍ သင်တို့မှာမူ အလွန်ခွန်အားကြီးကြ၏။ ကျွန်ုပ်တို့သည် ဂုဏ်သရေမဲ့ကြ၍ သင်တို့မှာမူ အလွန်ဂုဏ်သရေရှိကြ၏။
အားနည်းသောသူတို့နှင့်အတူရှိစဉ်က အားနည်းသောသူတို့ကို ကယ်တင်နိုင်ရန် အားနည်းသောသူဖြစ်လာ၏။ တတ်နိုင်သမျှ လူတချို့ကို ကယ်တင်နိုင်ရန် ထိုသူတို့နှင့် တူသောအချက်ကို ရှာ၍ နေထိုင်၏။
သို့ဖြစ်၍ ခရစ်တော်အတွက်ကြောင့် ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ကျပ်တည်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ခက်ခဲခြင်းတို့ကို ကျွန်ုပ်ကျေနပ်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် အားနည်းသောအခါ ခရစ်တော်၏တန်ခိုးအားဖြင့် အားကြီးလျက်ရှိသောကြောင့်ဖြစ်၏။
နိဂုံးချုပ်အားဖြင့် ဆိုရလျှင် သင်တို့သည် သခင်ဘုရားအားဖြင့်လည်းကောင်း၊ ကိုယ်တော်၏ သာလွန်ထူးကဲသောတန်ခိုးတော်အားဖြင့်လည်းကောင်း ကြံ့ခိုင်ကြလော့။
ထို့ပြင် ညီအစ်ကိုမောင်နှမတို့… ပျင်းရိသူများကို သတိပေးဆုံးမကြလော့။ စိတ်ပျက်အားလျော့သူများကို အားပေးကြလော့။ အားနည်းသူများကို ကူညီကြလော့။ လူတိုင်းအပေါ်တွင် စိတ်ရှည်ကြလော့။
ကျွန်ုပ်၏သား တိမောသေ… ယေရှုခရစ်တော်ပေးတော်မူသော ကျေးဇူးတော်ဖြင့် ကြံ့ခိုင်လော့။
သားသမီးတို့… သင်တို့သည် ခမည်းတော်ကို သိသောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။ ဖခင်တို့… သင်တို့သည် အစဦးကပင်ရှိတော်မူသောအရှင်ကို သိသောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။ လူငယ်တို့… သင်တို့သည် ခွန်အားကြီး၍ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင်တို့၌ တည်လျက် မာရ်နတ်ကို အောင်နိုင်သောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။