ထိုပူဇော်စရာကို ယဇ်ပလ္လင်ရှေ့တွင် ချထား၍ ထိုသူထံသို့ သွားလော့။ သူနှင့် ပြန်လည်သင့်မြတ်ရန် ဦးစွာလုပ်ဆောင်ပြီးနောက် ပြန်လာ၍ ပူဇော်စရာကို ဘုရားသခင်ထံ ဆက်သလော့။
ရောမ 12:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တတ်နိုင်သမျှ လူတိုင်းနှင့် သင့်မြတ်စွာ နေကြလော့။ Common Language Bible လူတိုင်းနှင့်တတ်နိုင်သမျှငြိမ်းချမ်းစွာနေ ထိုင်ကြလော့။- Garrad Bible ကိုယ့် တာ ဝန် အ တိုင်း လူ ခပ် သိမ်း တို့ နှင့် အ သင့် အ တင့် နေ ကြ လော့။ Judson Bible သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့ဘက်မှ တတ်နိုင်သမျှ လူအပေါင်းတို့နှင့် သင့်မြတ်စွာနေကြလော့။ |
ထိုပူဇော်စရာကို ယဇ်ပလ္လင်ရှေ့တွင် ချထား၍ ထိုသူထံသို့ သွားလော့။ သူနှင့် ပြန်လည်သင့်မြတ်ရန် ဦးစွာလုပ်ဆောင်ပြီးနောက် ပြန်လာ၍ ပူဇော်စရာကို ဘုရားသခင်ထံ ဆက်သလော့။
စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ကမ္ဘာလောကတစ်ခုလုံးကို အမွေခံကြရမည်ဖြစ်သောကြောင့်ပင်။
ခိုက်ရန်ဖြစ်ခြင်းကို ပြေငြိမ်းစေသောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ဘုရားသခင်၏ သားသမီးများဟု ခေါ်ခံကြရမည်ဖြစ်သောကြောင့်ပင်။
ဆားသည် အရသာကောင်း၏။ သို့သော် အငန်ဓာတ်ပျောက်ဆုံးလျှင် ငန်သောအရသာကို မည်သို့ပြန်ရနိုင်မည်နည်း။ သင်တို့အထဲ၌ ဆားကဲ့သို့သောအရည်အသွေးရှိစေကြလော့။ အချင်းချင်း သင့်မြတ်စွာနေကြလော့” ဟု မိန့်တော်မူ၏။
ထို့ကြောင့် ရောမမြို့၌ရှိသော သင်တို့ထံသို့လည်း လာ၍ သတင်းကောင်းကို ဟောပြောရန် ကျွန်ုပ်စိတ်အားထက်သန်လျက်ရှိ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏နိုင်ငံတော်တွင် စားသောက်ခြင်းသည် အရေးမကြီးပေ။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းတို့သာ အရေးကြီး၏။
သို့ဖြစ်၍ အသင်းတော်၌ ငြိမ်းချမ်းစွာ နေစေရန်နှင့် အပြန်အလှန်ဆောက်တည်ဖွယ်ဖြစ်စေရန် ကြိုးပမ်းကြပါစို့။
သို့သော် မယုံကြည်သောခင်ပွန်း၊ သို့မဟုတ် ဇနီးက ကွာရှင်းလိုလျှင် ကွာရှင်းပါစေ။ ထိုအခြေအနေမျိုးတွင် ယုံကြည်သောခင်ပွန်းဖြစ်စေ၊ ဇနီးဖြစ်စေ ထိုသူနှင့် မသက်ဆိုင်တော့ပေ။ ဘုရားသခင်သည် သင်တို့အား ငြိမ်းချမ်းစွာ နေထိုင်ရန် ရွေးကောက်တော်မူ၏။
နိဂုံးချုပ်စကားဆိုရလျှင် ညီအစ်ကိုမောင်နှမတို့… ဝမ်းမြောက်ကြလော့။ သင်တို့၌ အပြစ်ဆိုဖွယ်မရှိသည်အထိ ဘုရားသခင်က ပြုပြင်ပေးတော်မူရန် အခွင့်ပေးကြလော့။ ကျွန်ုပ်၏ နှိုးဆော်ချက်ကို နားထောင်ကြလော့။ တစ်စိတ်တစ်ဝမ်းတည်းရှိလျက် သင့်မြတ်စွာနေကြလော့။ မေတ္တာတရားနှင့် ငြိမ်းချမ်းခြင်းတို့၏ အရှင်ဖြစ်တော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။
သို့သော် ဝိညာဉ်တော်က ဖြစ်စေသော အသီးအပွင့်မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်သိခြင်း၊
ငြိမ်းချမ်းခြင်းနှောင်ကြိုးဖြင့် သန့်ရှင်းသောဝိညာဉ်တော်က ပေးသော စည်းလုံးညီညွတ်ခြင်းကို ကြိုးစား၍ ထိန်းသိမ်းကြလော့။
သူတို့လုပ်ဆောင်သည့်အမှုတော်ကို ထောက်၍ ချစ်ခင်ရိုသေကြလော့။ သင်တို့အချင်းချင်း ငြိမ်းချမ်းစွာ နေထိုင်ကြလော့။
ထို့ကြောင့် သင်သည် လူငယ်တို့၏တပ်မက်စိတ်ကို ရှောင်ကြဉ်၍ ဖြူစင်သောနှလုံးသားဖြင့် ဘုရားသခင်ကို ဝတ်ပြုဆုတောင်းသောသူတို့နှင့်အတူ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ ရှိရန် အမြဲကြိုးစားလော့။
လူတိုင်းနှင့် သဟဇာတဖြစ်ရန်၊ သန့်ရှင်းသောဘဝနှင့်နေထိုင်ရန် အစွမ်းကုန်ကြိုးစားလော့။ မသန့်ရှင်းသောသူတို့သည် ထာဝရဘုရားကို ဖူးမြင်ရမည်မဟုတ်။
မကောင်းမှုကို စွန့်၍ ကောင်းမှုကို ပြုရမည်။ သူတစ်ပါးနှင့် ငြိမ်းချမ်းစွာ နေထိုင်ရန် တောင့်တ၍ ငြိမ်းချမ်းခြင်းအတွက် ကြိုးစားအားထုတ်ရမည်။