ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဂျူးလူမျိုးများထဲမှသာမက လူမျိုးခြားများထဲမှလည်း ရွေးကောက်ထားတော်မူ၏။
ရောမ 1:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည်လည်း ယေရှုခရစ်တော်ပိုင်ဆိုင်သောသူများအဖြစ် ရွေးကောက်တော်မူခြင်းခံရသည့် ထိုလူမျိုးခြားများထဲတွင် ပါဝင်ကြ၏။ Common Language Bible ရောမမြို့၌နေထိုင်သောသင်တို့သည်လည်း ယေရှုခရစ်၏တပည့်များအဖြစ် ဘုရား သခင်ရွေးကောက်တော်မူသောသူများဖြစ် သောကြောင့်ထိုလူစုတွင်အပါအဝင် ဖြစ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည်လည်း ထိုလူမျိုးတို့ထဲတွင်ပါဝင်၍ ယေရှုခရစ်တော်နှင့်သက်ဆိုင်မည့်အကြောင်း ခေါ်ယူတော်မူခြင်းခံရသူများဖြစ်ကြ၏။ |
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဂျူးလူမျိုးများထဲမှသာမက လူမျိုးခြားများထဲမှလည်း ရွေးကောက်ထားတော်မူ၏။
သင်တို့အား မိမိ၏သားတော်၊ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်နှင့် မိတ်သဟာယဖွဲ့ပေါင်းဖော်စေရန် ရွေးကောက်တော်မူသော ဘုရားသခင်သည် သစ္စာရှိတော်မူ၏။
ခရစ်တော်၏ ကျေးဇူးတော်ကို ခံစားစေရန် သင်တို့ကို ခေါ်တော်မူသော ဘုရားသခင်အား သင်တို့သည် လျင်မြန်စွာ စွန့်ပယ်၍ အခြားသတင်းကောင်းကို လက်ခံကြသောကြောင့် ကျွန်ုပ်အံ့ဩရ၏။
အရာအားလုံးကို မိမိအလိုတော်နှင့်ညီသော အကြံအစည်တော်အတိုင်း လုပ်ဆောင်တော်မူသည့်ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်စေခြင်းအားဖြင့် ရှေးယခင်ကပင် ကြိုတင်သတ်မှတ်တော်မူသည့်အတိုင်း မိမိ၏အမွေခံများအဖြစ် ရွေးချယ်တော်မူ၏။
တစ်ချိန်က သင်တို့သည် ဘုရားသခင်နှင့် ကင်းကွာပြီး စိတ်နှလုံးသားထဲ၌ ကိုယ်တော်ကို ရန်ဘက်ပြု၍ ဆိုးရွားစွာ ပြုမူနေထိုင်ခဲ့ကြ၏။
သင်တို့သည် ထိုသတင်းကောင်းကို ကြားနာပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို အမှန်တကယ် နားလည်သည့်နေ့မှစ၍ သင်တို့ထဲ၌ အသီးအပွင့်များသီးပွင့်ကာ တိုးပွားသကဲ့သို့ ထိုသတင်းကောင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့၍ တိုးပွားလျက်ရှိ၏။
မိမိနိုင်ငံတော်နှင့် ဘုန်းတော်အတွက် သင်တို့ကို ခေါ်တော်မူသော ဘုရားသခင်၏လူဖြစ်သည့်အလျောက် ဘုရားသခင်၏လူပီသစွာ ပြုမူနေထိုင်ရန် အားပေးနှစ်သိမ့်၍ တိုက်တွန်းနှိုးဆော်ကြ၏။
ထိုသို့ ကယ်တင်ခံရရန် ဘုရားသခင်သည် ကျွန်ုပ်တို့ဟောပြောသော သတင်းကောင်းဖြင့် သင်တို့ကို ခေါ်တော်မူ၏။ ဤသို့ခေါ်ခြင်းသည် ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ ဘုန်းအသရေကို သင်တို့ခံစားရရှိနိုင်ရန် ဖြစ်၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်တော်မူပြီး သန့်ရှင်းသောဘဝ၌ အသက်ရှင်နေထိုင်ရန် ခေါ်ယူတော်မူသည်မှာ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုကြောင့် မဟုတ်ဘဲ ကိုယ်တော်၏ အကြံအစည်တော်နှင့် ကျေးဇူးတော်ကြောင့် ဖြစ်၏။ ကိုယ်တော်သည် ရှေးယခင်မတိုင်မီကပင် ယေရှုခရစ်တော်အားဖြင့် ထိုကျေးဇူးတော်ကို ကျွန်ုပ်တို့အား ပေးသနားတော်မူ၏။
ထို့ကြောင့် ဘုရားသခင်၏ ရွေးချယ်တော်မူခြင်းခံရသူတို့ထဲတွင် ပါဝင်သည့် သန့်ရှင်းသောညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းနှင့် အထူးတမန်တော်အဖြစ် ကျွန်ုပ်တို့ဝန်ခံသော ယေရှုခရစ်တော်ကို ဆင်ခြင်အောက်မေ့ကြလော့။
ထိုသို့ ဒုက္ခဆင်းရဲခံရလျှင်ပင် ကောင်းမှုပြုရန် သင်တို့ကို ဘုရားသခင်ရွေးကောက်တော်မူ၏။ ခရစ်တော်သည်လည်း သင်တို့ကိုယ်စား ဆင်းရဲဒုက္ခခံ၍ မိမိခြေရာတော်ကို သင်တို့လိုက်နိုင်ရန် စံနမူနာထားခဲ့တော်မူ၏။
သို့သော် သင်တို့မှာမူ ရွေးကောက်ခံရသောအမျိုး၊ တော်ဝင်ယဇ်ပုရောဟိတ်အမျိုး၊ သန့်ရှင်းသောလူမျိုး၊ ဘုရားသခင်ပိုင်ဆိုင်သောလူမျိုးဖြစ်ကြ၏။ ဤသည်မှာ သင်တို့ကို အမှောင်ထဲမှ အံ့ဖွယ်အလင်းထဲသို့ ခေါ်တော်မူသောဘုရားသခင်ပြုသည့် အံ့ဩဖွယ်အမှုများကို ကြွေးကြော်ရန်ဖြစ်၏။
ထို့ကြောင့် ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုရားသခင် ရွေးချယ်ခေါ်ယူတော်မူသည့်သူများဖြစ်ကြောင်း သက်သေပြနိုင်ရန် ပို၍ ကြိုးစားအားထုတ်ကြလော့။ ဤသို့ ပြုလျှင် သင်တို့သည် ယုံကြည်ခြင်းကို မည်သည့်အခါမျှ စွန့်လွှတ်မည်မဟုတ်။
ယေရှုခရစ်တော်၏ကျွန်၊ ယာကုပ်၏ညီ ကျွန်ုပ်ယုဒသည် ခမည်းတော်ဘုရားသခင်၏ရွေးချယ်တော်မူခြင်းနှင့် ချစ်ခြင်းကို ခံရ၍ ယေရှုခရစ်တော်၏ စောင့်ရှောက်ခြင်းခံရသောသူတို့ထံသို့ စာရေးလိုက်၏။
သူတို့သည် သိုးသငယ်တော်ကို တိုက်ကြလိမ့်မည်။ သို့ရာတွင် သိုးသငယ်တော်သည် ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်ဖြစ်တော်မူသောကြောင့် သူတို့ကို အောင်နိုင်လိမ့်မည်။ သိုးသငယ်တော်နှင့်အတူ ရှိသောသူတို့သည် ခေါ်ဖိတ်ခံရသူများ၊ ရွေးကောက်ခံရသူများ၊ သစ္စာရှိသူများဖြစ်ကြ၏” ဟု ကျွန်ုပ်အား ပြော၏။