သူတို့ဘာသာ ရှိပါစေ။ ထိုသူတို့သည် မျက်မမြင်တို့ကို လမ်းပြသောမျက်မမြင်များဖြစ်ကြ၏။ မျက်မမြင်တစ်ဦးသည် အခြားမျက်မမြင်တစ်ဦးကို လမ်းပြပါက နှစ်ဦးလုံး တွင်းထဲသို့ကျလိမ့်မည်” ဟု မိန့်တော်မူ၏။
ရောမ 1:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို သူတို့၏ စိတ်နှလုံးတပ်မက်သော စက်ဆုပ်ညစ်ညမ်းဖွယ်ရာများလက်သို့ အပ်လိုက်တော်မူ၏။ ဤသို့ဖြင့် သူတို့သည် အချင်းချင်းဆက်ဆံ၍ သူတို့၏ ကိုယ်ခန္ဓာများကို အသရေပျက်စေကြ၏။ Common Language Bible ထိုအကြောင်းကြောင့်ဘုရားသခင်သည်ထိုသူ တို့အား မိမိတို့၏ကိလေသာစိတ်ဆွဲဆောင်ရာ သို့လိုက်ပါစေရန်လည်းကောင်း၊ အချင်းချင်း အားကိုယ်ခန္ဓာအသရေပျက်စေရန်လည်း ကောင်းစွန့်ပစ်၍ထားတော်မူ၏။- Garrad Bible သို့ ဖြစ်၍၊ ဘု ရား သ ခင်၏ ဟုတ် မှန် ရာ အ စား မု သာ ကို လဲ ယူ လျက် ဖန် ဆင်း တော် မူ သော အ ရှင့် အ စား ဖန် ဆင်း ထား သော အ ရာ အား ဝတ် ပြု ကိုး ကွယ် သော ထို သူ တို့ ကို ဘု ရား သ ခင် သည် ချင်း တို့ စိတ် နှ လုံး တပ် မက် ခြင်း အ လျောက် ကိုယ် ခ န္ဓာ အ သ ရေ ပျက် စေ ရန် ညစ် ညူး ခြင်း အ ဖြစ် သို့ အပ် လိုက် တော် မူ၏။ ထို အ ရှင်၌ က မ္ဘာ အ ဆက် ဆက် မင်္ဂ လာ ရှိ၏။ အာ မင်။ Judson Bible ထိုကြောင့်သူတို့သည် မိမိတို့ကိုယ်ကာယ၏ အသရေကို အချင်းချင်းရှုတ်ချမည်အကြောင်း၊ ဘုရားသခင်သည် သူတို့ကို သူတို့၏ ကိလေသာစိတ်ညစ်ညူးခြင်းလက်သို့ အပ်လိုက်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဘုရားသခင်သည် သူတို့အချင်းချင်း မိမိတို့ကိုယ်ခန္ဓာအသရေကိုဖျက်ဆီးစေရန် သူတို့ကို မိမိတို့စိတ်နှလုံးတပ်မက်သည့်အတိုင်း ညစ်ညူးခြင်းလက်သို့ အပ်လိုက်လေ၏။ |
သူတို့ဘာသာ ရှိပါစေ။ ထိုသူတို့သည် မျက်မမြင်တို့ကို လမ်းပြသောမျက်မမြင်များဖြစ်ကြ၏။ မျက်မမြင်တစ်ဦးသည် အခြားမျက်မမြင်တစ်ဦးကို လမ်းပြပါက နှစ်ဦးလုံး တွင်းထဲသို့ကျလိမ့်မည်” ဟု မိန့်တော်မူ၏။
လွန်ခဲ့သောအချိန်တွင် ဘုရားသခင်သည် လူမျိုးတိုင်းကို မိမိတို့၏အလိုဆန္ဒအတိုင်း နေထိုင်ရန် ခွင့်ပြုထားတော်မူ၏။
ထိုအခါ ဘုရားသခင်သည် သူတို့ကို မျက်ကွယ်ပြု၍ ကောင်းကင်နက္ခတ်များကို ကိုးကွယ်ကြစေရန် စွန့်ပစ်ထားတော်မူ၏။ ပရောဖက်ကျမ်းများတွင် ရေးသားဖော်ပြထားသည်မှာ ‘အို အစ္စရေးလူမျိုးတို့… သင်တို့သည် တောကန္တာရတွင် အနှစ်လေးဆယ်ပတ်လုံး တိရစ္ဆာန်နှင့် ယဇ်ကောင်များကို ငါ့အတွက် ပူဇော်ခဲ့ကြသလော။
ထို့ကြောင့် အပြစ်ပြုလိုစိတ်နောက်သို့ မလိုက်မိစေရန် သင်တို့၏ သေတတ်သောကိုယ်ခန္ဓာကို အပြစ်တရားအား အစိုးမရစေနှင့်။
သင်တို့က “အစာသည် ဝမ်းအတွက် ဖြစ်၍ ဝမ်းသည် အစာအတွက် ဖြစ်သည်” ဟု ဆိုကြ၏။ ဤစကားသည် မှန်၏။ သို့သော်လည်း တစ်နေ့တစ်ချိန်တွင် ဘုရားသခင်သည် ထိုအရာနှစ်မျိုးလုံးကို ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်ခန္ဓာသည် တရားနှင့်မညီသော မေထုန်ကိုပြုရန်အတွက် မဟုတ်ဘဲ ဘုရားသခင်အတွက်သာ ဖြစ်၏။ ဘုရားသခင်သည်လည်း ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကို ကြည့်ရှုစောင့်ရှောက်တော်မူ၏။
တရားနှင့်မညီသော မေထုန်ပြုခြင်းကို ရှောင်ကြဉ်ကြလော့။ လူကျူးလွန်တတ်သော အခြားအပြစ်အားလုံးသည် ကိုယ်ခန္ဓာ၏ ပြင်ပတွင် ဖြစ်သော်လည်း တဏှာလွန်ကြူးသောအပြစ်မှာမူ မိမိကိုယ်ခန္ဓာကို ပြစ်မှားခြင်းဖြစ်၏။
ကျွန်ုပ်တို့အားလုံးသည်လည်း တစ်ချိန်က ထိုသူတို့ကဲ့သို့ပင် လူ့ဗီဇစိတ်၏ တပ်မက်မှုအတိုင်း လုပ်ဆောင်၍ စိတ်နှင့် ခန္ဓာတို့၏ အလိုအတိုင်း ပြုမူနေထိုင်ခဲ့ကြ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် သဘာဝအားဖြင့် အခြားသူတို့ကဲ့သို့ပင် ဘုရားသခင်၏ အမျက်တော်ကို ခံထိုက်သူများဖြစ်ကြ၏။
သင်တို့ တစ်ဦးချင်းစီတိုင်းသည် သန့်ရှင်းမြင့်မြတ်ပြီး ဂုဏ်သိက္ခာရှိသောနည်းလမ်းဖြင့် မိမိတို့ကိုယ်ခန္ဓာကို ချုပ်တည်းတတ်ရမည်။