ရောမ 1:24 - Common Language Bible24 ထိုအကြောင်းကြောင့်ဘုရားသခင်သည်ထိုသူ တို့အား မိမိတို့၏ကိလေသာစိတ်ဆွဲဆောင်ရာ သို့လိုက်ပါစေရန်လည်းကောင်း၊ အချင်းချင်း အားကိုယ်ခန္ဓာအသရေပျက်စေရန်လည်း ကောင်းစွန့်ပစ်၍ထားတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible24-25 သို့ ဖြစ်၍၊ ဘု ရား သ ခင်၏ ဟုတ် မှန် ရာ အ စား မု သာ ကို လဲ ယူ လျက် ဖန် ဆင်း တော် မူ သော အ ရှင့် အ စား ဖန် ဆင်း ထား သော အ ရာ အား ဝတ် ပြု ကိုး ကွယ် သော ထို သူ တို့ ကို ဘု ရား သ ခင် သည် ချင်း တို့ စိတ် နှ လုံး တပ် မက် ခြင်း အ လျောက် ကိုယ် ခ န္ဓာ အ သ ရေ ပျက် စေ ရန် ညစ် ညူး ခြင်း အ ဖြစ် သို့ အပ် လိုက် တော် မူ၏။ ထို အ ရှင်၌ က မ္ဘာ အ ဆက် ဆက် မင်္ဂ လာ ရှိ၏။ အာ မင်။ အခန်းကိုကြည့်ပါ။Judson Bible24 ထိုကြောင့်သူတို့သည် မိမိတို့ကိုယ်ကာယ၏ အသရေကို အချင်းချင်းရှုတ်ချမည်အကြောင်း၊ ဘုရားသခင်သည် သူတို့ကို သူတို့၏ ကိလေသာစိတ်ညစ်ညူးခြင်းလက်သို့ အပ်လိုက်တော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း24 ထို့ကြောင့် ဘုရားသခင်သည် သူတို့အချင်းချင်း မိမိတို့ကိုယ်ခန္ဓာအသရေကိုဖျက်ဆီးစေရန် သူတို့ကို မိမိတို့စိတ်နှလုံးတပ်မက်သည့်အတိုင်း ညစ်ညူးခြင်းလက်သို့ အပ်လိုက်လေ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း24 ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို သူတို့၏ စိတ်နှလုံးတပ်မက်သော စက်ဆုပ်ညစ်ညမ်းဖွယ်ရာများလက်သို့ အပ်လိုက်တော်မူ၏။ ဤသို့ဖြင့် သူတို့သည် အချင်းချင်းဆက်ဆံ၍ သူတို့၏ ကိုယ်ခန္ဓာများကို အသရေပျက်စေကြ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ဘုရားသခင်သည်သူတို့ထံမှ မျက်နှာလွှဲတော်မူ၍ ကြယ်နက္ခတ်များကို ကိုးကွယ်ကြစေရန်သူတို့ကိုစွန့်ပစ်ထား တော်မူ၏။ ပရောဖက်ကျမ်းများတွင်ဖော် ပြသည်မှာ ``အို ဣသရေလအမျိုးအနွယ်တို့၊သင်တို့သည် တောကန္တာရတွင်၊အနှစ်လေးဆယ်ပတ်လုံး ယဇ်ကောင်များကိုပူဇော်ဆက်သကြ၏။ သို့ဆက်သသည်မှာငါ့အားဆက်သခြင်း မဟုတ်။
``အစားအစာသည်ဝမ်းအတွက်ဖြစ်၏။ ဝမ်း သည်လည်းအစားအစာအတွက်ဖြစ်၏'' ဟု သင်တို့ဆိုလိမ့်မည်။ ဤစကားသည်မှန်ပေ၏။ သို့ရာတွင်ဘုရားသခင်သည်ထိုအရာနှစ်ခု လုံးကိုဖျက်ဆီးပစ်တော်မူလိမ့်မည်။ ကိုယ်ခန္ဓာ သည်ကာမဂုဏ်လိုက်စားရန်အတွက်မဟုတ်။ သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်ရန် အတွက်ဖြစ်၏။ ဘုရားသခင်သည်လည်းကိုယ် ခန္ဓာလိုအပ်သည်များကိုချပေးတော်မူ၏။-