Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 15:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 သူတို့​ဘာသာ ရှိပါစေ။ ထို​သူတို့​သည် မျက်မမြင်တို့​ကို လမ်းပြသော​မျက်မမြင်များ​ဖြစ်ကြ၏။ မျက်မမြင်​တစ်ဦး​သည် အခြား​မျက်မမြင်​တစ်ဦး​ကို လမ်းပြ​ပါက နှစ်ဦးလုံး တွင်း​ထဲသို့​ကျ​လိမ့်မည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 သို့​ဖြစ်​၍​ထို​သူ​တို့​အ​တွက်​ကြောင့်​စိတ်​မ​ပူ​ကြ နှင့်၊ သူ​တို့​သည်​မျက်​မ​မြင်​များ​ကို​လမ်း​ပြ​သည့် သူ​ကန်း​များ​ဖြစ်​ကြ​၏။ မျက်​မ​မြင်​တစ်​ယောက် က​အ​ခြား​မျက်​မ​မြင်​တစ်​ယောက်​အား​လမ်း​ပြ ပါ​မူ​သူ​တို့​နှစ်​ယောက်​စ​လုံး​ပင်​တွင်း​ထဲ​သို့​ကျ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ထို သူ တို့ ကို ရှိ နေ ကြ စေ။ သူ ကန်း အ ချင်း ချင်း လမ်း ပြ ဖြစ် ကြ သည် တ ကား။ သူ ကန်း သည် သူ ကန်း ကို လမ်း ပြ လျှင် နှစ် ဦး လုံး ပင် တွင်း ထဲ သို့ ကျ ရောက် လိမ့် မည် ဟု မိန့် ဆို တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ထို​သူ​တို့​ကို ရှိ​ပါ​လေ​စေ။ သူ​တို့​သည် လူ​ကန်း​တို့​အား လမ်း​ပြ​သော လူ​ကန်း​ဖြစ်၏။ လူ​ကန်း​ချင်း တစ်​ဦး​ကို​တစ်​ဦး လမ်း​ပြ​လျှင်၊ နှစ်​ဦး​တို့​သည် တွင်း​ထဲ​သို့​ကျ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 သူ​တို့​ရှိ​ကြ​ပါလေစေ။ သူ​တို့​သည် မျက်မမြင်​တို့​ကို​လမ်းပြ​သော မျက်မမြင်​များ​ဖြစ်​ကြ​၏။ မျက်မမြင်​သည် မျက်မမြင်​ကို​လမ်းပြ​လျှင် နှစ်ဦးစလုံး တွင်း​ထဲသို့​ကျ​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

14 ထို​သူ​တို့​ကို ရှိ​ပါ​လေ​စေ။ သူ​တို့​သည် လူ​ကန်း​တို့​အား လမ်း​ပြ​သော လူ​ကန်း​ဖြစ်၏။ လူ​ကန်း​ချင်း တစ်​ဦး​ကို​တစ်​ဦး လမ်း​ပြ​လျှင်၊ နှစ်​ဦး​တို့​သည် တွင်း​ထဲ​သို့​ကျ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 15:14
19 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယေရှု​သည် သူတို့​အား ပုံဥပမာ​ပေး​၍ မိန့်တော်မူသည်​မှာ “မျက်မမြင်​တစ်ဦး​သည် အခြား​မျက်မမြင်​တစ်ဦး​အား လမ်းပြနိုင်သလော။ ထိုသို့​ပြု​လျှင် ထို​သူ​နှစ်ဦးလုံး တွင်း​ထဲသို့ ကျ​လိမ့်မည် မဟုတ်လော။


ယခင်က ပရောဖက်​အတုအယောင်များ​သည် အစ္စရေး​လူမျိုး​ထဲတွင် ပေါ်ပေါက်ခဲ့ကြ​သကဲ့သို့ သင်တို့​ထဲတွင်​လည်း ဆရာ​အတုအယောင်များ ပေါ်ပေါက်လာကြ​လိမ့်မည်။ သူတို့​သည် ပျက်စီးစေမည့် အယူဝါဒ​အမှားများ​ကို လျှို့ဝှက်​စွာ ရိုက်သွင်းပေး​၍ မိမိတို့​ကို ရွေးနုတ်​ဝယ်ယူသော​အရှင်​ကိုပင် ငြင်းပယ်​လျက် မိမိတို့​အပေါ် ပျက်စီးခြင်း​ဘေး​ကို မကြာမီ​ကျရောက်စေ​လိမ့်မည်။


မြို့ပြင်​တွင်​မူ ခွေး​ဖြစ်သော​သူများ၊ ပြုစားသောသူများ၊ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ လူသတ်သမားများ၊ ရုပ်တု​ကိုးကွယ်သူများ၊ လိမ်လည်ခြင်း​ကို နှစ်သက်​၍ ကျင့်သုံးသောသူ​အပေါင်းတို့ ရှိကြ၏။


သို့ရာတွင် သားရဲ​သည် မိမိ​ကိုယ်စား နိမိတ်​လက္ခဏာများ​ပြသော ပရောဖက်​အတုအယောင်​နှင့်အတူ ဖမ်းဆီးခံရ၏။ ထို​ပရောဖက်​မှာ သားရဲ​၏​အမှတ်တံဆိပ်​ကို ခံယူကြ​လျက် သားရဲ​၏​ရုပ်တု​ကို ကိုးကွယ်ကြသော​သူတို့​အား ထို​နိမိတ်​လက္ခဏာများ​ဖြင့် လှည့်ဖြားသူ​ဖြစ်၏။ သူတို့​နှစ်ဦး​သည် ကန့်​နှင့် လောင်သော​မီးအိုင်​ထဲသို့ အရှင်​လတ်လတ် ပစ်ချခံကြရ၏။


ထို​သူတို့​သည် ခန်းခြောက်သော စမ်းရေတွင်းများ၊ မုန်တိုင်း​ကြောင့် လွင့်ပါသွားသော မိုးတိမ်များ​ဖြစ်ကြ၏။ သူတို့​အတွက် အမှောင်မိုက်ဆုံး​အမှောင်​နေရာ​ကို ပြင်ဆင်ထား၏။


ထို့ပြင် အသိစိတ်​ဖောက်ပြန်ပြီး အမှန်တရား​ကို ကျောခိုင်းသော​သူတို့​အကြား အဆုံးမသတ်နိုင်သော​အငြင်းပွားမှုများ ဖြစ်လာ၏။ ထို​သူတို့​သည် ဘုရားတရား​ကိုင်းရှိုင်း​လျှင် အကျိုးစီးပွား​ဖြစ်သည်​ဟု ထင်မှတ်ကြ၏။


ထိုအခါ ယေရှု​က “မျက်မမြင်များ မျက်စိမြင်​စေရန်​နှင့် မျက်စိမြင်သော​သူများ​ကို မျက်စိကန်း​စေရန်​ဟူသည့် တရားစီရင်ခြင်း​အတွက် ဤ​လောက​သို့ ငါ​ကြွလာ၏” ဟု မိန့်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ