သင်တို့ရရှိသည့် အကျိုးအားဖြင့် ကျွန်ုပ်၏ လူမျိုးတို့ကို သဝန်တိုစိတ်ဖြစ်စေ၍ သူတို့အထဲမှ တချို့ကို ကယ်တင်ရန် ဆန္ဒရှိ၏။
ယုဒ 1:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အချို့သောသူတို့ကို မီးထဲမှ ဆွဲထုတ်၍ ကယ်ကြလော့။ လူ့ဗီဇစိတ်၏ အညစ်အကြေးစွန်းထင်းနေသည့် သူတို့၏အဝတ်ကိုပင် ရွံမုန်း၍ ကြောက်ရွံ့သောစိတ်နှင့် သူတို့ကို သနားကြလော့။ Garrad Bible အ ချို့ တို့ ကား ဇာ တိ သ ဘော အား ဖြင့် စွန်း ကွက် သော အ ဝတ် အ စား ကို ပင် စက် ဆုပ် လျက် ကြောက် ရွံ့ ခြင်း နှင့် တ ကွ က ရု ဏာ သက် ကြ လော့။ Judson Bible ကိုယ်ကာယနှင့် ညစ်ညူးစွန်းကွက်သော အဝတ်ကိုပင် စက်ဆုပ်ရွံရှာ၍ ကြောက်ရွံ့ခြင်းနှင့်တကွ၊ အချို့တို့ကို မီးထဲမှ ဆယ်နုတ်ကယ်တင်ကြလော့။ မြန်မာ့စံမီသမ္မာကျမ်း အချို့သောသူတို့ကို မီးထဲမှဆွဲထုတ်ကယ်တင်ကြလော့။ အချို့တို့ကိုမူ သူတို့၏သွေးသားဇာတိဖြင့်ညစ်ညူးစွန်းထင်းနေသောအင်္ကျီကိုပင် ရွံမုန်းလျက် ကြောက်ရွံ့သောစိတ်နှင့်တကွ သူတို့ကိုကရုဏာထားကြလော့။ |
သင်တို့ရရှိသည့် အကျိုးအားဖြင့် ကျွန်ုပ်၏ လူမျိုးတို့ကို သဝန်တိုစိတ်ဖြစ်စေ၍ သူတို့အထဲမှ တချို့ကို ကယ်တင်ရန် ဆန္ဒရှိ၏။
အလှည့်စားမခံကြနှင့်။ မကောင်းသော အပေါင်းအသင်းတို့သည် ကောင်းသောစာရိတ္တကို ပျက်စီးစေကြ၏။
တစ်စုံတစ်ဦး၏ လုပ်ဆောင်မှုသည် မီးလောင်ကျွမ်းသွားလျှင်မူ ထိုသူသည် ဆုံးရှုံးမှုများစွာကို ခံစားရလိမ့်မည်။ သို့သော်လည်း မီးဘေးမှ လွတ်မြောက်ရုံမျှသာ လွတ်မြောက်သကဲ့သို့ သူသည် ကယ်တင်ခံရလိမ့်မည်။
ကျွန်ုပ်တို့သည် အဘယ်ကြောင့် သခင်ဘုရားကို ကြောက်ရွံ့ရကြောင်းကို သိသဖြင့် အခြားသူများအား ဘုရားသခင်ထံတော်သို့ လှည့်ပြန်ရန် တိုက်တွန်းစည်းရုံးကြ၏။ ကျွန်ုပ်တို့အကြောင်းကိုမူ ဘုရားသခင်အကြွင်းမဲ့သိတော်မူ၍ ကျွန်ုပ်တို့မှာ မည်သို့သောသူများဖြစ်သည်ကို သင်တို့၏ စိတ်ထဲက အကြွင်းမဲ့သိကြမည်ဟု မျှော်လင့်၏။
တစ်စုံတစ်ယောက်သည် ဤစာတွင် ပါသော ညွှန်ကြားချက်များကို နားမထောင်လျှင် ထိုသူကို အရှက်ရစေရန် မှတ်သားထား၍ ထိုသူနှင့် မပေါင်းဖော်ကြနှင့်။
သင်သည် မိမိကိုယ်ကိုယ်လည်းကောင်း၊ မိမိသွန်သင်ချက်တို့ကိုလည်းကောင်း သတိပြု၍ ထိုအပေါ်ရပ်တည်လော့။ ထိုသို့ပြုလျှင် မိမိကိုယ်ကိုယ် ကယ်တင်သည်သာမက သင်၏သွန်သင်ချက်ကို နားထောင်သောသူတို့ကိုလည်း ကယ်တင်လိမ့်မည်။
ထိုသူတို့အား နှုတ်ခွန်းဆက်သောသူသည် ထိုသူ၏ ဆိုးညစ်သောအမှုတွင် ပါဝင်ရာရောက်၏။
‘စစ်မှန်သောချမ်းသာမှုကို ရရန် မီးဖြင့်သန့်စင်ထားသောရွှေကိုလည်းကောင်း၊ သင်၏အဝတ်မပါသည့်အရှက်ကို ဖုံးအုပ်ရန် အဝတ်ဖြူကိုလည်းကောင်း၊ သင်၏မျက်စိမြင်နိုင်ရန် ခတ်စရာမျက်စဉ်းကိုလည်းကောင်း ငါ့ထံမှ ဝယ်ယူလော့’ ဟု သင့်အား ငါအကြံပေး၏။
သို့ရာတွင် သာဒိမြို့၌ မိမိတို့အဝတ်ကို မညစ်ညူးစေသောသူတချို့ ရှိကြသေး၏။ သူတို့သည် ထိုက်တန်သောသူများဖြစ်သောကြောင့် ဖြူသောအဝတ်ကို ဝတ်ဆင်လျက် ငါနှင့်အတူ သွားလာကြလိမ့်မည်။