Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 3:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 တစ်စုံတစ်ဦး​၏ လုပ်ဆောင်မှု​သည် မီး​လောင်ကျွမ်းသွား​လျှင်မူ ထို​သူ​သည် ဆုံးရှုံးမှု​များစွာ​ကို ခံစား​ရ​လိမ့်မည်။ သို့သော်လည်း မီး​ဘေး​မှ လွတ်မြောက်​ရုံမျှသာ လွတ်မြောက်​သကဲ့သို့ သူ​သည် ကယ်တင်ခံရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 သို့​ရာ​တွင်​မိ​မိ​အ​လုပ်​မီး​လောင်​သွား​လျှင် တည် ဆောက်​သူ​သည်​အ​ရှုံး​ရ​လိမ့်​မည်။ သို့​သော်​ထို သူ​ကိုယ်​တိုင်​မူ​ကား မီး​လျှံ​ဘေး​မှ​လွတ်​မြောက် သူ​သ​ဖွယ်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ကျွမ်း လောင် လျှင် မူ ကား အ ရှုံး ခံ ရ လိမ့် မည်။ သို့ ရာ တွင် မီး ထဲ က လွတ် မြောက် သ ကဲ့ သို့ ကိုယ် တိုင် ဘေး လွတ် ရ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 အ​ကြင်​သူ၏​အ​လုပ်​သည် ကျွမ်း​လောင်၏၊ ထို​သူ​သည် အ​ရှုံး​ခံ​ရ​လိမ့်​မည်။ သို့​သော်​လည်း၊ မီး​နှင့်​လွတ်​သ​ကဲ့​သို့ သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 တစ်စုံတစ်ဦး​ပြုလုပ်​သော​အရာ​သည် လောင်ကျွမ်း​သွား​ပါက ထို​သူ​သည် ဆုံးရှုံး​မှု​ကို​ခံစား​ရ​လိမ့်မည်။ သို့သော် သူ​ကိုယ်တိုင်​မူကား မီး​ထဲမှ​လွတ်​သော​သူ​ကဲ့သို့ ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 3:15
12 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်တို့​သည် အချိန်​ကြာမြင့်​စွာ အစာ​မစားဘဲ​နေကြ​ပြီးနောက် ပေါလု​က သူ​တို့​အလယ်​တွင် ရပ်​လျက် “မိတ်ဆွေတို့… သင်တို့​သည် ကျွန်ုပ်​၏​အကြံပြုချက်​ကို​လက်ခံ​၍ ကရေတေကျွန်း​မှ​ရွက်မလွှင့်​လျှင် ဤ​ပျက်စီးဆုံးရှုံးမှု​နှင့် ကြုံရမည်​မဟုတ်ပါ။


ကျန်​လူများ​ကိုမူ ပျဉ်ချပ်များ​နှင့် သင်္ဘော​ပျက်​၏​အပိုင်းအစများ​ဖြင့် ကူးသွား​ရန် ညွှန်ကြားလေ၏။ ဤသို့ဖြင့် ကျွန်ုပ်တို့​အားလုံး​သည် ကုန်း​ပေါ်သို့ ဘေးကင်း​စွာ​ရောက်ရှိကြလေ၏။


ထို့ပြင် ကျမ်းစာ​၌ “ဖြောင့်မတ်သောသူ​ပင် ကယ်တင်ခံရ​ရန် ခက်ခဲ​လျှင် ဘုရားတရားမဲ့သူတို့​နှင့် အပြစ်သားတို့​သည် မည်သို့​ဖြစ်မည်နည်း” ဟု ဖော်ပြထား၏။


ထို့ကြောင့် ကျွန်ုပ်တို့​လုပ်ဆောင်ခဲ့သည့်​အရာများ​ကို မဆုံးရှုံးစေဘဲ အကျိုးကျေးဇူး​ကို သင်တို့​အပြည့်အဝ​ခံစား​ရ​စေရန် သတိပြုလော့။


အချို့သော​သူတို့​ကို မီး​ထဲမှ ဆွဲထုတ်​၍ ကယ်ကြလော့။ လူ့​ဗီဇစိတ်​၏ အညစ်အကြေး​စွန်းထင်းနေသည့် သူတို့​၏​အဝတ်​ကို​ပင် ရွံမုန်း​၍ ကြောက်ရွံ့သော​စိတ်​နှင့် သူတို့​ကို သနားကြလော့။


‘စစ်မှန်သော​ချမ်းသာမှု​ကို ရ​ရန် မီး​ဖြင့်​သန့်စင်ထားသော​ရွှေ​ကို​လည်းကောင်း၊ သင်​၏​အဝတ်​မပါသည့်​အရှက်​ကို ဖုံးအုပ်​ရန် အဝတ်ဖြူ​ကို​လည်းကောင်း၊ သင်​၏​မျက်စိ​မြင်​နိုင်ရန် ခတ်စရာ​မျက်စဉ်း​ကို​လည်းကောင်း ငါ့​ထံ​မှ ဝယ်ယူလော့’ ဟု သင့်​အား ငါ​အကြံပေး၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ