တစ်ခါက သူဌေးတစ်ဦးရှိ၏။ သူသည် အဖိုးတန် ခရမ်းရောင်ပိတ်ချောအဝတ်ကို ဝတ်ဆင်ကာ စည်းစိမ်ခံစား၍ နေ့တိုင်း ပျော်ပါးလျက်နေ၏။
ယာကုပ် 5:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ဤလောကတွင် စည်းစိမ်ခံစားလျက် ဇိမ်ကျကျ နေကြပြီ။ အသတ်ခံကြရမည့်နေ့အတွက် မိမိကိုယ်ကိုယ် ဆူဖြိုးအောင် ကျွေးမွေးခဲ့ကြပြီ။ Common Language Bible သင်တို့သည်လောကတွင်စည်းစိမ်ခံလျက် ပျော်ပါးခဲ့ကြ၏။ အသတ်ခံရကြမည့်နေ့ အတွက်မိမိတို့ကိုယ်ကိုဆူဖြိုးအောင်ကျွေး မွေးခဲ့ကြ၏။- Garrad Bible သင် တို့ သည် မြေ ကြီး ပေါ် တွင် အ စား အ သောက်၊ အ ပျော် အ ပါး ကြူး လျက် ကွပ် မျက် ခံ ရာ နေ့ ရက် တွင် ပင် ချင် ရဲ ဖြေ ကြ ပြီ။ Judson Bible သင်တို့သည် မြေကြီးပေါ်မှာ ကာမဂုဏ်ခံစား၍ အလွန်ပျော်မွေ့ကြပြီ။ သတ်ရသောနေ့၌ကဲ့သို့၊ မိမိတို့နှလုံးကို မွေးမြူကြပြီ။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် မြေကြီးပေါ်တွင် အပျော်အပါးလိုက်စား၍ ဇိမ်ခံနေကြပြီ။ သတ်ရန်လျာထားသောနေ့အတွက် မိမိတို့စိတ်နှလုံးကို ဆူဖြိုးအောင်ကျွေးမွေးကြပြီ။ |
တစ်ခါက သူဌေးတစ်ဦးရှိ၏။ သူသည် အဖိုးတန် ခရမ်းရောင်ပိတ်ချောအဝတ်ကို ဝတ်ဆင်ကာ စည်းစိမ်ခံစား၍ နေ့တိုင်း ပျော်ပါးလျက်နေ၏။
သို့ရာတွင် အာဗြဟံက ‘ငါ့သား… သင်အသက်ရှင်စဉ်ဘဝတွင် ကောင်းမွန်သောအရာများကို ခံစားခဲ့ရပြီး လာဇရုမှာ မကောင်းသောအရာများကိုသာ ခံစားခဲ့ရသည်ကို သတိရလော့။ ထို့ကြောင့် သူသည် ဤနေရာတွင် သက်သာခြင်းကို ခံစားရ၍ သင်သည် ပြင်းထန်စွာ ဝေဒနာခံစားရ၏။
နေ့အချိန်၌ ပြုမူနေထိုင်သကဲ့သို့ သင့်တင့်လျောက်ပတ်စွာ ပြုမူနေထိုင်ကြရမည်။ အပျော်ကြူးခြင်း၊ သောက်စားမူးယစ်ခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ ကိလေသာလွန်ကြူးခြင်း၊ ခိုက်ရန်ဖြစ်ခြင်းနှင့် မနာလိုခြင်းတို့ကို ရှောင်ကြဉ်ရမည်။
သစ္စာဖောက်သူ၊ ဆင်ခြင်တုံတရားကင်းမဲ့သူ၊ ဘဝင်မြင့်သူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားမှုကို နှစ်သက်သူ၊
သူတို့ပြုခဲ့သော မတရားမှုအတွက် မတရားမှုဖြင့် ပြန်လည်ပြုမူခံရလိမ့်မည်။ သူတို့သည် နေ့အချိန်၌ လွန်ကြူးစွာ ပျော်ပါးသောက်စားခြင်းကို ပျော်ရွှင်မှုဟု ထင်မှတ်ကြ၏။ သင်တို့နှင့်အတူ ချစ်ခြင်းမေတ္တာပွဲတွင် စားသောက်ကြသော်လည်း လှည့်စားမှု၌ ပျော်မွေ့ကြ၍ သူတို့သည် အစွန်းအထင်း အပြစ်အနာအဆာသဖွယ် ဖြစ်ကြ၏။
သူတို့သည် သင်တို့၏ ချစ်ခြင်းမေတ္တာပွဲတွင် သင်တို့နှင့်အတူ စားသောက်သောအခါ မရှက်ကြောက်ဘဲ ကိုယ့်အဖို့သာ ဂရုစိုက်၍ ပွဲ၌ အန္တရာယ်ရှိသောငုတ်ချွန်များ ဖြစ်ကြ၏။ သူတို့သည် လေတိုက်၍ လွင့်သည့် မိုးရေမပါသော တိမ်များနှင့်တူ၏။ အမြစ်မှ ဆွဲနှုတ်ခံရ၍ နှစ်ခါပြန်သေရသော အသီးမသီးသည့်ဆောင်းဦးသစ်ပင်နှင့်တူ၏။
သူသည် မိမိကိုယ်ကိုယ် ချီးမြှောက်၍ စည်းစိမ်ခံစားခဲ့သည်နှင့်အညီ သူ့ကို ညှဉ်းဆဲ၍ ဝမ်းနည်းပူဆွေးစေကြလော့။ အဘယ်ကြောင့်ဆိုသော် သူက ‘ငါသည် မိဖုရားကဲ့သို့ အုပ်စိုး၏။ ငါသည် မုဆိုးမ မဟုတ်။ ငါသည် မည်သည့်အခါမျှ ဝမ်းနည်းပူဆွေးရမည် မဟုတ်’ ဟု မိမိစိတ်ထဲ၌ ပြောဆိုသောကြောင့်ဖြစ်၏။