ယေရှုက “ဒါဝိဒ်မင်းသည် မိမိနှင့် မိမိ၏အဖော်များ ဆာလောင်သည့်အချိန်၌ မည်သို့ပြုခဲ့သည်ကို သင်တို့မဖတ်ဖူးကြသလော။
မဿဲ 9:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ‘ယဇ်ပူဇော်ခြင်းထက် သနားကြင်နာတတ်ခြင်းကို ငါပို၍အလိုရှိ၏’ ဟူသည့် ကျမ်းစကားကို သင်တို့ သွား၍ သင်ယူကြလော့။ ဖြောင့်မတ်သောသူတို့ကို နောင်တရစေရန်အတွက် ငါလာ၍ ခေါ်သည်မဟုတ်။ အပြစ်သားများကို နောင်တရစေရန်အတွက် လာ၍ ခေါ်သည်” ဟု မိန့်တော်မူ၏။ Common Language Bible `ငါသည်သနားကြင်နာခြင်းကိုယဇ်ပူဇော် ခြင်းထက်ပို၍နှစ်သက်၏' ဟူသောကျမ်းစကား ၏အနက်အဋ္ဌိပ္ပါယ်ကိုသင်တို့သွား၍လေ့လာ ကြလော့။ ငါသည်ဂုဏ်အသရေရှိသူများကို ကယ်ရန်ကြွရောက်လာသည်မဟုတ်။ အပယ်ခံ သူများကိုကယ်ရန်ကြွရောက်လာသတည်း'' ဟု မိန့်တော်မူ၏။ Garrad Bible သို့ သော် လည်း ပူ ဇော် သ က္ကာ များ ထက် ကြည် ညို သော သ ဘော ကို ငါ နှစ် သက် သည် ဟူ သော ကျမ်း ချက် မှာ မည် သို့ အ ဓိ ပ္ပါယ် ရှိ သည် ကို သွား၍ သင် ကြား ကြ လော့။ ငါ ကား ဖြောင့် မတ် သူ တို့ ကို ခေါ် ရန် မ ဟုတ်။ အ ပြစ် သား တို့ ကို ခေါ် ရန် ရောက် လာ သည် ဟု မိန့် တော် မူ၏။ Judson Bible ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို နားလည်ခြင်းငှာ သင်တို့သွား၍ သင်ကြလော့။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ ခေါ်ခြင်းငှာ၊ ငါလာသည် မဟုတ်။ ဆိုးသောသူတို့ကို ခေါ်ခြင်းငှာ၊ ငါလာသတည်းဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ‘ငါသည် ယဇ်ပူဇော်ခြင်းကိုမဟုတ်ဘဲ ကရုဏာကို အလိုရှိ၏’ဟူသောကျမ်းစကားသည် မည်သည့်အရာကိုဆိုလိုကြောင်း သွား၍သင်ယူကြလော့။ အကြောင်းမူကား ဖြောင့်မတ်သောသူတို့ကိုခေါ်ရန် ငါလာသည်မဟုတ်။ အပြစ်သားတို့ကိုခေါ်ရန်ငါလာ၏”ဟု မိန့်တော်မူ၏။ မြန်မာ ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို နားလည်ခြင်းငှာ သင်တို့သွား၍ သင်ကြလော့။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ ခေါ်ခြင်းငှာ၊ ငါလာသည် မဟုတ်။ ဆိုးသောသူတို့ကို ခေါ်ခြင်းငှာ၊ ငါလာသတည်းဟု မိန့်တော်မူ၏။- |
ယေရှုက “ဒါဝိဒ်မင်းသည် မိမိနှင့် မိမိ၏အဖော်များ ဆာလောင်သည့်အချိန်၌ မည်သို့ပြုခဲ့သည်ကို သင်တို့မဖတ်ဖူးကြသလော။
ဗိမာန်တော်၌ တာဝန်ကျသော ယဇ်ပုရောဟိတ်များသည် ဥပုသ်နေ့၌ အလုပ်လုပ်ခွင့်ရှိသည်ကိုလည်း မောရှေ၏ ပညတ်ကျမ်းတွင် သင်တို့မဖတ်ဖူးသလော။
သို့သော် ‘ယဇ်ပူဇော်ခြင်းထက် သနားကြင်နာတတ်ခြင်းကို ငါပို၍အလိုရှိ၏’ ဟူသည့် ကျမ်းစာ၏ အဓိပ္ပာယ်ကို သင်တို့ သိရှိပါက အပြစ်မရှိသော ငါ၏တပည့်တော်တို့ကို ပြစ်တင်ရှုတ်ချလိမ့်မည် မဟုတ်။
ထိုအခါ ယေရှုက “ကျမ်းစာ၌ ‘တိုက်ဆောက်သောသူတို့ ပယ်ထားသည့်ကျောက်သည် အရေးပါသောထောင့်ချုပ်ကျောက် ဖြစ်လာရ၏။ ဤအမှုသည် ထာဝရဘုရား ပြုတော်မူသောအမှုဖြစ်၏။ ငါတို့မျက်စိရှေ့၌လည်း အံ့ဖွယ်ဖြစ်၏’ ဟု ရေးထားသည်ကို သင်တို့ မဖတ်ဖူးကြသလော။
“ကောင်းကင်နိုင်ငံတော် ပေါ်ထွန်းချိန်နီးပြီဖြစ်သောကြောင့် သင်တို့၏အပြစ်များအတွက် နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြလော့” ဟု ဟောလေ၏။
အပြစ်အတွက် နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြောင်းကို သင်တို့အကျင့်ဖြင့် သက်သေထူကြလော့။
ထိုအချိန်မှစ၍ ယေရှုက “ကောင်းကင်နိုင်ငံတော် ပေါ်ထွန်းချိန်နီးပြီဖြစ်သောကြောင့် နောင်တရကြလော့” ဟု စတင်ဟောပြောတော်မူ၏။
သေလွန်သောသူတို့ပြန်ရှင်ခြင်းနှင့်ပတ်သက်၍ အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ သေလွန်ပြီးနောက် အချိန်ကြာမြင့်ပြီးမှလည်း ဘုရားသခင်က ‘ငါသည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏’ ဟု မိန့်တော်မူ၏။ ၎င်းကို မီးလောင်နေသောချုံပုတ်အကြောင်းတွင် မောရှေ ရေးထားသည်ကို သင်တို့ မဖတ်ဖူးကြသလော။
ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့၊ ကိုယ်နှင့်သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ပညတ်တော်တို့ကို လိုက်နာခြင်းသည် မီးရှို့ရာယဇ်နှင့် အခြားယဇ်တို့ကို ပူဇော်ခြင်းထက် သာ၍ ကြီးမြတ်ပါသည်” ဟု ပြန်၍ လျှောက်လေ၏။
ထိုသို့ မေးကြသည်ကို ယေရှုကြားတော်မူလျှင် “ကျန်းမာသောသူတို့သည် ဆရာဝန်ကို မလိုအပ်ပါ။ ဖျားနာသောသူတို့သာလျှင် လိုအပ်ကြ၏။ ဖြောင့်မတ်သောသူတို့ကို နောင်တရစေရန်အတွက် ငါလာ၍ ခေါ်သည်မဟုတ်။ အပြစ်သားများကို နောင်တရစေရန်အတွက် လာ၍ ခေါ်သည်” ဟု မိန့်တော်မူ၏။
ယေရှုက “ပညတ်ကျမ်းတွင် မည်သို့ရေးထားသနည်း။ သင်သည် မည်သို့ဖတ်ဖူးသနည်း” ဟု ပြန်၍ မေးလေ၏။
အဘယ်ကြောင့်ဆိုသော် လူသားသည် ပျောက်ဆုံးနေသောသူများကို ရှာဖွေ၍ ကယ်တင်ရန် ကြွလာသောကြောင့်ဖြစ်သည်” ဟု မိန့်တော်မူ၏။
ခရစ်တော်၏အမည်နာမအားဖြင့် အပြစ်လွတ်ခြင်းတရားနှင့် နောင်တတရားအကြောင်းတို့ကို ဂျေရုဆလင်မြို့မှစ၍ လူမျိုးတကာတို့အား ဟောပြောရမည်။
ယေရှုက “ကျန်းမာသောသူတို့သည် ဆရာဝန်ကိုမလိုအပ်ပါ။ ဖျားနာသောသူတို့သာလျှင် လိုအပ်ကြ၏။
ငါသည် ဖြောင့်မတ်သောသူတို့ကို နောင်တရစေရန်အတွက် လာ၍ ခေါ်သည်မဟုတ်။ အပြစ်သားများကို နောင်တရစေရန်အတွက် လာ၍ ခေါ်သည်” ဟု မိန့်တော်မူ၏။
ယေရှုက “ကျမ်းစာတွင် ဘုရားသခင်က ‘သင်တို့သည် ဘုရားများဖြစ်ကြ၏’ ဟူ၍ ဖော်ပြထားသည်မဟုတ်လော။
ဤအကြောင်းအရာများကို ထိုသူတို့ကြားရသောအခါ ငြိမ်သက်သွားကြပြီး “ဤသို့ဆိုလျှင် ဘုရားသခင်သည် လူမျိုးခြားတို့အား ထာဝရအသက်ရှင်စေရန်နောင်တရခြင်းအခွင့်ကို ပေးသနားတော်မူပြီ” ဟု ဆို၍ ဘုရားသခင်ကို ချီးမွမ်းကြ၏။
ပေတရုက “သင်တို့အပြစ်များကို ခွင့်လွှတ်ခြင်းခံရရန် နောင်တရလျက် ယေရှုခရစ်တော်၏အမည်နာမ၌ သင်တို့အားလုံး နှစ်ခြင်းမင်္ဂလာခံယူကြလော့။ ထိုသို့ပြုလျှင် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော လက်ဆောင်ကို လက်ခံရရှိလိမ့်မည်။
နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြစေရန်နှင့် ကျွန်ုပ်တို့၏သခင်ယေရှုကို ယုံကြည်စေရန် ဂျူးလူမျိုးများနှင့် ဂရိလူမျိုးများကို လေးနက်စွာ ဟောပြောခဲ့၏။
ထို့ကြောင့် သင်တို့၏အပြစ်များကို ဘုရားသခင် ဖြေလွှတ်တော်မူစေရန် နောင်တရ၍ ပြောင်းလဲကြလော့။
အစ္စရေးလူမျိုးများအား နောင်တရ၍ အပြစ်တရားမှလွှတ်စေရန် ဘုရားသခင်သည် ထိုအရှင်အား ခေါင်းဆောင်နှင့် ကယ်တင်ရှင်အဖြစ် မိမိ၏လက်ယာတော်ဘက်၌ ချီးမြောက်တော်မူပြီ။
လူတချို့ ထင်မှတ်သကဲ့သို့ ထာဝရဘုရားသည် မိမိကတိတော်အတိုင်းပြုရန် နှောင့်နှေးတော်မူသည်မဟုတ်။ ကိုယ်တော်သည် မည်သူမျှ မပျက်စီးဘဲ လူတိုင်း နောင်တရစေရန် အလိုတော်ရှိ၍ သင်တို့အပေါ် စိတ်ရှည်တော်မူခြင်းသာဖြစ်၏။