Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 9:13 - မြန်မာ

13 ယဇ်​ပူ​ဇော်​ခြင်း​အ​ကျင့်​ထက် သ​နား​ခြင်း က​ရု​ဏာ​အ​ကျင့်​ကို ငါ​နှစ်​သက်၏​ဟူ​သော ကျမ်း​စ​ကား​ကို နား​လည်​ခြင်း​ငှာ သင်​တို့​သွား၍ သင်​ကြ​လော့။ ဖြောင့်​မတ်​သော​သူ​တို့​ကို နောင်​တ​သို့ ခေါ်​ခြင်း​ငှာ၊ ငါ​လာ​သည် မ​ဟုတ်။ ဆိုး​သော​သူ​တို့​ကို ခေါ်​ခြင်း​ငှာ၊ ငါ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 `ငါ​သည်​သ​နား​ကြင်​နာ​ခြင်း​ကို​ယဇ်​ပူ​ဇော် ခြင်း​ထက်​ပို​၍​နှစ်​သက်​၏' ဟူ​သော​ကျမ်း​စ​ကား ၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​သင်​တို့​သွား​၍​လေ့​လာ ကြ​လော့။ ငါ​သည်​ဂုဏ်​အ​သ​ရေ​ရှိ​သူ​များ​ကို ကယ်​ရန်​ကြွ​ရောက်​လာ​သည်​မ​ဟုတ်။ အ​ပယ်​ခံ သူ​များ​ကို​ကယ်​ရန်​ကြွ​ရောက်​လာ​သ​တည်း'' ဟု မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 သို့ သော် လည်း ပူ ဇော် သ က္ကာ များ ထက် ကြည် ညို သော သ ဘော ကို ငါ နှစ် သက် သည် ဟူ သော ကျမ်း ချက် မှာ မည် သို့ အ ဓိ ပ္ပါယ် ရှိ သည် ကို သွား၍ သင် ကြား ကြ လော့။ ငါ ကား ဖြောင့် မတ် သူ တို့ ကို ခေါ် ရန် မ ဟုတ်။ အ ပြစ် သား တို့ ကို ခေါ် ရန် ရောက် လာ သည် ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ယဇ်​ပူ​ဇော်​ခြင်း​အ​ကျင့်​ထက် သ​နား​ခြင်း က​ရု​ဏာ​အ​ကျင့်​ကို ငါ​နှစ်​သက်၏​ဟူ​သော ကျမ်း​စ​ကား​ကို နား​လည်​ခြင်း​ငှာ သင်​တို့​သွား၍ သင်​ကြ​လော့။ ဖြောင့်​မတ်​သော​သူ​တို့​ကို နောင်​တ​သို့ ခေါ်​ခြင်း​ငှာ၊ ငါ​လာ​သည် မ​ဟုတ်။ ဆိုး​သော​သူ​တို့​ကို ခေါ်​ခြင်း​ငှာ၊ ငါ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ‘ငါ​သည် ယဇ်​ပူဇော်​ခြင်း​ကို​မ​ဟုတ်​ဘဲ ကရုဏာ​ကို အလိုရှိ​၏’ဟူသော​ကျမ်း​စကား​သည် မည်သည့်​အရာ​ကို​ဆိုလို​ကြောင်း သွား​၍​သင်ယူ​ကြ​လော့။ အကြောင်းမူကား ဖြောင့်မတ်​သော​သူ​တို့​ကို​ခေါ်​ရန် ငါ​လာ​သည်​မ​ဟုတ်။ အပြစ်သား​တို့​ကို​ခေါ်​ရန်​ငါ​လာ​၏”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 ‘ယဇ်ပူဇော်ခြင်း​ထက် သနားကြင်နာတတ်ခြင်း​ကို ငါ​ပို၍​အလိုရှိ၏’ ဟူသည့် ကျမ်းစကား​ကို သင်တို့ သွား​၍ သင်ယူကြလော့။ ဖြောင့်မတ်သောသူတို့​ကို နောင်တရ​စေရန်​အတွက် ငါ​လာ​၍ ခေါ်သည်​မဟုတ်။ အပြစ်သားများ​ကို နောင်တရ​စေရန်​အတွက် လာ​၍ ခေါ်သည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 9:13
39 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​က ဒါ​ဝိဒ်​သည် မိ​မိ​အ​ဖော်​တို့​နှင့်​တ​ကွ မွတ်​သိပ်​သော​အ​ခါ၊-


ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ဗိ​မာန်​တော်​တွင် ဥ​ပုသ်​နေ့၌ ဥ​ပုသ်​ပျက်​သော်​လည်း၊ အ​ပြစ်​မ​သင့်​သည်​ကို ပ​ည​တ္တိ​ကျမ်း၌ မ​ဖတ်​ဖူး​သ​လော။-


ယဇ်​ပူ​ဇော်​ခြင်း​အ​ကျင့်​ထက် သ​နား​ခြင်း​က​ရု​ဏာ​အ​ကျင့်​ကို ငါ​နှစ်​သက်၏​ဟူ​သော ကျမ်း​စ​ကား​ကို သင်​တို့​သည် နား​လည်​လျှင်၊ အ​ပြစ်​ကင်း​သော​သူ​တို့​ကို အ​ပြစ်​မ​တင် မ​စီ​ရင်​ကြ​ပြီ။-


ကိုယ်​တော်​က၊ အ​စ​အ​ဦး၌ ဖန်​ဆင်း​တော်​မူ​သော​သူ​သည် ယောက်ျား​နှင့် မိန်း​မ​နှစ်​ယောက်​တည်း​ကို ဖန်​ဆင်း​တော်​မူ၏။-


ယေ​ရှု​က​လည်း၊ တိုက်​ကို​တည်​လုပ်​သော​သူ​များ ပယ်​ထား​သော​ကျောက်​သည် နောက်​တစ်​ဖန် တိုက်​ထောင့်​အ​ထွတ်​ဖျား​သို့ ရောက်​ပြန်၏။ ထို​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​သော​အ​မှု ဖြစ်၏။ ငါ​တို့ မျက်​မှောက်၌​လည်း အံ့​ဩ​ဖွယ်​ဖြစ်၏ ဟူ​သော​စ​ကား​ကို ကျမ်း​စာ၌ သင်​တို့​သည် တစ်​ရံ​တစ်​ခါ​မျှ မ​ဖတ်​ဖူး​သ​လော။-


ထို​ကြောင့် နောင်​တ​ရ​ကြ​လော့​ဟု ယု​ဒ​တော၌ ဟော​လေ၏။


နောင်​တ​ရ​ခြင်း​နှင့် ထိုက်​တန်​သော​အ​ကျင့်​ကို ကျင့်​ကြ​လော့။


ထို​အ​ခါ​မှ​စ၍ ယေ​ရှု​က၊ နောင်​တ​ရ​ကြ​လော့။ ကောင်း​ကင်​နိုင်​ငံ​တော်​သည် တည်​လု​နီး​ပြီ ဟူ​သော တ​ရား​ကို ဟော​စ​ပြု​တော်​မူ၏။-


ထို​မှ​တစ်​ပါး သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​အ​ရာ​မှာ၊ ဘု​ရား​သ​ခင်​က ငါ​သည် အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား ဖြစ်​သည်​ဟု မော​ရှေ​အား မိန့်​တော်​မူ​ကြောင်း​ကို မော​ရှေ​၏​ကျမ်း၊ ချုံ​ခဏ်း​၌ သင်​တို့​သည် မ​ဖတ်​ဖူး​သ​လော။-


ထို​ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​သ​ခင် မ​ရှိ။ ထို​ဘု​ရား​သ​ခင်​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့၊ ဉာဏ်​ရှိ​သ​မျှ၊ အ​စွမ်း​သ​တ္တိ​ရှိ​သ​မျှ​နှင့် ချစ်​ခြင်း၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော သူ​ကို​လည်း၊ ကိုယ်​နှင့်​အ​မျှ ချစ်​ခြင်း​အ​ကျင့်​သည် မီး​ရှို့​သော​ယဇ်​ကောင်​မှ​စ၍ ယဇ်​အ​မျိုး​မျိုး​တို့​ကို ပူ​ဇော်​ခြင်း​အ​ကျင့်​ထက် သာ၍ မြတ်​ပါ​သည်​ဟု လျှောက်​လေ၏။-


ယေ​ရှု​သည် ကြား​တော်​မူ​လျှင်၊ ကျန်း​မာ​သော​သူ​တို့​သည် ဆေး​သ​မား​ကို အ​လို​မ​ရှိ​ကြ။ နာ​သော​သူ​တို့​သာ​လျှင် အ​လို​ရှိ​ကြ၏။ ဖြောင့်​မတ်​သော​သူ​တို့​ကို နောင်​တ​သို့​ခေါ်​ခြင်း​ငှာ ငါ​လာ​သည်​မ​ဟုတ်၊ ဆိုး​သော​သူ​တို့​ကို ခေါ်​ခြင်း​ငှာ ငါ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။


ကိုယ်​တော်​က၊ ပ​ည​တ္တိ​ကျမ်း၌ အ​ဘယ်​သို့​လာ​သ​နည်း။ သင်​သည်​အ​ဘယ်​သို့ ဖတ်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊-


လူ​သား​သည် ပျောက်​သော​သူ​တို့​ကို​ရှာ၍ ကယ်​တင်​အံ့​သော​ငှာ ကြွ​လာ​သ​တည်း​ဟု ဇ​က္ခဲ​ကို မိန့်​တော်​မူ၏။


ခ​ရစ်​တော်၏ အ​ခွင့်​အား​ဖြင့် နောင်​တ​တ​ရား​နှင့် အ​ပြစ်​လွှတ်​ခြင်း​တ​ရား​ကို ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော လူ​မျိုး​တ​ကာ​တို့​အား ဟော​ပြော​ရ​မည်။-


ယေ​ရှု​က​လည်း၊ ကျန်း​မာ​သော​သူ​တို့​သည် ဆေး​သ​မား​ကို အ​လို​မ​ရှိ​ကြ။ နာ​သော​သူ​တို့​သာ​လျှင် အ​လို​ရှိ​ကြ၏။-


ဖြောင့်​မတ်​သော​သူ​တို့​ကို နောင်​တ​သို့ ခေါ်​ခြင်း​ငှာ ငါ​လာ​သည်​မ​ဟုတ်။ ဆိုး​သော​သူ​တို့​ကို​ခေါ်​ခြင်း​ငှာ ငါ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။


ယေ​ရှု​က​လည်း၊ သင်​တို့​သည် ဘု​ရား​ဖြစ်​ကြ၏၊ ငါ​ဆို​သည်​ဟု သင်​တို့၏ ပ​ည​တ္တိ​ကျမ်း​စာ၌ လာ​သည်​မ​ဟုတ်​လော။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ