Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 19:4 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 ယေရှု​က “အစဦး​တွင် ဘုရားသခင်​သည် ‘ယောက်ျား​နှင့်​မိန်းမ​ကို ဖန်ဆင်းတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ကိုယ်​တော်​က ``ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​သည် အ​စ​အ​ဦး​က​ပင်​လျှင်​ယောကျာ်း​နှင့်​မိန်းမ​ကို ဖန်​ဆင်း​တော်​မူ​၏။ ဟူ​သော​ကျမ်း​စ​ကား​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​ပါ​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ကိုယ် တော် က အ စ အဦး ၌ ဖန် ဆင်း သော အ ရှင် သည် ယောက်ျား နှင့် မိန်း မ ကို ဖြစ် စေ တော် မူ ပြီး လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ကိုယ်​တော်​က၊ အ​စ​အ​ဦး၌ ဖန်​ဆင်း​တော်​မူ​သော​သူ​သည် ယောက်ျား​နှင့် မိန်း​မ​နှစ်​ယောက်​တည်း​ကို ဖန်​ဆင်း​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ကိုယ်တော်​က​လည်း“ဖန်ဆင်း​တော်မူ​သော​အရှင်​သည် အစအဦး​က​ပင် သူ​တို့​ကို ယောက်ျား​နှင့်​မိန်းမ​အဖြစ် ဖန်ဆင်း​တော်မူ​လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

4 ကိုယ်​တော်​က၊ အ​စ​အ​ဦး၌ ဖန်​ဆင်း​တော်​မူ​သော​သူ​သည် ယောက်ျား​နှင့် မိန်း​မ​နှစ်​ယောက်​တည်း​ကို ဖန်​ဆင်း​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 19:4
15 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “ဒါဝိဒ်မင်း​သည် မိမိ​နှင့် မိမိ​၏​အဖော်များ ဆာလောင်သည့်​အချိန်​၌ မည်သို့​ပြုခဲ့သည်​ကို သင်တို့​မဖတ်ဖူးကြသလော။


ထိုအခါ ယေရှု​က “ကျမ်းစာ​၌ ‘တိုက်ဆောက်သော​သူတို့ ပယ်ထားသည့်​ကျောက်​သည် အရေးပါသော​ထောင့်ချုပ်ကျောက် ဖြစ်လာရ၏။ ဤ​အမှု​သည် ထာဝရဘုရား ပြုတော်မူသော​အမှု​ဖြစ်၏။ ငါတို့​မျက်စိ​ရှေ့​၌လည်း အံ့ဖွယ်​ဖြစ်၏’ ဟု ရေးထားသည်​ကို သင်တို့ မဖတ်ဖူးကြသလော။


တပည့်တော်​နှစ်ပါးတို့​သည်လည်း ယေရှု​ညွှန်ကြားတော်မူသည့်​အတိုင်း သွား​၍ လုပ်ဆောင်ကြပြီး


သေလွန်သော​သူတို့​ရှင်ပြန်ထမြောက်ခြင်း​နှင့်​ပတ်သက်၍ အာဗြဟံ၊ ဣဇာက်​နှင့် ယာကုပ်​တို့ သေလွန်​ပြီးနောက် အချိန်​ကြာမြင့်​ပြီးမှ​လည်း ဘုရားသခင်​က ‘ငါ​သည် အာဗြဟံ​၏​ဘုရား၊ ဣဇာက်​၏​ဘုရား၊ ယာကုပ်​၏​ဘုရား​ဖြစ်၏’ ဟု မိန့်တော်မူသည်​ကို ကျမ်းစာ​၌ သင်တို့ မဖတ်ဖူးကြသလော။ သို့ဖြစ်၍ ဘုရားသခင်​သည် သေလွန်သော​သူတို့​၏ ဘုရား​မဟုတ်ပါ။ အသက်ရှင်သော​သူတို့​၏ ဘုရား​ဖြစ်၏” ဟု မိန့်တော်မူ၏။


ကျမ်းစာ​၌ ‘တိုက်ဆောက်သော​သူတို့ ပယ်ထားသည့်​ကျောက်​သည် အရေးပါသော​ထောင့်ချုပ်ကျောက် ဖြစ်လာရ၏။


သေလွန်သော​သူတို့​ပြန်ရှင်ခြင်း​နှင့်​ပတ်သက်၍ အာဗြဟံ၊ ဣဇာက်​နှင့် ယာကုပ်​တို့ သေလွန်​ပြီးနောက် အချိန်​ကြာမြင့်​ပြီးမှ​လည်း ဘုရားသခင်​က ‘ငါ​သည် အာဗြဟံ​၏​ဘုရား၊ ဣဇာက်​၏​ဘုရား၊ ယာကုပ်​၏​ဘုရား​ဖြစ်၏’ ဟု မိန့်တော်မူ၏။ ၎င်း​ကို မီးလောင်နေသော​ချုံပုတ်​အကြောင်း​တွင် မောရှေ ရေးထားသည်​ကို သင်တို့ မဖတ်ဖူးကြသလော။


ယေရှု​က “ယဇ်ပရောဟိတ်မင်း​အဗျာသာ လက်ထက်​၌ ဒါဝိဒ်မင်း​သည် မိမိ​နှင့်​နောက်လိုက်များ ဆာလောင်သည့်​အချိန်​၌ မည်သို့​ပြုခဲ့သည်​ကို သင်တို့​တစ်ခါမျှ မဖတ်ဖူးကြသလော။


ယေရှု​က “ပညတ်ကျမ်း​တွင် မည်သို့​ရေးထားသနည်း။ သင်​သည် မည်သို့​ဖတ်ဖူးသနည်း” ဟု ပြန်​၍ မေးလေ၏။


ယေရှု​က “ဒါဝိဒ်မင်း​သည် မိမိ​နှင့်​နောက်လိုက်များ ဆာလောင်သည့်​အချိန်​၌ မည်သို့​ပြုခဲ့ကြောင်း​ကို သင်တို့​မဖတ်ဖူးကြသလော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ