မဿဲ 6:34 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် မနက်ဖြန်အတွက် မစိုးရိမ်နှင့်။ မနက်ဖြန်နှင့် သက်ဆိုင်သောစိုးရိမ်စရာသည် မနက်ဖြန်၌သာ ရှိ၏။ ယနေ့ကြုံတွေ့ရသောဒုက္ခပြဿနာသည် ယနေ့အတွက် တော်လောက်ပေ၏။ Common Language Bible ထို့ကြောင့်နက်ဖြန်နေ့အဖို့မစိုးရိမ်ကြနှင့်။ နက်ဖြန် နေ့နှင့်သက်ဆိုင်သည့်စိုးရိမ်စရာများကိုထိုနေ့၌ ကြုံတွေ့ဖြေရှင်းရလိမ့်မည်။ ယနေ့ကြုံတွေ့ရသည့် စိုးရိမ်စရာများသည်ယနေ့အတွက်တော်လောက် ပေ၏။ Garrad Bible ထို့ ကြောင့် နက် ဖြန် နေ့ အ ဖို့ မ စိုး ရိမ် ကြ နှင့်။ နက် ဖြန် နေ့ က ပင် ကိုယ့် အ ဖို့ စိုး ရိမ် လိမ့် မည်။ တစ် ရက် နှင့် ဆိုင် သော ဒု က္ခ သည် ထို ရက် အ ဖို့ တော် လောက် ၏။ Judson Bible ထိုကြောင့် နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဖို့ စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သော အရာသည် ယခုနေ့ဖို့ လောက်ပေ၏ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် မနက်ဖြန်အတွက် မစိုးရိမ်ကြနှင့်။ အကြောင်းမူကား မနက်ဖြန်သည် မိမိအတွက်စိုးရိမ်လိမ့်မည်။ နေ့တစ်နေ့၌ကြုံတွေ့ရသည့် မကောင်းမသင့်သောအရာသည် ထိုနေ့အတွက် လုံလောက်ပေ၏။ မြန်မာ ထိုကြောင့် နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဖို့ စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သော အရာသည် ယခုနေ့ဖို့ လောက်ပေ၏ |
ထို့ကြောင့် သင်တို့အား ငါပြောဆိုသည်မှာ သင်တို့အသက်ရှင်ရန်အတွက် မည်သည့်အရာစားသောက်ရမည်ကိုလည်းကောင်း၊ သင်တို့ကိုယ်ခန္ဓာအတွက် မည်သည့်အရာဝတ်ရမည်ကိုလည်းကောင်း မစိုးရိမ်ကြနှင့်။ အသက်သည် အစာထက်မြတ်သည် မဟုတ်လော။ ကိုယ်ခန္ဓာသည် အဝတ်ထက်မြတ်သည် မဟုတ်လော။
ယေရှုကလည်း “အို မာသ… မာသ… သင်သည် အလုပ်များကြောင့် စိုးရိမ်ပူပန်လျက် နှောင့်ယှက်ခြင်းကို ခံရလေပြီ။
လူတို့သည် သင်တို့ကို ဝတ်ပြုဆောင်များသို့လည်းကောင်း၊ အစိုးရမင်းများ၊ အာဏာပိုင်များထံသို့လည်းကောင်း ခေါ်ဆောင်သွားသောအခါ သင်တို့သည် မိမိကိုယ်ကိုယ် မည်သို့ခုခံပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။
ထို့နောက် တပည့်တော်တို့အား “ထို့ကြောင့် သင်တို့အား ငါပြောဆိုသည်မှာ သင်တို့အသက်ရှင်ရန်အတွက် မည်သည့်အရာစားရမည်ကိုလည်းကောင်း၊ သင်တို့ကိုယ်ခန္ဓာအတွက် မည်သည့်အရာဝတ်ရမည်ကိုလည်းကောင်း မစိုးရိမ်ကြနှင့်။
ငြိမ်းချမ်းခြင်းကို သင်တို့အတွက် ငါထားခဲ့၏။ ငါ၏ ငြိမ်းချမ်းခြင်းကို သင်တို့အား ငါပေး၏။ သင်တို့အား ငါပေးသောငြိမ်းချမ်းခြင်းသည် လောကီသားတို့ မပေးနိုင်သော ဆုလာဘ်ဖြစ်၏။ ထို့ကြောင့် စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။
ငါ့ကြောင့် သင်တို့ငြိမ်းချမ်းခြင်းရှိစေရန် ဤအကြောင်းအရာများကို ငါပြောပြီ။ ဤကမ္ဘာလောက၌ သင်တို့သည် ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ကြရလိမ့်မည်။ သို့သော် အားမငယ်ကြနှင့်။ ငါသည် ဤလောကကို အောင်ပြီ” ဟု မိန့်တော်မူ၏။
သူတို့က “ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများစွာခံရခြင်းအားဖြင့် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ကြရမည်” ဟု ဆိုလျက် ထိုမြို့များရှိ တပည့်တော်တို့၏ စိတ်ကို ကြံ့ခိုင်စေကြ၏။ ယုံကြည်ခြင်းတွင်လည်း ဆက်လက်ရပ်တည်ရန် ခွန်အားပေးကြ၏။
မည်သည့်အမှုကိုမျှ မစိုးရိမ်ဘဲ အခြေအနေတိုင်း၌ ကျေးဇူးတော်ကို ချီးမွမ်း၍ ဆုတောင်းခြင်း၊ အသနားခံခြင်းတို့ဖြင့် သင်တို့ လိုအပ်သောအရာများကို ဘုရားသခင်ထံ တောင်းလျှောက်ကြလော့။
ကိုယ်တော်သည် သင်တို့ကို ဂရုစိုက်တော်မူသောကြောင့် သင်တို့၏ စိုးရိမ်မှုအပေါင်းတို့ကို ကိုယ်တော်ထံ အပ်နှံကြလော့။