Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 6:25 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

25 ထို့ကြောင့် သင်တို့​အား ငါ​ပြောဆိုသည်​မှာ သင်တို့​အသက်ရှင်​ရန်အတွက် မည်သည့်​အရာ​စားသောက်ရမည်​ကို​လည်းကောင်း၊ သင်တို့​ကိုယ်ခန္ဓာ​အတွက် မည်သည့်​အရာ​ဝတ်ရမည်​ကို​လည်းကောင်း မစိုးရိမ်ကြနှင့်။ အသက်​သည် အစာ​ထက်​မြတ်သည် မဟုတ်လော။ ကိုယ်​ခန္ဓာ​သည် အဝတ်​ထက်​မြတ်သည် မဟုတ်လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 ``ထို​ကြောင့်​သင်​တို့​အား​ငါ​ဆို​သည်​ကား​သင်​တို့ သည်​အ​ဘယ်​အ​ရာ​ကို​စား​သောက်​ရ​ပါ​မည်​နည်း ဟု အ​သက်​ရှင်​ရေး​အ​တွက်​မ​စိုး​ရိမ်​ကြ​နှင့်။ အ​ဘယ် အ​ရာ​ကို​ဝတ်​ရ​ပါ​မည်​နည်း​ဟု​ကိုယ်​ခန္ဓာ​အ​တွက် မ​စိုး​ရိမ်​ကြ​နှင့်။ အ​သက်​သည်​အ​စား​အ​သောက် ထက်​လည်း​ကောင်း၊ ကိုယ်​ခန္ဓာ​သည်​အ​ဝတ်​ထက်​လည်း ကောင်း​ပို​၍​အ​ရေး​ကြီး​သည်​မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 သို့ ဖြစ်၍ ငါ ဆို သည် ကား မည် သည့် အ ရာ ကို စား ရ မည်။ မည် သည့် အ ရာ ကို သောက် ရ မည် ဟူ၍ ကိုယ့် အ သက် အ တွက် မ စိုး ရိမ် ကြ နှင့်။ မည် သည့် အ ရာ ကို ဝတ် ရ မည် ဟူ၍ ကိုယ် ခ န္ဓာ အ တွက် လည်း မ စိုး ရိမ် ကြ နှင့်။ အ သက် သည် အ စား အ သောက် ထက်၊ ကိုယ် ခ န္ဓာ သည် အ ဝတ် ထက် မြတ် သည် မ ဟုတ် လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ထို​ကြောင့် ငါ​ဆို​သည်​ကား၊ အ​ဘယ်​သို့ စား​သောက်​ရ​မည်​ဟု အ​သက်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​ဘယ်​သို့ ဝတ်​ရ​မည်​ဟု ကိုယ်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​စာ​ထက် အ​သက်​မြတ်​သည် မ​ဟုတ်​လော။ အ​ဝတ်​ထက် ကိုယ်​မြတ်​သည် မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 သို့ဖြစ်၍ သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​အသက်ရှင်​ရေး​အတွက် မည်သည့်​အရာ​ကို စား​ရ​မည်နည်း၊ မည်သည့်​အရာ​ကို သောက်​ရ​မည်နည်း​ဟူ၍​လည်းကောင်း၊ သင်​တို့​၏​ကိုယ်ခန္ဓာ​အတွက် မည်သည့်​အရာ​ကို ဝတ်​ရ​မည်နည်း​ဟူ၍​လည်းကောင်း မ​စိုးရိမ်​ကြ​နှင့်။ အသက်​သည် အစာ​ထက် အရေးကြီး​သည်​မ​ဟုတ်​လော။ ကိုယ်ခန္ဓာ​သည်​လည်း အဝတ်​ထက် အရေးကြီး​သည်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

25 ထို​ကြောင့် ငါ​ဆို​သည်​ကား၊ အ​ဘယ်​သို့ စား​သောက်​ရ​မည်​ဟု အ​သက်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​ဘယ်​သို့ ဝတ်​ရ​မည်​ဟု ကိုယ်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​စာ​ထက် အ​သက်​မြတ်​သည် မ​ဟုတ်​လော။ အ​ဝတ်​ထက် ကိုယ်​မြတ်​သည် မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 6:25
22 ပူးပေါင်းရင်းမြစ်များ  

သင်တို့​ကို အပ်နှံကြ​သောအခါ မည်သို့​တုံ့ပြန်​ပြောဆို​ရမည်​ကို မစိုးရိမ်ကြနှင့်။ ဘုရားသခင်​သည် သင်တို့​ပြောဆိုရမည့်​စကား​ကို ထို​အချိန်​၌ ပေးတော်မူ​လိမ့်မည်။


ဆူးပင်​ကြား​တွင် ကျသော​မျိုးစေ့​မှာ တရားစကား​ကို​ကြား​သော်လည်း လောကီရေးရာ​ကို​စိုးရိမ်ခြင်း​နှင့် စည်းစိမ်​၏​ဖြားယောင်းခြင်းတို့​က ထို​တရားစကား​ကို လျင်မြန်​စွာ ပိတ်ဆို့ထား​သဖြင့် အသီး​မသီးနိုင်သော​သူ​ကို ဆိုလို၏။


ထို့ကြောင့် မည်သည့်​အရာ​ကို စားသောက်ရမည်နည်း၊ မည်သည့်​အရာ​ကို ဝတ်ဆင်ရမည်နည်း​ဟု ဆို​လျက် မစိုးရိမ်ကြနှင့်။


ထို့ကြောင့် မနက်ဖြန်​အတွက် မစိုးရိမ်နှင့်။ မနက်ဖြန်​နှင့် သက်ဆိုင်သော​စိုးရိမ်စရာ​သည် မနက်ဖြန်​၌​သာ ရှိ၏။ ယနေ့​ကြုံတွေ့ရသော​ဒုက္ခပြဿနာ​သည် ယနေ့​အတွက် တော်လောက်ပေ၏။


လူတို့​သည် သင်တို့​ကို ဖမ်းဆီး​၍ အမှုစစ်ကြ​သောအခါ မည်သို့​ပြောဆိုရမည်​ကို ကြိုတင်​၍ မစိုးရိမ်ကြနှင့်။ ထို​အချိန်​၌ သင်တို့​စိတ်ထဲ​တွင် ဘုရားသခင် ဖော်ပြတော်မူမည့်​စကား​ကိုသာ ပြောကြလော့။ သို့ဖြစ်၍ ထိုသို့ ပြောဆိုနေမည့်သူ​မှာ သင်တို့​မဟုတ်ဘဲ သန့်ရှင်းသော​ဝိညာဉ်တော်​ပင် ဖြစ်၏။


လောကီရေးရာ​ကို​စိုးရိမ်ခြင်း၊ စည်းစိမ်​၏​ဖြားယောင်းခြင်း​နှင့် အခြား​တပ်မက်ခြင်းတို့​က ထို​တရားစကား​ကို ပိတ်ဆို့ထား​သဖြင့် အသီး​မသီးနိုင်ကြ။


လူတို့​သည် သင်တို့​ကို ဝတ်ပြုဆောင်များ​သို့​လည်းကောင်း၊ အစိုးရမင်းများ၊ အာဏာပိုင်များ​ထံသို့​လည်းကောင်း ခေါ်ဆောင်သွား​သောအခါ သင်တို့​သည် မိမိကိုယ်ကိုယ် မည်သို့​ခုခံပြောဆိုရမည်​ကို မစိုးရိမ်ကြနှင့်။


ဆူးပင်​ကြား​တွင် ကျသော​မျိုးစေ့​မှာ တရားစကား​ကို ကြား​သော်လည်း သူတို့​၏​စိုးရိမ်​ပူပန်ခြင်း၊ ချမ်းသာ​ကြွယ်ဝခြင်း၊ အပျော်အပါး​လိုက်စားခြင်းတို့​သည် ကြီးထွားခြင်း​ကို ပိတ်ဆို့ထား​သဖြင့် အသီး​မသီးနိုင်သော​သူတို့​ကို ဆိုလို၏။


ကျွန်ုပ်တို့​အားလုံး​အတွက် မိမိ​သားတော်​ရင်း​ကိုပင် မနှမြောဘဲ စွန့်တော်မူသော ဘုရားသခင်​သည် ထို​သားတော်​နှင့်တကွ ရှိသမျှ​အရာခပ်သိမ်း​ကိုလည်း ကျွန်ုပ်တို့​အား မပေးဘဲ နေတော်မူမည်လော။


ကျွန်ုပ်​သည် သင်တို့​အား စိုးရိမ်​ပူပန်မှု​နှင့် ကင်းလွတ်​စေချင်၏။ အိမ်ထောင်​မရှိသော​ယောက်ျား​သည် သခင်ဘုရား​ကို မည်သို့ နှစ်သက်စေရမည်​ကို တွေးတော​လျက် သခင်ဘုရား​၏ အမှုတော်​ကို ဂရုစိုက်တတ်၏။


မည်သည့်​အမှု​ကိုမျှ မစိုးရိမ်ဘဲ အခြေအနေ​တိုင်း​၌ ကျေးဇူးတော်​ကို ချီးမွမ်း​၍ ဆုတောင်းခြင်း၊ အသနားခံခြင်းတို့​ဖြင့် သင်တို့ လိုအပ်သော​အရာများ​ကို ဘုရားသခင်​ထံ တောင်းလျှောက်ကြလော့။


စစ်သား​သည် မိမိ​ကို စစ်သူရဲ​နေရာ​၌ ခန့်ထားသောသူ​အား နှစ်သက်​စေရန် စစ်မှု​ဆိုင်ရာ​မဟုတ်သော​လောကီမှု​ကိစ္စများ​တွင် ပါဝင်​ပတ်သက်ခြင်း​မရှိတတ်။


ကိုယ်တော်​သည် သင်တို့​ကို ဂရုစိုက်တော်မူ​သောကြောင့် သင်တို့​၏ စိုးရိမ်မှု​အပေါင်းတို့​ကို ကိုယ်တော်​ထံ အပ်နှံကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ