သို့ရာတွင် ငါသည် သေခြင်းမှ ထမြောက်ပြီးနောက် ဂါလိလဲပြည်သို့ သင်တို့ထက် ဦးစွာသွားမည်” ဟု မိန့်တော်မူ၏။
သို့ရာတွင်ငါသည်သေခြင်းမှထမြောက် ပြီးနောက်သင်တို့အလျင်ဂါလိလဲပြည် သို့သွားနှင့်မည်'' ဟုတပည့်တော်တို့အား မိန့်တော်မူ၏။
သို့ ရာ တွင် ငါ သည် ရှင် ပြန် ထ မြောက် ပြီး နောက် ဂါ လိ လဲ နယ် သို့ သင် တို့ အ ရင် သွား နှင့် မည် ဟု မိန့် တော် မူ ၏။
သို့သော်လည်း ငါသည်ထမြောက်ပြီးမှ သင်တို့ရှေ့ ဂါလိလဲပြည်သို့ သွားမည်ဟု မိန့်တော်မူသော်၊-
သို့သော် ငါသည် ထမြောက်ပြီးနောက် ဂါလိလဲနယ်သို့ သင်တို့ထက် အလျင်ဦးစွာသွားနှင့်မည်”ဟု မိန့်တော်မူ၏။
ထိုအချိန်မှစ၍ ယေရှုက မိမိသည် ဂျေရုဆလင်မြို့သို့ သွားရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများလက်တွင် ဒုက္ခများစွာ ခံရမည်။ အသေသတ်ခြင်းကိုလည်း ခံရ၍ သုံးရက်မြောက်နေ့တွင် သေခြင်းမှထမြောက်တော်မူမည်ဟူသောအကြောင်းအရာများကို တပည့်တော်တို့အား စတင်ဖော်ပြတော်မူ၏။
လူသားကို လူမျိုးခြားတို့၏လက်သို့ အပ်နှံ၍ ပြက်ရယ်ပြုခြင်း၊ ရိုက်နှက်ခြင်း၊ လက်ဝါးကပ်တိုင်တွင် သတ်ခြင်း စသည်တို့ကိုပြုစေလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့တွင် သူသည် သေခြင်းမှ ထမြောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုအခါ ပေတရုက “အခြားသူအပေါင်းတို့သည် သခင့်ကို စွန့်ခွာကြလျှင်လည်း အကျွန်ုပ်သည် မည်သည့်အခါမျှ စွန့်ခွာမည်မဟုတ်ပါ” ဟု လျှောက်လေ၏။
ယေရှုက “မကြောက်ကြနှင့်။ သွား၍ ငါ့တပည့်တို့အား ဂါလိလဲပြည်သို့ သွားရန် ပြောကြလော့။ သူတို့သည် ထိုနေရာ၌ ငါ့ကိုတွေ့မြင်ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ထို့နောက် တပည့်တော်ဆယ့်တစ်ပါးတို့သည် သူတို့အား ယေရှုမှာကြားတော်မူသည့်အတိုင်း ဂါလိလဲပြည်ရှိ တောင်ပေါ်သို့ တက်ကြ၏။
ယခု သင်တို့သည် ပေတရု အပါအဝင်၊ တပည့်တော်တို့ထံသို့ သွား၍ ‘ယေရှုသည် သင်တို့ထက်ဦးစွာ ဂါလိလဲပြည်သို့ ကြွတော်မူမည်။ အသေခံတော်မမူမီ မိန့်တော်မူသည့်အတိုင်း သင်တို့သည် သူ့ကို ထိုနေရာ၌ တွေ့မြင်ကြရလိမ့်မည်’ ဟူ၍ ပြောကြလော့” ဟု ဆို၏။
ထို့နောက် ယုံကြည်သောသူငါးရာကျော်တို့အား တစ်ချိန်တည်းတွင်ပင် ကိုယ်ထင်ပြတော်မူ၏။ ထိုသူတို့ထဲမှ တချို့သည် ကွယ်လွန်ကြပြီဖြစ်သော်လည်း အများစုမှာမူ သက်ရှိထင်ရှားနေဆဲဖြစ်ကြ၏။