Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 15:6 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ထို့နောက် ယုံကြည်သောသူ​ငါးရာ​ကျော်​တို့​အား တစ်ချိန်တည်း​တွင်ပင် ကိုယ်ထင်ပြတော်မူ၏။ ထို​သူတို့​ထဲမှ တချို့​သည် ကွယ်လွန်ကြပြီ​ဖြစ်​သော်လည်း အများစု​မှာမူ သက်ရှိ​ထင်ရှား​နေဆဲ​ဖြစ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ထို​နောက်​ကိုယ်​တော်​အား​ခ​ရစ်​ယာန်​ညီ​အစ်​ကို ငါး​ရာ​ကျော်​တို့​သည်​တစ်​ပြိုင်​နက်​ဖူး​မြင်​ရ ကြ​၏။ ထို​သူ​တို့​အ​ထဲ​မှ​လူ​အ​ချို့​တို့​သည် သေ​လွန်​သွား​ပြီ​ဖြစ်​သော်​လည်း​လူ​အ​များ​စု မှာ​ယ​ခု​တိုင်​အောင်​အ​သက်​ရှင်​လျက်​ရှိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ထို နောက် အ ချို့ အိပ် ပျော် ပြီး ဖြစ် သော် လည်း အ များ အား ဖြင့် ယ ခု တိုင် ရှိ သေး သော ညီ အစ် ကို ငါး ရာ ကျော် အား တစ် ပြိုင် နက် ထင် ရှား တော် မူ ကြောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ထို​နောက် ညီ​အစ်​ကို​ငါး​ရာ​မ​က၊ တစ်​ပြိုင်​နက် မြင်​ရ​ကြ၏။ ထို​သူ​တို့​တွင် အ​များ​သော​သူ​တို့​သည် ယ​ခု​တိုင်​အောင် အ​သက်​ရှင်​ကြ​သေး၏။ အ​ချို့​တို့​သည် အိပ်​ပျော်​ကြ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ထို့နောက် ကိုယ်တော်​သည် ညီအစ်ကို​ငါးရာ​ကျော်​တို့​ထံ တစ်ပြိုင်တည်း​မှာ​ပင် ထင်ရှားပြ​တော်မူ​၏။ ထို​သူ​တို့​ထဲမှ အချို့​တို့​သည် အိပ်ပျော်​ကြ​ပြီ​ဖြစ်​သော်လည်း အများစု​တို့​သည် ယခု​တိုင်အောင် အသက်ရှင်​လျက်​ရှိ​သေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 15:6
10 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “မကြောက်ကြနှင့်။ သွား​၍ ငါ့​တပည့်တို့​အား ဂါလိလဲပြည်​သို့ သွား​ရန် ပြောကြလော့။ သူတို့​သည် ထို​နေရာ​၌ ငါ့​ကို​တွေ့မြင်ရကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ယခု သင်တို့​သည် ပေတရု အပါအဝင်၊ တပည့်တော်တို့​ထံသို့ သွား​၍ ‘ယေရှု​သည် သင်တို့​ထက်​ဦးစွာ ဂါလိလဲပြည်​သို့ ကြွတော်မူမည်။ အသေခံတော်​မမူမီ မိန့်တော်မူသည့်​အတိုင်း သင်တို့​သည် သူ့​ကို ထို​နေရာ​၌ တွေ့မြင်ကြရ​လိမ့်မည်’ ဟူ၍ ပြောကြလော့” ဟု ဆို၏။


ဒါဝိဒ်မင်း​သည် မိမိ​လက်ထက်​တွင် ဘုရားသခင်​၏​အလိုတော်​ကို ဆောင်ရွက်​ပြီးနောက် ကွယ်လွန်​၍ မိမိ​ဘိုးဘေးတို့​၏​သင်္ချိုင်း​တွင် သင်္ဂြိုဟ်ခံရ​ပြီး ပုပ်ပျက်ခဲ့ရ၏။


ထို့နောက် ဒူးထောက်​လျက် ကျယ်သော​အသံ​ဖြင့် “သခင်ဘုရား… ဤ​သူတို့ ပြုသော​အပြစ်များ​ကို မှတ်တော်မမူပါနှင့်” ဟု ကြွေးကြော်​၍ အသက်ဆုံးလေ၏။


ထိုသို့​ဖြစ်လျှင် ခရစ်တော်​ကို ယုံကြည်​လျက် ကွယ်လွန်သွားသော​သူတို့​သည်လည်း ပျက်စီးကြပြီ​ဖြစ်ပေမည်။


အမှန်​တွင်မူ ခရစ်တော်​သည် သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူ​၍ သေလွန်သော​သူတို့​အနက် အဦးဆုံး​ရှင်ပြန်​ထမြောက်သောသူ ဖြစ်တော်မူ၏။


ညီအစ်ကို​မောင်နှမတို့… သေလွန်ပြီးသော သူများ​နှင့် ပတ်သက်၍ သင်တို့ မသိဘဲ​မနေစေလိုပါ။ သို့မှသာ မျှော်လင့်ချက်​မဲ့သော မယုံကြည်သူများ ဝမ်းနည်း​သကဲ့သို့ သင်တို့​သည် ဝမ်းနည်း​ရမည်​မဟုတ်။


သခင်ဘုရား​၏ စကားတော်​ဖြင့် ကျွန်ုပ်တို့​သည် သင်တို့​ကို ပြောပြ​လို၏။ သခင်ဘုရား​ပြန်လည်​ကြွလာသည့်​တိုင်အောင် ကျန်ရစ်သော ကျွန်ုပ်တို့​သည် သေဆုံးသွား​သူများ​ထက် စော​၍ ခရစ်တော်​ကို တွေ့ဆုံကြမည်​မဟုတ်။


ထို​သူတို့​က “ယေရှု​ပြန်ကြွလာမည် ဟူသော ကတိတော်​သည် အဘယ်မှာနည်း။ ကျွန်ုပ်တို့ ဘိုးဘေးများ ကွယ်လွန်ပြီး​ကတည်းက အရာ​အားလုံး​သည် ကမ္ဘာဦး​အစ ဖန်ဆင်းခဲ့သည့်​အချိန်က​အတိုင်း ဆက်လက်​ရှိနေဆဲ​ပင် ဖြစ်၏” ဟူ၍ ပြောကြ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ