ထို့ကြောင့် သင်တို့သည်လည်း သင်တို့၏ သခင်ဘုရားသည် မည်သည့်နေ့၌ ကြွလာမည်ကို မသိကြသောကြောင့် သတိနှင့် စောင့်နေကြလော့။
မဿဲ 25:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပညာသတိမဲ့သော အပျိုရံတို့သည် ဆီဝယ်ရန် သွားနေကြစဉ် သတို့သားရောက်လာ၏။ အဆင်သင့်ရှိနေသော အပျိုရံတို့သည် သတို့သားနှင့်အတူ မင်္ဂလာဆောင်ပွဲသို့ ဝင်သွားပြီးနောက် တံခါးသည်လည်း ပိတ်လေ၏။ Common Language Bible ပညာသတိမရှိသူတို့ဆီဝယ်ရန်ထွက်သွား နေခိုက်မင်္ဂလာဆောင်သတို့သားသည်ရောက် လာ၏။ အသင့်ရှိနေကြသောအပျိုရံတို့ သည်လည်းသူနှင့်အတူမင်္ဂလာဆောင်ပွဲသို့ ဝင်ပြီးလျှင်တံခါးကိုပိတ်ထားလိုက်၏။ Garrad Bible ဆီ ဝယ် သွား ခိုက် မင်္ဂ လာ သ တို့ သား ရောက် လာ သ ဖြင့် အ သင့် ရှိ နေ သူ တို့ သည် မင်္ဂ လာ ဆောင် ပွဲ သို့ လိုက် ပါ ဝင် သွား ကြ ပြီး မှ တံ ခါး ပိတ် ထား လေ ၏။ Judson Bible ထိုသူတို့သည် ဆီဝယ်သွားသည်အခိုက်တွင် မင်္ဂလာဆောင်လုလင်သည် လာ၍၊ အသင့်ရှိသော သတို့သမီးတို့သည် လုလင်နှင့်အတူ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သွား၍ ဝယ်နေကြစဉ် သတို့သားရောက်လာသဖြင့် အသင့်ရှိနေသောသူတို့သည် သတို့သားနှင့်အတူ မင်္ဂလာဆောင်ပွဲသို့ဝင်ကြ၏။ ထိုအခါ တံခါးကိုပိတ်ကြ၏။ မြန်မာ ထိုသူတို့သည် ဆီဝယ်သွားသည်အခိုက်တွင် မင်္ဂလာဆောင်လုလင်သည် လာ၍၊ အသင့်ရှိသော သတို့သမီးတို့သည် လုလင်နှင့်အတူ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏။- |
ထို့ကြောင့် သင်တို့သည်လည်း သင်တို့၏ သခင်ဘုရားသည် မည်သည့်နေ့၌ ကြွလာမည်ကို မသိကြသောကြောင့် သတိနှင့် စောင့်နေကြလော့။
အကယ်၍ အိမ်ရှင်သည် သူခိုးလာမည့်အချိန်ကို အတိအကျသိထားလျှင် သူသည် သတိနှင့်စောင့်နေလျက် မိမိအိမ်ကို ဖောက်ထွင်းခွင့်ပြုမည်မဟုတ်ကြောင်းကို သင်တို့သိကြ၏။
ထို့ကြောင့် လူသားသည် သင်တို့ မထင်မှတ်ထားသောအချိန်တွင် ကြွလာမည်ဖြစ်၍ သင်တို့သည်လည်း အဆင်သင့်ရှိနေကြလော့။
သန်းခေါင်ယံအချိန်၌ ‘သတို့သား ရောက်လာပြီ။ သူ့အား ထွက်၍ ကြိုဆိုကြလော့’ ဟူသော အော်ဟစ်သံကို ကြားကြသောအခါ
ငါ့ကို ‘သခင်… သခင်…’ ဟု ခေါ်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ကြရမည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုတော်ကို လိုက်နာသောသူသာ ဝင်ရလိမ့်မည်။
အိမ်ရှင်သည် ထ၍ တံခါးကိုပိတ်သောအခါ သင်တို့သည် အိမ်အပြင်၌ ရပ်၍ တံခါးကို ခေါက်လျက် ‘သခင်… ကျွန်ုပ်တို့အား တံခါးဖွင့်ပေးပါ’ ဟု တောင်းပန်မည်။ သို့သော် အိမ်ရှင်က ‘သင်တို့သည် အဘယ်ကလာသည်ကို ငါမသိ’ ဟု ပြန်ဖြေလိမ့်မည်။
အလင်းနိုင်ငံတော်၌နေသော ယုံကြည်သူလူစုထဲတွင် ဝင်ရောက်ခွင့်ထိုက်သူ ဖြစ်စေတော်မူသော အဖဘုရားသခင်ကို ကျေးဇူးတင်ကြရန် ကျွန်ုပ်တို့ဆုတောင်းပေးကြ၏။
ယခုမှစ၍ ဖြောင့်မတ်ခြင်းဆုသရဖူသည် ကျွန်ုပ်အတွက် အသင့်ရှိနေ၏။ ဖြောင့်မတ်စွာ တရားစီရင်သူဖြစ်တော်မူသည့် သခင်ဘုရား ပြန်လည်ကြွလာမည့်နေ့တွင် ထိုဆုသရဖူကို ကျွန်ုပ်အား ပေးတော်မူလိမ့်မည်။ ကျွန်ုပ်တစ်ဦးတည်းသာမက ကိုယ်တော်၏ပြန်လည်ကြွလာခြင်းကို တောင့်တသူအားလုံးတို့အားလည်း ပေးတော်မူလိမ့်မည်။
ထို့ကြောင့် သင်တို့၏ စိတ်နှလုံးကို အသင့်ပြင်၍ တည်ကြည်စေကြလော့။ ယေရှုခရစ်တော် ပြန်လည်ကြွလာသောအခါ သင်တို့ခံစားရမည့် ကျေးဇူးတော်ကို အပြည့်အဝမျှော်လင့်ကြလော့။
ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်များဖြင့် ကြွလာတော်မူမည် ဖြစ်ပြီး ကိုယ်တော်ကို လှံနှင့် ထိုးဖောက်ခဲ့သူများအပါအဝင် လူတိုင်းက မြင်ကြရလိမ့်မည်။ ကမ္ဘာလောကရှိ လူမျိုးအပေါင်းတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ထိုအရာသည် အမှန်ပင်ဖြစ်၏။ အာမင်။
ရွှင်လန်းဝမ်းမြောက်လျက် ကိုယ်တော်၏ ဘုန်းအသရေတော်ကို ချီးမွမ်းကြပါစို့။ သိုးသငယ်၏မင်္ဂလာပွဲသည် အချိန်ကျပြီဖြစ်၍ သူ၏ သတို့သမီးသည် မိမိကိုယ်မိမိ ပြင်ဆင်လေပြီ။
ဤအကြောင်းအရာများကို သက်သေခံတော်မူသောအရှင်က “ဧကန်အမှန်ပင် ငါသည် မကြာမီလာမည်” ဟု မိန့်တော်မူ၏။ အာမင်။ သခင်ယေရှု… ကြွလာတော်မူပါ။