တရားစီရင်သောနေ့တွင် သင်သည် သောဒုံမြို့ထက် ပို၍ အပြစ်ဒဏ်ခံရလိမ့်မည်ဟု ငါဆိုသည်” ဟု မိန့်တော်မူ၏။
မဿဲ 23:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် မုဆိုးမတို့၏ အိမ်များကို သိမ်းယူတတ်ပြီး ရှည်လျားစွာဆုတောင်းခြင်းဖြင့် ဘာသာရေးကိုင်းရှိုင်းသကဲ့သို့ ဟန်ဆောင်တတ်ကြသောကြောင့်ဖြစ်၏။ သို့ဖြစ်၍ သင်တို့သည် ပို၍ ကြီးလေးသောပြစ်ဒဏ်ကို ခံရကြလိမ့်မည်။ Common Language Bible (``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် မုဆိုးမများ၏အိမ်ရာပစ္စည်းများကိုမတရား သိမ်းယူကြပြီးနောက် လူအမြင်ကောင်းစေရန် ရှည်လျားစွာဆုတောင်းပတ္ထနာပြုတတ်ကြ၏။ ဤအကြောင်းကြောင့်သင်တို့သည်သာ၍ကြီး လေးသောအပြစ်ဒဏ်ကိုခံရလိမ့်မည်။'') Judson Bible လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မုဆိုးမအိမ်ကို လုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှာ ရှည်စွာသော ပတ္ထနာစကားကို ရွတ်တတ်ကြ၏။ ထိုကြောင့် သာ၍ကြီးစွာသော ဒဏ်ကိုခံရကြလတ္တံ့။ မြန်မာ့စံမီသမ္မာကျမ်း [သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် မုဆိုးမတို့၏အိမ်ကို မတရားသိမ်းယူပြီး ဟန်ပြ၍ ရှည်လျားစွာဆုတောင်းတတ်ကြ၏။ ထို့ကြောင့် သင်တို့သည် ပို၍ကြီးလေးသောပြစ်ဒဏ်စီရင်ခြင်းကို ခံရကြလိမ့်မည်။] မြန်မာ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မုဆိုးမအိမ်ကို လုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှာ ရှည်စွာသော ပတ္ထနာစကားကို ရွတ်တတ်ကြ၏။ ထိုကြောင့် သာ၍ကြီးစွာသော ဒဏ်ကိုခံရကြလတ္တံ့။ |
တရားစီရင်သောနေ့တွင် သင်သည် သောဒုံမြို့ထက် ပို၍ အပြစ်ဒဏ်ခံရလိမ့်မည်ဟု ငါဆိုသည်” ဟု မိန့်တော်မူ၏။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကောင်းကင်နိုင်ငံတော်၏တံခါးကို လူတို့ရှေ့မှ ပိတ်ထား၍ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသည့်သူများကိုလည်း ဝင်ခွင့်မပေးဘဲ နေကြသောကြောင့်ဖြစ်၏။
မြွေဆိုးနှင့် မြွေပွေးအမျိုးတို့… သင်တို့သည် ငရဲသို့သွားရမည့် အပြစ်ဒဏ်မှ မည်သို့လွတ်နိုင်ကြမည်နည်း။
မုဆိုးမတို့၏ အိမ်များကို မတရားသိမ်းယူတတ်ပြီး ရှည်လျားစွာဆုတောင်းခြင်းဖြင့် ဘာသာရေးကိုင်းရှိုင်းသကဲ့သို့ ဟန်ဆောင်တတ်ကြ၏။ သူတို့သည် ပို၍ ကြီးလေးသောပြစ်ဒဏ်ကို ခံရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
သို့သော် မိမိသခင်၏အလိုကို မသိဘဲ ရိုက်နှက်ခြင်းဒဏ်နှင့်ခံထိုက်သောအမှုကို ကျူးလွန်မိသောသူသည် အနည်းငယ်သာ ရိုက်နှက်ခြင်းခံရလိမ့်မည်။ များစွာရရှိထားသောသူထံမှ များစွာတောင်းဆိုလိမ့်မည်။ များစွာအပ်နှံခံရသော သူထံမှ ပို၍ တောင်းလိမ့်မည်။
မုဆိုးမတို့၏အိမ်များကို မတရားသိမ်းယူတတ်ပြီး ရှည်လျားစွာဆုတောင်းခြင်းဖြင့် ဘာသာရေးကိုင်းရှိုင်းသကဲ့သို့ ဟန်ဆောင်တတ်ကြ၏။ သူတို့သည် ပို၍ ကြီးလေးသောပြစ်ဒဏ်ကို ခံရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် သူတို့ထဲမှ တချို့သည် အိမ်များသို့ လှည့်စားဝင်ရောက်၍ အညှာလွယ်သောအမျိုးသမီးတို့ကို အလွယ်တကူ သိမ်းသွင်းတတ်ကြ၏။ ထိုအမျိုးသမီးတို့သည် အပြစ်ဝန်ပိနေပြီး တပ်မက်မှုအမျိုးမျိုး၏ ဆွဲဆောင်ရာနောက်သို့ လိုက်သူများဖြစ်၏။
အဘယ်ကြောင့်ဆိုသော် မနာခံသူ၊ အကျိုးမဲ့သောစကားများပြောဆိုသူ၊ လှည့်ဖြားသူ များစွာ ရှိကြသောကြောင့်ဖြစ်၏။ အထူးသဖြင့် အရေပြားလှီးခြင်းမင်္ဂလာခံယူခြင်းကို တိုက်တွန်းသူများထဲတွင် ရှိကြ၏။
ညီအစ်ကိုမောင်နှမတို့… ဆရာဖြစ်ကြသောကျွန်ုပ်တို့သည် အခြားသူတို့ထက် ပို၍ တင်းကျပ်စွာ စီရင်ခံရမည်ကို သင်တို့သိမှတ်လျက် ဆရာဖြစ်လိုသူ မများစေကြနှင့်။
သူတို့၌ ဖောက်ပြန်လိုစိတ်နှင့် ပြည့်နှက်နေသောမျက်စိရှိ၍ အပြစ်မကျူးလွန်ဘဲ မနေနိုင်ကြ။ ယုံကြည်ခြင်း၌ တည်ငြိမ်ရင့်ကျက်မှုမရှိသေးသောသူတို့ကို ဆွဲဆောင်တတ်ကြ၏။ သူတို့သည် လောဘလွန်ကြူးရာတွင် ကျင်လည်၍ ဘုရားသခင်၏ကျိန်စာသင့်သူများ ဖြစ်ကြ၏။
ထိုသူတို့သည် မိမိတို့၏ လောဘစိတ်နှင့် လုပ်ကြံဇာတ်လမ်းများဖြင့် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ ဘုရားသခင်သည် ထိုသူတို့ ခံရမည့်ပြစ်ဒဏ်ကို ယခင်ကပင် ချမှတ်ထားတော်မူခဲ့၏။ သူတို့၏ ပျက်စီးခြင်းကိုလည်း နှောင့်နှေးစေတော်မူမည် မဟုတ်။