Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 12:48 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

48 သို့သော် မိမိ​သခင်​၏​အလို​ကို မသိဘဲ ရိုက်နှက်ခြင်း​ဒဏ်​နှင့်​ခံထိုက်သော​အမှု​ကို ကျူးလွန်မိသော​သူ​သည် အနည်းငယ်​သာ ရိုက်နှက်ခြင်း​ခံရ​လိမ့်မည်။ များစွာ​ရရှိထားသော​သူ​ထံမှ များစွာ​တောင်းဆို​လိမ့်မည်။ များစွာ​အပ်နှံခံရသော သူ​ထံမှ ပို​၍ တောင်း​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

48 သို့​ရာ​တွင်​သ​ခင်​အ​လို​ဆန္ဒ​ကို​မ​သိ​ဘဲ ကြိမ်​ဒဏ်​ထိုက်​သော​အ​မှု​ကို​ပြု​မိ​သော​သူ မူ​ကား အ​နည်း​ငယ်​သာ​ကြိမ်​ဒဏ်​ခံ​ရ​လတ္တံ့။ ကျေး​ဇူး​ပြု​ခြင်း​များ​စွာ​ခံ​ရ​သော​သူ​သည် တာ​ဝန်​များ​စွာ​ရှိ​လိမ့်​မည်။ ပို​၍​ယုံ​ကြည် အပ်​နှံ​ခြင်း​ခံ​ရ​သော​သူ​သည်​ပို​၍​ဆောင် ရွက်​စ​ရာ​ရှိ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

48 မ သိ ဘဲ ဒဏ် ခံ ထိုက် ရာ ကို ပြု မိ သော ကျွန် ကား အ နည်း ငယ် မျှ ရိုက် ဒဏ် ခံ ရ မည်။ များ စွာ ပေး ခြင်း ခံ ရ သူ့ ထံ များ စွာ ရှာ ကြ လိမ့် မည်။ များ စွာ အပ် ခြင်း ခံ ရ သူ့ ထံ များ စွာ တောင်း ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

48 သ​ခင်၏​အ​လို​ကို မ​သိ​ဘဲ​လျက်၊ ဒဏ်​ခံ​ထိုက်​သော​အ​မှု​ကို ပြု​မိ​သော​သူ​မူ​ကား၊ အ​နည်း​ငယ်​သော ဒဏ်​ကို​သာ ခံ​ရ၏။ အ​ကြင်​သူ သည် များ​စွာ​သော​ကျေး​ဇူး​ကို​ခံ​ရ၏။ ထို​သူ​သည် အ​များ​ကို​ဆပ်​ရ၏။ အ​ကြင်​သူ၌ များ​စွာ​သော​ဥ​စ္စာ​ကို အပ်​နှင်း၏။ ထို​သူ​ကို များ​စွာ​တောင်း​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

48 သို့သော် သခင်​၏​အလို​ကို​မ​သိ​ဘဲ ရိုက်နှက်​ခြင်း​ဒဏ်​နှင့်​ထိုက်​သော​အမှု​ကို ပြု​မိ​သော​သူ​သည် အနည်းငယ်​သာ ရိုက်နှက်​ခြင်း​ခံရ​မည်။ များစွာ​ရရှိ​ထား​သော​သူ​အားလုံး​ထံမှ များစွာ​တောင်းဆို​လိမ့်မည်။ များစွာ​အပ်နှံ​ထား​သော​သူ​ထံမှ ပို၍​များစွာ​တောင်း​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

48 သ​ခင်၏​အ​လို​ကို မ​သိ​ဘဲ​လျက်၊ ဒဏ်​ခံ​ထိုက်​သော​အ​မှု​ကို ပြု​မိ​သော​သူ​မူ​ကား၊ အ​နည်း​ငယ်​သော ဒဏ်​ကို​သာ ခံ​ရ၏။ အ​ကြင်​သူ သည် များ​စွာ​သော​ကျေး​ဇူး​ကို​ခံ​ရ၏။ ထို​သူ​သည် အ​များ​ကို​ဆပ်​ရ၏။ အ​ကြင်​သူ၌ များ​စွာ​သော​ဥ​စ္စာ​ကို အပ်​နှင်း၏။ ထို​သူ​ကို များ​စွာ​တောင်း​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 12:48
21 ပူးပေါင်းရင်းမြစ်များ  

ရှိသော​သူတို့​အား များစွာ​ထပ်​၍ ပေးတော်မူ​သဖြင့် သူတို့​သည် ကြွယ်ဝကြ​လိမ့်မည်။ မရှိသော​သူတို့​ထံမှ​မူ သူတို့​၌​ရှိသော​အရာ​ကိုပင် သိမ်းယူတော်မူ​လိမ့်မည်။


သူတော်ကောင်း​ယောင်ဆောင်သော ကျမ်းတတ်ဆရာများ​နှင့် ဖာရိရှဲတို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် မုဆိုးမတို့​၏ အိမ်များ​ကို သိမ်းယူတတ်ပြီး ရှည်လျား​စွာ​ဆုတောင်းခြင်း​ဖြင့် ဘာသာရေးကိုင်းရှိုင်း​သကဲ့သို့ ဟန်ဆောင်တတ်ကြ​သောကြောင့်​ဖြစ်၏။ သို့ဖြစ်၍ သင်တို့​သည် ပို၍ ကြီးလေးသော​ပြစ်ဒဏ်​ကို ခံရကြ​လိမ့်မည်။


ပေတရု​ကလည်း “သခင်… ဤ​ဥပမာ​သည် ကျွန်ုပ်တို့​အတွက် မိန့်တော်မူသလော။ ဤ​လူ​အားလုံး​အတွက် မိန့်တော်မူသလော” ဟု မေးလျှောက်လေ၏။


ဤ​ကမ္ဘာ​မြေကြီး​သို့ မီး​ကျ​စေရန် ငါ​လာ၏။ ယခု မီး​လောင်ကျွမ်းပြီးသား​ဖြစ်​ရန်​ပင် ငါ​အလိုရှိလှ၏။


ထိုအခါ သူဌေး​သည် သူ့​ကို​ခေါ်​၍ ‘သင့်​အကြောင်း ငါ​ကြားရသည်​မှာ မည်သို့နည်း။ သင်​မှတ်ထားသော ငွေစာရင်းများ​ကို ငါ့​အား​ပေးလော့။ သင့်​ကို စီမံခန့်ခွဲသူ​နေရာ​တွင် ဆက်​၍ ခန့်ထား​နိုင်တော့မည်​မဟုတ်’ ဟု ပြောလေ၏။


ငါ​သည် လာ​၍ ထို​သူတို့​ကို မဟောပြောခဲ့​လျှင် သူတို့​၌ အပြစ်​ရှိမည်​မဟုတ်။ ယခု​မှာမူ သူတို့​သည် သူတို့​၏​အပြစ်များ​အတွက် ဆင်ခြေ​မပေးနိုင်တော့ပေ။


ဤသို့ ယခင်​အချိန်ကာလများ​တွင် လူတို့​၏​မသိ​နားမလည်ခြင်း​ကို ဘုရားသခင်​သည် အမှုမထားခဲ့​သော်လည်း ယခု​မှာ နေရာ​အသီးသီး​တွင်​ရှိသော လူ​အပေါင်းတို့​ကို နောင်တရ​ရန် အမိန့်ပေးတော်မူ၏။


ထို​မှန်ကန်သော​အယူဝါဒ​သည် မင်္ဂလာ​ရှိတော်မူသော ဘုရားသခင်​၏ ဘုန်းကြီးသော သတင်းကောင်း​နှင့် ညီ၏။ ထို​သတင်းကောင်း​ကို ဟောပြော​ရန် ဘုရားသခင်​သည် ကျွန်ုပ်​ကို တာဝန်ပေးတော်မူ၏။


တစ်ချိန်က ကျွန်ုပ်​သည် ခရစ်တော်​ကို စော်ကားပြောဆိုသူ၊ ယုံကြည်သူများ​ကို ညှဉ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်း​ကြမ်းကြုတ်သူ ဖြစ်ခဲ့၏။ သို့သော် ထို​အချိန်​တွင် ကျွန်ုပ်​သည် ခရစ်တော်​ကို မယုံကြည်​သေး​သောကြောင့် ကျွန်ုပ်​ပြုသော​အမှု​သည် မှားယွင်းကြောင်း နားမလည်ခဲ့။ ထို့ကြောင့် သခင်ဘုရား​သည် ကျွန်ုပ်​အပေါ် ကရုဏာ​ထားတော်မူ၏။


တိမောသေ… သင့်​ထံ အပ်နှင်းထားသည့်​အရာ​ကို စောင့်ရှောက်လော့။ ဘုရားတရား​မဲ့သည့် အကျိုး​မရှိသော​စကားများ​နှင့် အသိပညာ​ဟု လွဲမှား​စွာ ခေါ်ဝေါ်သည့် ဆန့်ကျင်ဘက်​အယူအဆများ​ကို ရှောင်ကြဉ်လော့။


ဘုရားသခင်​သည် အချိန်တန်​သောအခါ လူ​၏​ဟောပြောခြင်း​နည်း​ဖြင့် တရားတော်​ကို ထင်ရှားစေတော်မူ၏။ ကျွန်ုပ်​သည် ကယ်တင်ရှင်​ဘုရားသခင်​၏ အမိန့်တော်​ဖြင့် ဤ​တရားတော်​ကို ဟောပြော၏။


ညီအစ်ကို​မောင်နှမတို့… ဆရာ​ဖြစ်ကြသော​ကျွန်ုပ်တို့​သည် အခြားသူတို့​ထက် ပို​၍ တင်းကျပ်​စွာ စီရင်​ခံရမည်​ကို သင်တို့​သိမှတ်​လျက် ဆရာ​ဖြစ်လိုသူ မများစေကြနှင့်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ