ထိုတမန်တော်ဆယ့်နှစ်ပါးတို့၏အမည်များမှာ ရှေးဦးစွာ ပေတရုဟူ၍လည်း ခေါ်ဝေါ်သောရှိမုန်၊ ထို့နောက် သူ၏ညီ အန္ဒြေ၊ ဇေဗေဒဲ၏သား ယာကုပ်၊ ယာကုပ်၏ညီ ယောဟန်၊
မဿဲ 20:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ဇေဗေဒဲ၏ဇနီးသည် သားနှစ်ယောက်နှင့်အတူ ယေရှုထံသို့ လာ၍ ရှေ့တော်တွင် ဒူးထောက်လျက် ကျေးဇူးပြုတော်မူရန် လျှောက်လေ၏။ Common Language Bible ထိုနောက်ဇေဗေဒဲ၏သားများ၏မိခင်သည်သား များနှင့်အတူကိုယ်တော်ထံပန်ကြားလျှောက်ထား ရန်ချဉ်းကပ်ပျပ်ဝပ်၏။ Garrad Bible ထို အ ခါ ဇေ ဗေ ဒဲ၏ သား တို့ အ မိ သည် သား တို့ နှင့် တ ကွ ချဉ်း ကပ် ရှိ ခိုး လျက် ဆု ကျေး ဇူး ကို တောင်း လျှောက် သည့် တိုင်း၊ Judson Bible ထိုအခါ ဇေဗေဒဲ၏သားတို့အမိသည် သားတို့နှင့်အတူ အထံတော်သို့ချဉ်း၍ ပျပ်ဝပ်လျက် ဆုကျေးဇူးကို တောင်းပန်လေ၏။ ကိုယ်တော်က သင်သည် အဘယ်ဆုကျေးဇူးကို အလိုရှိသနည်းဟု မေးတော်မူသော်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဇေဗေဒဲ၏သားများ၏မိခင်သည် မိမိသားတို့နှင့်အတူ အထံတော်သို့ချဉ်းကပ်လာ၍ ရှိခိုးကာ တစ်စုံတစ်ခုကို ကိုယ်တော်ထံ တောင်းလျှောက်လေ၏။ မြန်မာ ထိုအခါ ဇေဗေဒဲ၏သားတို့အမိသည် သားတို့နှင့်အတူ အထံတော်သို့ချဉ်း၍ ပျပ်ဝပ်လျက် ဆုကျေးဇူးကို တောင်းပန်လေ၏။ ကိုယ်တော်က သင်သည် အဘယ်ဆုကျေးဇူးကို အလိုရှိသနည်းဟု မေးတော်မူသော်၊- |
ထိုတမန်တော်ဆယ့်နှစ်ပါးတို့၏အမည်များမှာ ရှေးဦးစွာ ပေတရုဟူ၍လည်း ခေါ်ဝေါ်သောရှိမုန်၊ ထို့နောက် သူ၏ညီ အန္ဒြေ၊ ဇေဗေဒဲ၏သား ယာကုပ်၊ ယာကုပ်၏ညီ ယောဟန်၊
လှေထဲတွင် ရှိနေသူများက “ကိုယ်တော်သည် အမှန်ပင် ဘုရားသားတော်ဖြစ်၏” ဟု ဆိုကာ ဝပ်တွားခယလျက် ရှိခိုးကြ၏။
သို့သော် ထိုအမျိုးသမီးသည် ရှေ့တော်မှောက်သို့ချဉ်းကပ်၍ ဝပ်တွားခယလျက် “သခင်… ကျွန်မကို ကယ်တော်မူပါ” ဟု လျှောက်လေ၏။
သူတို့သည် အိမ်ထဲသို့ ဝင်၍ မယ်တော်မာရိနှင့်အတူ သူငယ်တော်ကို တွေ့မြင်သော် ဝပ်တွားခယလျက် သူငယ်တော်ကို ရှိခိုးကြပြီးလျှင် မိမိတို့၏ ရတနာသေတ္တာများကို ဖွင့်ကာ ရွှေ၊ လောဗန်နှင့် မုရန်ဟူသော လက်ဆောင်များကို ဆက်သကြ၏။
ထိုသူတို့အထဲတွင် မာဂဒလမာရိ၊ ယာကုပ်နှင့် ယောသပ်၏ မိခင်မာရိ၊ ဇေဗေဒဲ၏ သားများ၏ မိခင်တို့ ပါကြ၏။
ထိုတောင်ပေါ်၌ တပည့်တော်တို့သည် ယေရှုကို မြင်သောအခါ ဝပ်တွားခယလျက် ရှိခိုးကြ၏။ သို့ရာတွင် တပည့်တော်တချို့သည် အမှန်တကယ်ယေရှုဖြစ်သည်ကို သံသယဖြစ်ကြ၏။
ထိုနေရာမှ အနည်းငယ်ကြွတော်မူသောအခါ အခြားညီအစ်ကိုနှစ်ဦးဖြစ်သော ယာကုပ်နှင့် ယောဟန်တို့ကို မြင်တော်မူ၏။ သူတို့သည် ဇေဗေဒဲ၏သားများဖြစ်ကြ၍ လှေထဲ၌ ဖခင်နှင့်အတူ ပိုက်ကွန်များဖာထေးပြုပြင်နေကြ၏။ ယေရှုက သူတို့ကို နောက်တော်သို့ လိုက်ရန် ခေါ်တော်မူ၏။
ထိုအခါ အနာကြီးရောဂါသည်တစ်ဦးသည် ကိုယ်တော်ထံသို့ လာ၍ ဒူးထောက်လျက် “သခင်… သခင်အလိုတော်ရှိလျှင် အကျွန်ုပ်ကို စင်ကြယ်စေနိုင်ပါသည်” ဟု လျှောက်လေ၏။
အမျိုးသမီးတချို့သည် အဝေးက ရပ်လျက် စောင့်ကြည့်နေကြ၏။ ထိုသူတို့အထဲတွင် မာဂဒလမာရိ၊ ယာကုပ်အငယ်နှင့် ယောသေတို့၏ မိခင်ဖြစ်သော မာရိနှင့် ရှာလုံတို့ ပါကြ၏။