သို့သော် ယေရှုသည် ပေတရုထံသို့ မျက်နှာမူလျက် “အို စာတန်… ငါ့အနားမှ ထွက်သွားလော့။ သင်သည်ငါ့အတွက် ဆူးငြောင့်ခလုတ်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်၏ရှုထောင့်မှ မတွေးဘဲ လူ့ရှုထောင့်ဖြင့်သာ တွေးသည်” ဟု ဆုံးမတော်မူ၏။
မဿဲ 18:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤလောက၌ အပြစ်ကျူးလွန်စေရန် ဖြားယောင်းသွေးဆောင်သောအရာများရှိ၏။ လောကီသားတို့သည်လည်း ထိုဖြားယောင်းသွေးဆောင်ရာသို့ လိုက်ပါသောကြောင့် အမင်္ဂလာရှိကြ၏။ ဖြားယောင်းသွေးဆောင်ခြင်းတို့သည် ရှောင်လွှဲမရသောအရာများဖြစ်၏။ သို့ရာတွင် အပြစ်ကျူးလွန်စရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။ Common Language Bible လူသားတို့အားယုံကြည်ခြင်းပျက်ပြယ်စေ သောအရာများရှိသည့်အတွက်လူသားတို့ သည်အမင်္ဂလာရှိကြ၏။ ယုံကြည်ခြင်းကိုပျက် ပြယ်စေသောအရာများကားမုချရှိမည်။ သို့ ရာတွင်ယုံကြည်ခြင်းပျက်ပြယ်မှုကိုဖြစ် စေသောသူသည်အမင်္ဂလာရှိ၏။ Garrad Bible တိုက် လဲ စေ ရန် အ ကြောင်း များ ကြောင့် ဤ လော က၌ အ မင်္ဂ လာ ရှိ၏။ ထို အ ကြောင်း များ ပေါ် လာ ရ မည် မှန် သော် လည်း ပေါ် လာ စေ သော သူ၌ အ မင်္ဂ လာ ရှိ၏။ Judson Bible မှားယွင်းစရာအကြောင်းများ ရှိသောကြောင့် လောကီသားတို့သည် အမင်္ဂလာရှိကြ၏။ မှားယွင်းစရာအကြောင်း ရှိရမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤလောကသည် မှားယွင်းစေသောအရာများကြောင့် အမင်္ဂလာရှိ၏။ မှားယွင်းစေသောအရာများသက်ရောက်မည်ကို လွှဲရှောင်၍မရနိုင်။ သို့သော် မှားယွင်းစေသောအရာကို သက်ရောက်စေသောသူသည် အမင်္ဂလာရှိ၏။ မြန်မာ မှားယွင်းစရာအကြောင်းများ ရှိသောကြောင့် လောကီသားတို့သည် အမင်္ဂလာရှိကြ၏။ မှားယွင်းစရာအကြောင်း ရှိရမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။- |
သို့သော် ယေရှုသည် ပေတရုထံသို့ မျက်နှာမူလျက် “အို စာတန်… ငါ့အနားမှ ထွက်သွားလော့။ သင်သည်ငါ့အတွက် ဆူးငြောင့်ခလုတ်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်၏ရှုထောင့်မှ မတွေးဘဲ လူ့ရှုထောင့်ဖြင့်သာ တွေးသည်” ဟု ဆုံးမတော်မူ၏။
ကျမ်းစာ၌ ရေးထားသည့်အတိုင်း လူသားသည် အသေခံရမည်။ သို့ရာတွင် လူသားကို သစ္စာဖောက်သောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မွေးဖွားမလာခဲ့လျှင် ပို၍ကောင်းသည်” ဟု မိန့်တော်မူ၏။
သင်တို့သည် စစ်ပွဲများနှင့် စစ်ဖြစ်မည့်သတင်းများအကြောင်း ကြားကြလိမ့်မည်။ သို့ရာတွင် မတုန်လှုပ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် ထိုအရာများအားလုံးသည် ဖြစ်ပျက်ရမည်။ သို့သော် ကမ္ဘာကုန်ဆုံးချိန်သည် မကျရောက်သေးပါ။
တစ်နေ့တွင် ယေရှုက တပည့်တော်တို့အား “အပြစ်ကျူးလွန်စေရန် ဖြားယောင်းသွေးဆောင်သောအရာများသည် ဧကန်အမှန်ရှိမည်။ သို့ရာတွင် အပြစ်ကျူးလွန်စရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။
အကျွန်ုပ်သည်လည်း ထိုသူတို့နှင့်အတူရှိစဉ် အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသော ကိုယ်တော်၏တန်ခိုးတော်အားဖြင့် သူတို့ကို ကာကွယ်ခဲ့ပါ၏။ ထိုသူတို့တွင် ပျက်စီးထိုက်သူတစ်ဦးမှလွဲ၍ အခြားမည်သူမျှ မပျက်စီးစေရန်လည်း ကျွန်ုပ်စောင့်ရှောက်ခဲ့ပါ၏။ ထိုသူ ပျက်စီးခြင်းမှာ ကျမ်းစာတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်ပျက်လာရန်ဖြစ်၏။
“ညီအစ်ကိုမောင်နှမတို့… ယေရှုကို ဖမ်းဆီးသောသူတို့အား ဦးဆောင်လာသည့် ယုဒအကြောင်းနှင့်ပတ်သက်၍ သန့်ရှင်းသောဝိညာဉ်တော်က ဒါဝိဒ်မင်းကြီး၏နှုတ်အားဖြင့် ကြိုတင်ဟောပြောသော ကျမ်းချက်သည် ဖြစ်လာရမည်။
သင်တို့ထဲ၌ ဂိုဏ်းကွဲမှုမျိုး ရှိရသည်မှာ ကျိုးကြောင်းဆီလျော်၏။ သို့မှသာလျှင် စစ်မှန်သောသူများသည် ပေါ်လွင်ထင်ရှားမည်ဖြစ်၏။
ကျွန်များသည် မိမိတို့၏ သခင်များကို ရိုသေထိုက်သူများဟု မှတ်ယူသင့်၏။ သို့မှသာ အခြားသူတို့သည် ဘုရားသခင်၏ နာမတော်နှင့် ကျွန်ုပ်တို့၏သွန်သင်ချက်များကို စော်ကားပြောဆိုကြမည် မဟုတ်ပေ။
မိမိကိုယ်ကိုယ်ချုပ်တည်းသူ၊ စင်ကြယ်သူ၊ အိမ်မှုကိစ္စကို ကောင်းစွာ ထိန်းသိမ်းနိုင်သူ၊ ကြင်နာတတ်သူ၊ ခင်ပွန်းသည်ကို နာခံသူများ ဖြစ်ရန် သင်ပေးနိုင်လိမ့်မည်။ သို့မှသာ မည်သူမျှ ဘုရားသခင်၏တရားတော်ကို စော်ကားနိုင်မည်မဟုတ်။
အပြစ်ဆိုဖွယ်မရှိသည့် မှန်ကန်သောစကားကို ပြောဆိုခြင်းတို့ဖြင့် သွန်သင်လော့။ ထိုအခါ သင့်ကို ဆန့်ကျင်သောသူတို့သည် ကဲ့ရဲ့စရာအကြောင်းမရှိသဖြင့် အရှက်ကွဲကြလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဘုရားတရားမဲ့သူတချို့သည် သင်တို့ထံသို့ တိတ်တဆိတ် ခိုးဝင်လာကြသောကြောင့်ဖြစ်၏။ ထိုသူတို့မှာ ပြစ်ဒဏ်စီရင်ခံရမည်ဟု ရှေးယခင်ကတည်းက သတ်မှတ်ထားခြင်းခံရသူများဖြစ်ကြ၏။ သူတို့သည် ကျွန်ုပ်တို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်းအတွက် အခွင့်အရေးအဖြစ် အလွဲသုံးစားလုပ်၍ ကျွန်ုပ်တို့၏တစ်ပါးတည်းသောအရှင်၊ သခင် ယေရှုခရစ်တော်ကို ငြင်းပယ်ကြ၏။