သို့သော်လည်း ထိုတရားစကားမှာ သူတို့၏ စိတ်နှလုံးတွင် အမြစ်မစွဲသောကြောင့် ခဏသာခံ၏။ ထိုတရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း ကြုံတွေ့ရသောအခါ ချက်ချင်းပင် ဖောက်ပြန်တတ်၏။
မဿဲ 11:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ့ကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏” ဟု ပြန်၍ မိန့်တော်မူ၏။ Common Language Bible ငါ၏အပေါ်၌ယုံမှားခြင်းကင်းသူတို့သည် မင်္ဂလာရှိကြ၏'' ဟုမိန့်တော်မူ၏။ Garrad Bible ငါ၌ တိုက် လဲ ရန် အ ကြောင်း မ တွေ့ သူ တိုင်း မင်္ဂ လာ ရှိ သည် ဟု ပြန်၍ မိန့် တော် မူ၏။ Judson Bible ငါ့ကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏ဟု ပြန်ပြောတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါ့ကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။ မြန်မာ ငါ့ကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏ဟု ပြန်ပြောတော်မူ၏။- |
သို့သော်လည်း ထိုတရားစကားမှာ သူတို့၏ စိတ်နှလုံးတွင် အမြစ်မစွဲသောကြောင့် ခဏသာခံ၏။ ထိုတရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း ကြုံတွေ့ရသောအခါ ချက်ချင်းပင် ဖောက်ပြန်တတ်၏။
ဤလောက၌ အပြစ်ကျူးလွန်စေရန် ဖြားယောင်းသွေးဆောင်သောအရာများရှိ၏။ လောကီသားတို့သည်လည်း ထိုဖြားယောင်းသွေးဆောင်ရာသို့ လိုက်ပါသောကြောင့် အမင်္ဂလာရှိကြ၏။ ဖြားယောင်းသွေးဆောင်ခြင်းတို့သည် ရှောင်လွှဲမရသောအရာများဖြစ်၏။ သို့ရာတွင် အပြစ်ကျူးလွန်စရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။
ထိုကာလ၌ လူများစွာတို့သည် ယုံကြည်ခြင်းမှ လမ်းလွဲ၍ အချင်းချင်း သစ္စာဖောက်လျက် မုန်းတီးကြလိမ့်မည်။
ထို့နောက် လမ်း၌ ယေရှုက “ကျမ်းစာတွင် ‘ငါသည် သိုးထိန်းကို ရိုက်တော်မူသဖြင့် သိုးအုပ်သည် ကွဲလွင့်သွားကြရမည်’ ဟု ရေးထားသည့်အတိုင်း ယနေ့ညတွင် သင်တို့သည် ငါ့ကို စွန့်ခွာသွားကြလိမ့်မည်။
ထို့ကြောင့် သင်၏ လက်ယာမျက်စိသည် ထိုတဏှာစိတ်ကို ဖြစ်စေပါက ထုတ်ယူ၍ လွှင့်ပစ်လော့။ ခန္ဓာတစ်ခုလုံး ငရဲသို့ ချခံရခြင်းထက် အင်္ဂါအစိတ်အပိုင်းတစ်ခုကို ဆုံးရှုံးရခြင်းသည် ပို၍ ကောင်း၏။
သူသည် လက်သမားမဟုတ်လော။ မာရိ၏သား မဟုတ်လော။ ယာကုပ်၊ ယောသပ်၊ ယုဒနှင့် ရှိမုန်တို့၏အစ်ကို မဟုတ်လော။ သူ၏ နှမတို့သည်လည်း ငါတို့နှင့် တစ်ရပ်တည်းသားများပင် မဟုတ်လော” ဟု ပြောဆို၍ ကိုယ်တော်အပေါ် ဘဝင်မကျဖြစ်ကာ မယုံကြည်ဘဲနေကြ၏။
ထို့နောက် ရှိမောင်သည် သူတို့ကို ကောင်းချီးပေး၍ မိခင်မာရိအား “ဤသူငယ်သည် အစ္စရေးလူမျိုးထဲမှ လူများစွာကို လဲစေရန်သော်လည်းကောင်း၊ များစွာကို ထစေရန်သော်လည်းကောင်း ခန့်အပ်ခြင်းခံရသောသူဖြစ်၏။ ဆန့်ကျင်ခြင်းခံရမည့် နိမိတ်လက္ခဏာအဖြစ် စေလွှတ်ခံရသောသူလည်းဖြစ်၏။
ထိုအချိန်မှစ၍ တပည့်တော်အများအပြားတို့သည် နောက်တော်သို့ ဆက်၍ မလိုက်ဘဲ စွန့်ခွာသွားကြ၏။
သို့သော် ဝိညာဉ်တော်ကို မရရှိထားသောသူသည် ဘုရားသခင်၏ဝိညာဉ်တော်ထံမှ အမှန်တရားကို မခံယူနိုင်ပေ။ ထိုအရာတို့သည် သူ့အတွက် မိုက်မဲသောအရာများဖြစ်၏။ ထိုအရာတို့ကို ဝိညာဉ်တော်အားဖြင့်သာ ပိုင်းခြားသိမြင်နိုင်သောကြောင့် သူသည် နားမလည်နိုင်ပေ။
ညီအစ်ကိုမောင်နှမတို့… အရေပြားလှီးခြင်းမင်္ဂလာတရား လိုအပ်ကြောင်းကို ကျွန်ုပ်ဟောပြောနေသေးလျှင် အဘယ်ကြောင့် ညှဉ်းဆဲခံနေရသေးသနည်း။ ထိုသို့ ဟောပြောသည်မှန်လျှင် ကျွန်ုပ်ဟောပြောသည့် လက်ဝါးကပ်တိုင်၌ ခရစ်တော်အသေခံခြင်းအကြောင်းသည် အနှောင့်အယှက် ဖြစ်တော့မည်မဟုတ်ပေ။
ထို့အပြင် ကျမ်းစာ၌ “၎င်းသည် ဆူးငြောင့်ခလုတ်ဖြစ်သောကျောက်၊ တိုက်မိ၍လဲစရာဖြစ်သောကျောက် ဖြစ်၏” ဟု ဖော်ပြထား၏။ သူတို့သည် နှုတ်ကပတ်တော်ကို မနာခံသောကြောင့် ထိမိ၍လဲကြ၏။ ဤထိမိ၍လဲခြင်းသည် သူတို့အတွက် ကြိုတင်သတ်မှတ်ထားသောအရာဖြစ်၏။