Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 24:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ထိုကာလ​၌ လူများစွာတို့​သည် ယုံကြည်ခြင်း​မှ လမ်းလွဲ​၍ အချင်းချင်း သစ္စာဖောက်​လျက် မုန်းတီးကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ထို​အ​ခါ​လူ​များ​စွာ​ပင်​မှောက်​မှား​လမ်း​လွဲ​ကြ လျက် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် သစ္စာ​ဖောက်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 အ များ တို့ တိုက် လဲ၍ တစ် ယောက် ကို တစ် ယောက် မုန်း ထား ပို့ အပ် ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ထို​ကာ​လ၌ အ​များ​သော​သူ​တို့​သည် ဖောက်​ပြန်​ခြင်း​သို့​ရောက်၍၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် အပ်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ထို​ကာလ​၌ များစွာ​သော​လူ​တို့​သည် စိတ်ပျက်​ကြ​၍ အချင်းချင်း​အပ်နှံ​လျက် အချင်းချင်း​မုန်းတီး​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

10 ထို​ကာ​လ၌ အ​များ​သော​သူ​တို့​သည် ဖောက်​ပြန်​ခြင်း​သို့​ရောက်၍၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် အပ်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 24:10
17 ပူးပေါင်းရင်းမြစ်များ  

ညီအစ်ကို​ချင်း တစ်ဦး​ကို​တစ်ဦး သေ​စေရန် သစ္စာဖောက်​လိမ့်မည်။ ဖခင်​သည်လည်း မိမိ​သားသမီး​ကို သေ​စေရန် သစ္စာဖောက်​လိမ့်မည်။ သားသမီးတို့​သည်လည်း မိဘ​ကို ပုန်ကန်​၍ သေစေကြ​လိမ့်မည်။


ငါ့​ကြောင့် စိတ်မပျက်သော​သူ​သည် မင်္ဂလာ​ရှိ၏” ဟု ပြန်​၍ မိန့်တော်မူ၏။


သို့သော်လည်း ထို​တရားစကား​မှာ သူတို့​၏ စိတ်နှလုံး​တွင် အမြစ်​မစွဲ​သောကြောင့် ခဏ​သာ​ခံ၏။ ထို​တရားစကား​ကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း ကြုံတွေ့ရ​သောအခါ ချက်ချင်း​ပင် ဖောက်ပြန်တတ်၏။


ကိုယ်တော်​အပေါ် ဘဝင်မကျ​ဖြစ်ကြ၏။ သို့သော် ယေရှု​က သူတို့​အား “ပရောဖက်​သည် မိမိ​နေရပ်မြို့၊ မိမိ​အိမ်​မှလွဲ၍ အခြားသော​အရပ်​တွင် ဂုဏ်အသရေရှိသည်” ဟု မိန့်တော်မူ၏။


ပရောဖက်​အတုအယောင်​များစွာ ပေါ်လာ​၍ လူ​များစွာ​တို့​ကို လှည့်ဖြားကြ​လိမ့်မည်။


ညီအစ်ကို​ချင်း တစ်ဦး​ကို​တစ်ဦး သေ​စေရန် သစ္စာဖောက်​လိမ့်မည်။ ဖခင်​သည်လည်း မိမိ​သားသမီး​ကို သေ​စေရန် သစ္စာဖောက်​လိမ့်မည်။ သားသမီးတို့​သည်လည်း မိဘ​ကို ပုန်ကန်​၍ သေစေကြ​လိမ့်မည်။


သို့သော်လည်း ထို​တရားစကား​မှာ သူတို့​၏ စိတ်နှလုံး​တွင် အမြစ်​မစွဲ​သောကြောင့် ခဏ​သာ​ခံ၏။ ထို​တရားစကား​ကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း ကြုံတွေ့ရ​သောအခါ ချက်ချင်း​ပင် ဖောက်ပြန်တတ်၏။


မိဘ၊ ညီအစ်ကိုများ၊ ဆွေမျိုးများ​နှင့် မိတ်ဆွေများ​ပင်လျှင် သင်တို့​ကို သစ္စာဖောက်ကြ​လိမ့်မည်။ သင်တို့​ထဲမှ အချို့သော​သူတို့​ကို သတ်ကြ​လိမ့်မည်။


ဖုဂေလု​နှင့် ဟေရမောဂင်​တို့​အပါအဝင် အာရှပြည်​၌ နေထိုင်သော​လူအပေါင်း​သည် ကျွန်ုပ်​ကို စွန့်ခွာသွားကြောင်း သင်​သိ၏။


ဒေမ​သည် ဤ​လောက​ကို ချစ်​၍ ကျွန်ုပ်​ကို စွန့်ခွာ​ပြီး သက်သာလောနိတ်မြို့​သို့ သွားလေပြီ။ ကရက္ကေ​သည် ဂလာတိပြည်​သို့ သွားပြီ။ တိတု​သည် ဒါလမာတိပြည်​သို့ သွားပြီ။


ကျွန်ုပ်​၏​အမှု​ကို ပထမဆုံး​အကြိမ် ချေပ​ပြောဆိုရာ​တွင် မည်သူမျှ ကျွန်ုပ်​ဘက်​၌ မကူညီဘဲ လူတိုင်း​ကျွန်ုပ်​ကို စွန့်ပစ်ခဲ့ကြ၏။ ဤ​အရာ​ကြောင့် သခင်ဘုရား​သည် ထို​သူတို့​ကို အပြစ်​တင်တော်မမူပါစေနှင့်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ