ဆိုးညစ်သောကြံစည်ခြင်း၊ လူသတ်ခြင်း၊ သူတစ်ပါးသားမယားကိုပြစ်မှားခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ ခိုးခြင်း၊ မမှန်သောသက်သေထွက်ဆိုခြင်း၊ စော်ကားပြောဆိုခြင်း စသည်တို့သည် စိတ်နှလုံးမှ ထွက်လာ၏။
ဗျာဒိတ် 9:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် မိမိတို့ပြုသည့် လူသတ်ခြင်း၊ ပြုစားခြင်း၊ တရားနှင့်မညီသောမေထုန်ပြုခြင်း၊ ခိုးခြင်းတို့အတွက် နောင်တမရကြ။ Common Language Bible လူအသက်ကိုသတ်ခြင်း၊ စုန်းနတ်ပြုစားခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့ဥစ္စာခိုးခြင်း အပြစ်များအတွက်လည်းနောင်တမရကြ။ Garrad Bible မ ကိုး ကွယ် ရန် နောင် တ မ ရ သည့် ပြင် သတ် မှု၊ နတ် ဟော မှု၊ မ တ ရား မေ ထုန် မှု၊ ခိုး မှု များ အ တွက် လည်း နောင် တ မ ရ ကြ ချေ။ Judson Bible ကိုယ်ကျင့်သော အကျင့်တည်းဟူသော လူအသက်ကို သတ်ခြင်း၊ သူတစ်ပါးကိုပြုစားခြင်း၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ အမှုများကိုလည်း နောင်တမရဘဲ နေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း မိမိတို့ပြုခဲ့သော လူသတ်ခြင်း၊ ပြုစားခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်းနှင့် ခိုးယူခြင်းတို့အတွက်လည်း နောင်တမရဘဲနေကြ၏။ |
ဆိုးညစ်သောကြံစည်ခြင်း၊ လူသတ်ခြင်း၊ သူတစ်ပါးသားမယားကိုပြစ်မှားခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ ခိုးခြင်း၊ မမှန်သောသက်သေထွက်ဆိုခြင်း၊ စော်ကားပြောဆိုခြင်း စသည်တို့သည် စိတ်နှလုံးမှ ထွက်လာ၏။
နောက်တစ်ကြိမ် ကျွန်ုပ်ရောက်လာသောအခါ ဘုရားသခင်သည် သင်တို့ရှေ့၌ ကျွန်ုပ်ကို နှိမ့်ချတော်မူ၍ ယခင်က ကျူးလွန်ခဲ့သည့် စက်ဆုပ်ညစ်ညမ်းခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ ကာမဂုဏ်လိုက်စားခြင်းတို့ကို ယခုတိုင်အောင် ကျူးလွန်လျက် နောင်တမရသေးသောသူများစွာအတွက်ကြောင့် ကျွန်ုပ်ဝမ်းနည်းရမည်ကိုလည်း စိုးရိမ်၏။
ရုပ်တုကိုးကွယ်ခြင်း၊ ပြုစားခြင်း၊ မုန်းတီးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ဂိုဏ်းကွဲခြင်း၊
သူသည် နိမိတ်လက္ခဏာကြီးများကို ပြလျက် လူအပေါင်းတို့ရှေ့တွင် ကောင်းကင်ဘုံမှ မီးကိုပင် မြေကြီးပေါ်သို့ ကျစေ၏။
ထိုသားရဲသည် ထိုရုပ်တုအား အသက်သွင်းသည့် အခွင့်အာဏာကို ရရှိ၏။ ဤသည်မှာ ထိုရုပ်တုအား စကားပြောစေရန်နှင့် ထိုရုပ်တုကို မကိုးကွယ်သောသူတို့အား သတ်ရန်ဖြစ်၏။
ထိုသားရဲသည် ဘုရားသခင်၏ သန့်ရှင်းသူတို့ကို တိုက်၍ အောင်နိုင်ခွင့်ရ၏။ မျိုးနွယ်စုအသီးသီး၊ လူမျိုးအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများနှင့် တိုင်းနိုင်ငံအသီးသီးတို့ကို အုပ်စိုးခွင့်လည်း ရ၏။
ထို့နောက် ဒုတိယကောင်းကင်တမန်သည် လိုက်လာ၍ “ဘေဘီလုံမြို့ကြီး ပြိုပျက်ပြီ။ ပြိုပျက်ပြီ။ ထိုမြို့သည် လူမျိုးအပေါင်းတို့အား တရားနှင့် မညီသော မေထုန်ဟူသည့် သူ၏စပျစ်ဝိုင်ကို တိုက်၏” ဟု ဆို၏။
ထိုသူတို့သည် သန့်ရှင်းသူတို့နှင့် ပရောဖက်တို့၏ သွေးကို သွန်းခဲ့ကြသဖြင့် ထိုသူတို့နှင့် ထိုက်တန်သည့်အတိုင်း ကိုယ်တော်သည် ထိုသွေးကို သူတို့အား တိုက်တော်မူ၏” ဟုပြောသည်ကို ကျွန်ုပ်ကြားရ၏။
ဤလောကီ ဘုရင်တို့သည် တရားနှင့်မညီသော မေထုန်ပြုခြင်းကို ထိုပြည့်တန်ဆာမကြီးနှင့် ကျူးလွန်ကြ၏။ ကမ္ဘာလောကတွင် နေထိုင်ကြသောသူအပေါင်းတို့သည်လည်း တရားနှင့်မညီသော မေထုန်ပြုခြင်းဟူသည့် သူ၏စပျစ်ဝိုင်ကို သောက်၍ ယစ်မူးကြပြီ” ဟု ပြော၏။
ထိုအမျိုးသမီးသည် ခရမ်းရောင်နှင့် အနီရောင်အဝတ်အစားများကို ဝတ်ဆင်ထား၏။ ရွှေ၊ ကျောက်မျက်ရတနာနှင့် ပုလဲတို့ကို ဆင်မြန်းထား၏။ သူ၏ လက်၌ စက်ဆုပ်ရွံရှာဖွယ်ရာများ၊ တရားနှင့်မညီသောမေထုန်မှု၏ညစ်ညမ်းဖွယ်ရာများနှင့် ပြည့်နေသောရွှေခွက်ကို ကိုင်ဆောင်ထား၏။
သူ၏နဖူးပေါ်၌ “ပြည့်တန်ဆာတို့နှင့် ကမ္ဘာလောကရှိ စက်ဆုပ်ရွံရှာဖွယ်ရာတို့၏ မိခင်၊ ဘေဘီလုံမြို့ကြီး” ဟူသော လျှို့ဝှက်နက်နဲသည့်အမည်ကို ရေးထား၏။
လူမျိုးအပေါင်းတို့သည် တရားနှင့်မညီသော မေထုန်ပြုခြင်းဟူသည့် သူ၏စပျစ်ဝိုင်ကို သောက်ကြပြီ။ လောကီဘုရင်တို့သည် တရားနှင့်မညီသော မေထုန်ပြုခြင်းကို သူနှင့် ကျူးလွန်ကြ၏။ လောကီကုန်သည်တို့သည်လည်း သူ၏ အလွန်အကျွံစည်းစိမ်ခံစားလိုသောဆန္ဒကြောင့် ကြီးပွားချမ်းသာလာကြပြီ” ဟု ကျယ်လောင်သောအသံဖြင့် ကြွေးကြော်၏။
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်၏ စီရင်တော်မူချက်တို့သည် မှန်ကန်၍ တရားမျှတသောကြောင့်ဖြစ်၏။ တရားနှင့်မညီသော မေထုန်ကိုပြုခြင်းဖြင့် ကမ္ဘာလောကကို ပျက်စီးစေသော ပြည့်တန်ဆာကြီးကို စီရင်တော်မူပြီ။ ကိုယ်တော်၏အစေခံတို့ကို သတ်သောကြောင့် လက်တုံ့ပြန်တော်မူပြီ” ဟူ၍ ဖြစ်၏။
သို့ရာတွင် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသူများ၊ လူသတ်သမားများ၊ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ ပြုစားတတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သူများအားလုံးတို့သည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခြင်းခံကြရမည်။ မီးအိုင်သည် ဒုတိယသေခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။
မြို့ပြင်တွင်မူ ခွေးဖြစ်သောသူများ၊ ပြုစားသောသူများ၊ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ လူသတ်သမားများ၊ ရုပ်တုကိုးကွယ်သူများ၊ လိမ်လည်ခြင်းကို နှစ်သက်၍ ကျင့်သုံးသောသူအပေါင်းတို့ ရှိကြ၏။
ဤဘေးဒဏ်ကြောင့် မသေဘဲ ကျန်ရစ်သောလူတို့သည် မိမိတို့ကျူးလွန်သောအရာများအတွက် နောင်တမရကြ။ ရွှေ၊ ငွေ၊ ကြေး၊ ကျောက်၊ သစ်သားတို့ဖြင့် ပြုလုပ်ထားသည့် မမြင်နိုင်၊ မကြားနိုင်၊ မသွားနိုင်သော ရုပ်တုများနှင့်နတ်ဆိုးများကို ဆက်လက်ကိုးကွယ်ကြ၏။