ငါ့ကိုချစ်သည်ထက် မိမိ၏ဖခင်၊ သို့မဟုတ် မိခင်ကို ပို၍ချစ်သောသူသည် ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။ ငါ့ကိုချစ်သည်ထက် မိမိ၏သားသမီးကို ပို၍ချစ်သောသူသည်လည်း ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။
ဗျာဒိတ် 3:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်၏လုပ်ဆောင်မှုကို ငါသိ၏။ သင်သည် အအေးလည်းမဟုတ်။ အပူလည်းမဟုတ်။ ငါသည် သင့်အား အအေး၊ သို့မဟုတ် အပူဖြစ်ရန် အလိုရှိ၏။ Common Language Bible သင်ပြုခဲ့သည့်အမှုကိုငါသိ၏။ သင်သည်အပူ လည်းမဟုတ်၊ အအေးလည်းမဟုတ်သည်ကိုငါ သိ၏။ သင်သည်အပူသို့မဟုတ်အအေးတစ်ခု ခုဖြစ်စေရန်ငါအလိုရှိ၏။- Garrad Bible သင့် အ ကျင့် အ ကြံ များ ကိုလည်း ကောင်း၊ သင် သည် အေး လည်း မ အေး၊ ပူ လည်း မ ပူ သည် ကိုလည်း ကောင်း ငါ သိ၏။ အ အေး ဖြစ် စေ၊ အ ပူ ဖြစ် စေ၊ ငါ အ လို ရှိ၏။ Judson Bible သင်၏အကျင့်ကို ငါသိ၏။ သင်သည် အဧမဟုတ်၊ အပူမဟုတ်သည်ကို ငါသိ၏။ ဧခြင်းဖြစ်စေ၊ ပူခြင်းဖြစ်စေ၊ တစ်ခုခုကို ငါအလိုရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း သင်၏လုပ်ဆောင်မှုများကို ငါသိ၏။ သင်သည် အအေးလည်းမဟုတ်၊ အပူလည်းမဟုတ်။ ငါသည် သင့်အား အအေး၊ သို့မဟုတ် အပူတစ်ခုခုဖြစ်စေလို၏။ |
ငါ့ကိုချစ်သည်ထက် မိမိ၏ဖခင်၊ သို့မဟုတ် မိခင်ကို ပို၍ချစ်သောသူသည် ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။ ငါ့ကိုချစ်သည်ထက် မိမိ၏သားသမီးကို ပို၍ချစ်သောသူသည်လည်း ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။
နေရာတိုင်း၌ မတရားမှုပြုသောသူတို့သည် များပြားလာသောကြောင့် လူများစွာတို့၏ ချစ်ခြင်းမေတ္တာသည်လည်း ခေါင်းပါးလာလိမ့်မည်။
မည်သူမျှ သခင်နှစ်ဦးကို အစေမခံနိုင်ပေ။ သခင်တစ်ဦးကို မုန်း၍ ကျန်တစ်ဦးကို ချစ်မည်။ သို့မဟုတ် သခင်တစ်ဦးကို ကြည်ညိုလေးစား၍ ကျန်တစ်ဦးကို မခန့်လေးစားပြုမည်။ သင်တို့သည် ဘုရားသခင်နှင့် ငွေအား တစ်ချိန်တည်းတွင် အစေခံရန် မဖြစ်နိုင်ပါ။
မည်သူမဆို သခင်ဘုရားကို မချစ်လျှင် ထိုသူသည် ကျိန်ဆိုခြင်းကို ခံပါစေ။ သခင်ဘုရား ကြွလာတော်မူပါ။
ကျွန်ုပ်ရောက်လာသောအခါ သင်တို့ကို ကျွန်ုပ်မြင်တွေ့လိုသည့်အတိုင်း မဖြစ်သကဲ့သို့ ကျွန်ုပ်ကိုလည်း သင်တို့မြင်တွေ့လိုသည့်အတိုင်း မဖြစ်မည်ကို ကျွန်ုပ်စိုးရိမ်၏။ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အသရေဖျက်ခြင်း၊ ကောလာဟလပြောခြင်း၊ ဘဝင်မြင့်ခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းစသည်တို့ရှိမည်ကို စိုးရိမ်၏။
သင်တို့၏ ချစ်ခြင်းမေတ္တာသည် အသိပညာ၊ ထိုးထွင်းဉာဏ်တို့နှင့်တကွ တိုးသည်ထက် တိုးလာရန် ကျွန်ုပ် အစဉ်ဆုတောင်းပါ၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့သည် ပြုသင့်သည့်အတိုင်း သင်တို့အတွက် ဘုရားသခင်ကို အစဉ်ကျေးဇူးတင်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွားကာ အချင်းချင်းအပေါ် ထားသော ချစ်ခြင်းမေတ္တာသည်လည်း ပွားများလာသောကြောင့် ဖြစ်၏။
ထိုသို့သောသူသည် စိတ်နှစ်ခွရှိပြီး လုပ်ဆောင်သမျှတွင် တည်ကြည်မှုမရှိသောသူဖြစ်၏။
သင်တို့သည် သမ္မာတရားကို နာခံခြင်းဖြင့် မိမိကိုယ်မိမိ သန့်ရှင်းစင်ကြယ်စေပြီဖြစ်၍ သင်တို့၏ညီအစ်ကိုမောင်နှမများကို စိတ်ရင်းအမှန်ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သောစိတ်နှလုံးဖြင့် အချင်းချင်းအကြွင်းမဲ့ချစ်ကြလော့။
သင်၏လုပ်ဆောင်မှု၊ သင်၏ကြိုးပမ်းအားထုတ်မှုနှင့် သင်၏သည်းခံမှုတို့ကို ငါသိ၏။ သင်သည် ဆိုးညစ်သူများကို လက်မခံကြောင်းကိုလည်း ငါသိ၏။ တမန်တော်မဟုတ်ဘဲ တမန်တော်ဖြစ်ယောင်ဆောင်သောသူတို့ကို ပိုင်းခြားစစ်ဆေး၍ အတုအယောင်များဖြစ်သည်ဟု ဖော်ထုတ်နိုင်ကြောင်းကိုလည်း ငါသိ၏။
သို့သော် သင်သည် အစဦး၌ ချစ်သကဲ့သို့ ယခု မချစ်တော့သဖြင့် သင့်အား အပြစ်ပြောစရာရှိ၏။
သာဒိမြို့၌ရှိသော အသင်းတော်၏ ကောင်းကင်တမန်ထံသို့ စာရေးလော့။ ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးနှင့် ကြယ်ခုနစ်လုံးရှိသောသူက ဤသို့မိန့်တော်မူ၏။ သင်၏အပြုအမူကို ငါသိ၏။ သင်သည် အသက်ရှင်သည်ဟု နာမည်ခံထားသော်လည်း သေလျက်နေ၏။
သို့သော် သင်သည် အအေးမဟုတ်၊ အပူမဟုတ်၊ နွေးရုံသာ ရှိသောကြောင့် ငါသည် သင့်ကို ငါ၏ခံတွင်းမှ ထွေးထုတ်တော့မည်။