Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 12:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 မပျင်းရိဘဲ အလုပ်​ကို ကြိုးစား​၍ စိတ်အားထက်သန်​စွာ ဘုရားသခင်​ကို အစေခံကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 မ​ပျင်း​မ​ရိ​ဘဲ​အ​လုပ်​ကို​ကြိုး​စား​အား ထုတ်​လုပ်​ကိုင်​ကြ​လော့။ စိတ်​အား​ထက်​သန် စွာ​သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရွက် ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 မ ဖင့် မ နွှဲ လုံ့ လ ထုတ် လျက်၊ စိတ် စေ တ နာ ထက် သန် လျက်၊ အ ရှင် ဘု ရား၏ အ စေ တော် ကို ခံ လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 အား​ထုတ်​ခြင်း​အ​ရာ​မှာ ပျင်း​ရိ​ခြင်း​မ​ရှိ​ဘဲ​လျက်၊ စိတ်​တန်း​သ​ဖြင့် သ​ခင်​ဘု​ရား၏​အ​လို​တော်​သို့ လိုက်၍ အား​ထုတ်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 လုံ့လ​ဝီရိယ​စိုက်ထုတ်​ရာ​တွင် ပျင်းရိ​ခြင်း​မ​ရှိ​ဘဲ ဝိညာဉ်ရေး​၌​ထက်သန်​လျက် သခင်​ဘုရား​ကို​အစေခံ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 12:11
33 ပူးပေါင်းရင်းမြစ်များ  

နေရာတိုင်း​၌ မတရားမှု​ပြုသောသူတို့​သည် များပြားလာ​သောကြောင့် လူများစွာတို့​၏ ချစ်ခြင်းမေတ္တာ​သည်လည်း ခေါင်းပါးလာ​လိမ့်မည်။


ထိုအခါ သခင်​ကလည်း ‘မိုက်မဲ​၍ ပျင်းရိသော​အစေခံ… ငါ​သည် မိမိ​မစိုက်ပျိုးသော​အရပ်​မှ ရိတ်သိမ်းတတ်ပြီး မိမိ​မကြဲဖြန့်သော​အရပ်​မှ စုသိမ်းတတ်ကြောင်း သင်​သိ​လျှင်


သခင်ဘုရား​၏​တရားလမ်း​ကို သင်ယူလေ့လာ​ပြီး ဟောပြောရာ​၌ စိတ်အားထက်သန်​၍ ယေရှု​၏​အကြောင်းအရာများ​ကို တိကျ​မှန်ကန်​စွာ သွန်သင်​လျက်​နေ၏။ သို့သော် သူ​သည် ယောဟန်​၏​နှစ်ခြင်းမင်္ဂလာ​အကြောင်း​ကိုသာ သိ၏။


ဂျူးတို့​၏​မကောင်းသော​အကြံစည်များ​အားဖြင့် ကျွန်ုပ်​ထံ​ရောက်လာသော နှောင့်ယှက်မှုများ​ကို သည်းခံ​လျက်နှင့်ပင် နှိမ့်ချ​၍ မျက်ရည်များ​ကျ​ကာ သခင်ဘုရား​အား အစေခံခဲ့၏။


ကျွန်​ဖြစ်​စဉ်က ဘုရားသခင် ရွေးကောက်တော်မူ​လျှင် ယခု​သင်​သည် သခင်ဘုရား​၏ လွတ်လပ်သူ​ဖြစ်၏။ လွတ်လပ်​စဉ်က ဘုရားသခင် ရွေးကောက်တော်မူ​လျှင် ယခု သင်​သည် ခရစ်တော်​၏ ကျွန်​ဖြစ်၏။


ခိုးတတ်သောသူ​သည် နောက်ထပ် မခိုးတော့ဘဲ လိုအပ်သော​သူတို့​အား ပေးကမ်း​ဝေမျှ​နိုင်ရန် မိမိ​လက်​ဖြင့် ကောင်းသော​အလုပ်​ကို ကြိုးစား လုပ်ဆောင်​ရမည်။


သခင်​ဖြစ်သူတို့… သင်တို့​သည်လည်း ကောင်းကင်ဘုံ​၌ ရှိတော်မူသော သခင်​၏ ကျွန်များ​ဖြစ်ကြောင်း​ကို သိမှတ်​လျက် မိမိတို့​၏ ကျွန်များ​ကို မှန်မှန်ကန်ကန်​နှင့် တရားမျှတ​စွာ ပြုမူ​ဆက်ဆံကြလော့။


ထို့ပြင် သူတို့​သည် တစ်အိမ်​တက်​တစ်အိမ်​ဆင်း လှည့်လည်​ကာ ပျင်းရိသော​အကျင့် ရှိလာကြ၏။ ပျင်းရိသည်​သာမက အတင်းအဖျင်း​ပြော​လျက် မပြောသင့်သည့်​အရာ​ကို ပြော​၍ သူတစ်ပါး​ကိစ္စ​တွင် ဝင်ရောက်​စွက်ဖက်​တတ်ကြ၏။


သို့ဖြစ်လျှင် ကျွန်ုပ်တို့​သည် မတုန်လှုပ်နိုင်သော​နိုင်ငံ​ကို ရရှိ​သဖြင့် ဘုရားသခင်​ကို ကျေးဇူးတင်ကြစို့။ ကျွန်ုပ်တို့​သည် ကြောက်ရွံ့​ရိုသေ​လျက် ဘုရားသခင်​နှစ်သက်တော်မူသည့်​အတိုင်း ဝတ်ပြုကြစို့။


ထို့ကြောင့် သင်တို့​သည် ကျန်းမာခွင့်​ရ​ရန် မိမိတို့​၏​အပြစ်များ​ကို အချင်းချင်း ဖွင့်ဟ​ဝန်ခံ​လျက် အချင်းချင်း​အတွက် ဆုတောင်းပေးကြလော့။ ဖြောင့်မတ်သောသူ​၏​ဆုတောင်းခြင်း​သည် အလွန်​တန်ခိုးကြီး​၍ ထိရောက်၏။


သင်တို့​သည် သမ္မာတရား​ကို နာခံခြင်း​ဖြင့် မိမိ​ကိုယ်​မိမိ သန့်ရှင်း​စင်ကြယ်စေပြီ​ဖြစ်​၍ သင်တို့​၏​ညီအစ်ကို​မောင်နှမများ​ကို စိတ်ရင်း​အမှန်​ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သော​စိတ်နှလုံး​ဖြင့် အချင်းချင်း​အကြွင်းမဲ့​ချစ်ကြလော့။


အရေးကြီးဆုံး​အရာ​မှာ အချင်းချင်း​နှစ်နှစ်ကာကာ ချစ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ချစ်ခြင်းမေတ္တာ​သည် အပြစ်​များစွာ​ကို ဖုံးအုပ်တတ်​သောကြောင့်​ဖြစ်၏။


သို့သော် သင်​သည် အစဦး​၌ ချစ်​သကဲ့သို့ ယခု မချစ်တော့​သဖြင့် သင့်​အား အပြစ်​ပြောစရာ​ရှိ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ