ဗျာဒိတ် 3:15 - Common Language Bible15 သင်ပြုခဲ့သည့်အမှုကိုငါသိ၏။ သင်သည်အပူ လည်းမဟုတ်၊ အအေးလည်းမဟုတ်သည်ကိုငါ သိ၏။ သင်သည်အပူသို့မဟုတ်အအေးတစ်ခု ခုဖြစ်စေရန်ငါအလိုရှိ၏။- အခန်းကိုကြည့်ပါ။Garrad Bible15 သင့် အ ကျင့် အ ကြံ များ ကိုလည်း ကောင်း၊ သင် သည် အေး လည်း မ အေး၊ ပူ လည်း မ ပူ သည် ကိုလည်း ကောင်း ငါ သိ၏။ အ အေး ဖြစ် စေ၊ အ ပူ ဖြစ် စေ၊ ငါ အ လို ရှိ၏။ အခန်းကိုကြည့်ပါ။Judson Bible15 သင်၏အကျင့်ကို ငါသိ၏။ သင်သည် အဧမဟုတ်၊ အပူမဟုတ်သည်ကို ငါသိ၏။ ဧခြင်းဖြစ်စေ၊ ပူခြင်းဖြစ်စေ၊ တစ်ခုခုကို ငါအလိုရှိ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 သင်၏လုပ်ဆောင်မှုများကို ငါသိ၏။ သင်သည် အအေးလည်းမဟုတ်၊ အပူလည်းမဟုတ်။ ငါသည် သင့်အား အအေး၊ သို့မဟုတ် အပူတစ်ခုခုဖြစ်စေလို၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း15 သင်၏လုပ်ဆောင်မှုကို ငါသိ၏။ သင်သည် အအေးလည်းမဟုတ်။ အပူလည်းမဟုတ်။ ငါသည် သင့်အား အအေး၊ သို့မဟုတ် အပူဖြစ်ရန် အလိုရှိ၏။ အခန်းကိုကြည့်ပါ။ |
ဧလိယသည်ထိုလူတို့ထံသို့ချဉ်းကပ်၍``သင် တို့သည်အဘယ်မျှကြာအောင်စိတ်ဇဝေဇဝါ ရှိနေကြပါမည်နည်း။ ထာဝရဘုရားသည် ဘုရားအမှန်ဖြစ်လျှင် ကိုယ်တော်အားဝတ်ပြု ကိုးကွယ်ကြလော့။ ဗာလသည်ဘုရားအမှန် ဖြစ်လျှင်မူကားသူ့အားဝတ်ပြုကိုးကွယ် ကြလော့'' ဟုဆို၏။ သို့ရာတွင်လူတို့သည် မည်သို့မျှပြန်၍မပြောကြ။-
သင်တို့သည်အမြတ်ဆုံးသောအရာကိုရွေးယူ နိုင်အံ့သောငှာအသိပညာ၊ ပိုင်းခြားဝေဖန်တတ် သောစွမ်းရည်တို့နှင့်ပြည့်စုံ၍မေတ္တာပါရမီတိုး သည်ထက်တိုးလာကြစေရန်သင်တို့အတွက် ငါဆုတောင်းပတ္ထနာပြုပါသည်။ သို့မှသာလျှင် သင်တို့သည်ခရစ်တော်ကြွလာတော်မူသော နေ့ရက်၌အပြစ်ဆိုဖွယ်မရှိဘဲအညစ် အကြေးနှင့်ကင်းစင်လိမ့်မည်။-
သင်တို့ထံရောက်သောအခါငါတွေ့မြင် လိုသည့်အခြေအနေမျိုးတွင်သင်တို့ အားမတွေ့ရမည်ကိုလည်းကောင်း၊ သင် တို့သည်လည်းမိမိတို့မြင်လိုသည့်အခြေ အနေတွင်ငါတို့အားမတွေ့ရကြမည် ကိုလည်းကောင်းစိုးရိမ်မိ၏။ ခိုက်ရန်ဖြစ် ခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ ဂုဏ် ပြိုင်ခြင်း၊ စော်ကားပြောဆိုခြင်း၊ တီးတိုး ဂုံးချောခြင်း၊ မောက်မာထောင်လွှားခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းတို့ကိုငါ တွေ့ရမည်ကိုစိုးရိမ်မိ၏။-
သင်ပြုသောအမှုကိုငါသိ၏။ သင်မည်မျှ ကြိုးပမ်းလုပ်ဆောင်သည်၊ မည်မျှရဲရင့်သည်၊ မည် မျှခံနိုင်ရည်ရှိသည်ကိုငါသိ၏။ သင်သည်ဆိုး ညစ်သူတို့ကိုသည်းမခံနိုင်ကြောင်း၊ တမန် တော်မဟုတ်ဘဲလျက် မိမိတို့ကိုယ်ကိုတမန် တော်ဟုခေါ်ဆိုကြသူတို့အားစစ်ဆေး၍ လူလိမ်များဖြစ်သည်ကိုသိရှိကြောင်းငါ သိ၏။-
ငါတို့၏ညီအစ်ကိုတို့၊ သင်တို့ကိုအကြောင်း ပြု၍ ဘုရားသခင်၏ကျေးဇူးတော်ကိုငါတို့ အစဉ်မပြတ်ချီးမွမ်းနေရကြသည်။ ယင်းသို့ ချီးမွမ်းသင့်ပေသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့ယုံကြည်ခြင်းအလွန်တိုးပွားလျက် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ပိုမိုချစ်ခင်လျက်နေကြသောကြောင့်ဖြစ်၏။-