သတ်မှတ်ထားသည့်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကိုသစ္စာဖောက်သောသူသည် အမင်္ဂလာရှိ၏” ဟု မိန့်တော်မူ၏။
ဗျာဒိတ် 17:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မိမိအကြံအစည်တော်အတိုင်း လုပ်ဆောင်မည့်သဘောကို ဘုရားသခင်သည် ထိုသူတို့၏စိတ်ထဲသို့ ထည့်သွင်းတော်မူ၏။ ဤသည်မှာ သူတို့သည် ဘုရားသခင်မိန့်တော်မူသောအရာများ ဖြစ်ပျက်လာချိန်အထိ မိမိတို့၏နိုင်ငံအုပ်စိုးခွင့်ကို သားရဲအား သဘောတညီတညွတ်တည်းပေးအပ်ရန် ဖြစ်၏။ Common Language Bible သူတို့သည်ဘုရားသခင်မိန့်တော်မူသော စကားများအကောင်အထည်ပေါ်လာသည့် တိုင်အောင် မိမိတို့၏အာဏာကိုသားရဲအား တညီတညွတ်တည်းလွှဲအပ်လိုက်ကြစေရန် ကိုယ်တော်သည်သူတို့၏စိတ်ကိုပြုပြင်တော် မူလျက် သူတို့အားမိမိ၏အကြံအစည် တော်နှင့်အညီလိုက်နာဆောင်ရွက်စေတော် မူ၏။ Garrad Bible အ သို့ ဆို သော် ဘု ရား သ ခင် ပြ ဋ္ဌာန်း ချက် မ ပြီး မ ချင်း ကိုယ့် နိုင် ငံ ကို သား ရဲ သို့ အ ကြံ တူ အပ် နှံ၍ အ ကြံ တော် အ တိုင်း ဆောင် ရွက် ကြ စေ ရန် သူ တို့ စိတ် ကို ဘု ရား သ ခင် ပြု ပြင် တော် မူ ၏။ Judson Bible သူ၏ကိုယ်ကိုလည်း မီးရှို့လိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်၏ အလိုတော်ကို ပြုခြင်းငှာလည်းကောင်း၊ နှုတ်ကပတ်တော် မပြည့်စုံမီတိုင်အောင် သဘောတူ၍ မိမိတို့နိုင်ငံများကို သားရဲ၌ အပ်ပေးခြင်းငှာလည်းကောင်း၊ ဘုရားသခင်သည် သူတို့၌ အကြံပေးတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဘုရားသခင်သည် မိမိ၏နှုတ်ကပတ်တော်များပြည့်စုံခြင်းသို့ရောက်သည်အထိ သူတို့သည် တစ်စိတ်တစ်သဘောတည်းဖြစ်လျက် မိမိတို့၏နိုင်ငံများကို သားရဲထံပေးအပ်ခြင်းအားဖြင့် ဘုရားသခင်၏အကြံအစည်တော်အတိုင်း ဆောင်ရွက်မည့်သဘောကို သူတို့၏စိတ်နှလုံးထဲ၌ ထည့်သွင်းတော်မူ၏။ |
သတ်မှတ်ထားသည့်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကိုသစ္စာဖောက်သောသူသည် အမင်္ဂလာရှိ၏” ဟု မိန့်တော်မူ၏။
ထိုအခါ စာတန်မာရ်နတ်သည် တပည့်တော်ဆယ့်နှစ်ပါးထဲမှ တစ်ပါးဖြစ်သည့် ရှကာရုတ်ဟု ခေါ်သော ယုဒထဲသို့ ဝင်လေ၏။
သင်တို့အား ငါပြောဆိုသည်မှာ ‘သူသည် ရာဇဝတ်ကျူးလွန်သူများ စာရင်းတွင် ထည့်သွင်းခြင်းခံရ၏’ ဟူသော ကျမ်းစကားသည် ငါ၌ဖြစ်ပျက်လာရမည်။ အဘယ်ကြောင့်ဆိုသော် ငါ့အားရည်ညွှန်းသည့်အရာသည် ဖြစ်ပျက်လျက်ရှိနေသောကြောင့်ဖြစ်သည်” ဟု မိန့်တော်မူ၏။
ကျမ်းစာတော်ကို မပယ်ဖျက်နိုင်ကြောင်းကို သင်တို့သိကြ၏။ ထို့ကြောင့် ဘုရားသခင်က မိမိ၏ နှုတ်ကပတ်တော်ကို လက်ခံရရှိသောသူတို့ကို ဘုရားများဟု ခေါ်ဆိုတော်မူလျှင်
သင်တို့အားလုံးကို ရည်ညွှန်း၍ ငါပြောသည်မဟုတ်။ ငါရွေးချယ်ထားသောသူတို့ကို ငါသိ၏။ သို့ရာတွင် ‘ငါနှင့်အတူ လက်ဆုံစားသောသူသည် ငါ့ကို ပုန်ကန်လေပြီ’ ဟု ကျမ်းစာတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်လာရမည်။
ကိုယ်တော်နှင့် တပည့်တော်တို့သည် ညစာစားလျက်နေကြ၏။ ထိုအချိန်တွင် ရှိမုန်ရှကာရုတ်၏သား ယုဒ၏စိတ်၌ ယေရှုကို သစ္စာဖောက်ရန် မာရ်နတ်သည် လှုံ့ဆော်ထားပြီးဖြစ်၏။
ထို့ကြောင့် သူတို့က “ဤအင်္ကျီကို မဆုတ်ဖြဲဘဲ မည်သူရမည်ကို မဲနှိုက်ကြစို့” ဟု အချင်းချင်းပြောဆိုကြ၏။ ပြောဆိုသည့်အတိုင်းလည်း ပြုကြ၏။ ဤသို့ပြုကြခြင်းသည် “ငါ၏ အဝတ်တို့ကို ခွဲဝေ၍ အတွင်းအင်္ကျီကိုမူ မဲနှိုက်ယူကြ၏” ဟု ကျမ်းစာ၌ ဖော်ပြထားသောအချက်အတိုင်း ဖြစ်လာခြင်းဖြစ်၏။
ယေရှုသည် အမှုအလုံးစုံ ပြီးစီးကြောင်းကို သိတော်မူသဖြင့် ကျမ်းစာ၌ ဖော်ပြထားသည့်အတိုင်း ဖြစ်လာစေရန် “ငါရေငတ်သည်” ဟု မိန့်တော်မူ၏။
သင်တို့အား ကူညီရန် ကျွန်ုပ်၌စိတ်အားထက်သန်မှုရှိသကဲ့သို့ တိတု၌လည်း ရှိစေတော်မူသော ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာမှုတ်ရမည့်နေ့ရက်တွင် ဘုရားသခင်သည် မိမိအစေအပါး ပရောဖက်များအား ဟောပြောကြေညာတော်မူသည့်အတိုင်း မိမိ၏ လျှို့ဝှက်နက်နဲသောအကြံအစည်သည် ပြီးမြောက်လိမ့်မည်” ဟု ကျိန်ဆို၏။
ထို့နောက် ကောင်းကင်ဘုံ၌ အံ့ဖွယ်နိမိတ်လက္ခဏာကြီးတစ်ခုကို မြင်ရ၏။ ကောင်းကင်တမန်ခုနစ်ပါးသည် နောက်ဆုံးဘေးဒဏ်ခုနစ်ပါး ကိုင်ဆောင်ထားသည်ကို ကျွန်ုပ်မြင်ရ၏။ ထိုဘေးဒဏ်တို့ဖြစ်ပျက်ပြီးနောက် ဘုရားသခင်၏ အမျက်တော်အဆုံးသတ်မည်ဖြစ်သောကြောင့် နောက်ဆုံးဘေးဒဏ်ဟု ဆိုရ၏။
ထိုသူတို့သည် မိမိတို့၏ တန်ခိုးနှင့် အာဏာစက်ကို သားရဲအား ပေးရန် သဘောတူထားကြ၏။
ထိုအခါ ကောင်းကင်တမန်က “ဤစာကို ရေးထားလော့။ သိုးသငယ်၏မင်္ဂလာပွဲသို့ ဖိတ်ကြားခံရသောသူတို့သည် မင်္ဂလာရှိကြ၏” ဟု ကျွန်ုပ်အား ပြော၏။ ထို့နောက် “ဤအရာများသည် ဘုရားသခင်၏ မှန်ကန်သော နှုတ်တော်ထွက်စကားများဖြစ်၏” ဟု ထပ်မံပြောဆို၏။
ထို့နောက် သူတို့တစ်ဦးစီအား ဝတ်ရုံဖြူများကို ပေးတော်မူ၏။ သူတို့နည်းတူ အသတ်ခံရမည့် သူတို့၏အစေခံချင်း၊ သူတို့၏ညီအစ်ကိုမောင်နှမချင်း အရေအတွက်ပြည့်သည်အထိ အနည်းငယ်စောင့်ကြရန် သူတို့အား မိန့်တော်မူ၏။