Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 10:35 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

35 ကျမ်းစာတော်​ကို မပယ်ဖျက်နိုင်ကြောင်း​ကို သင်တို့​သိကြ၏။ ထို့ကြောင့် ဘုရားသခင်​က မိမိ​၏ နှုတ်ကပတ်တော်​ကို လက်ခံရရှိသောသူတို့​ကို ဘုရားများ​ဟု ခေါ်ဆိုတော်မူ​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

35 ကျမ်း​စာ​တော်​ဖော်​ပြ​သည့်​အ​ရာ​များ​သည် အ​စဉ် မှန်​ကန်​ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။ ဘု​ရား​သ​ခင် က​မိ​မိ​၏​တ​ရား​တော်​ကို​ကြား​နာ​ရ​သူ​တို့​အား `ဘု​ရား​များ' ဟု​ဖော်​ပြ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

35 ကျမ်းစာမပျက်နိုင်၊ မှန်သည့်အတိုင်းဘုရားသခင့်ဗျာဒိတ်တော်ခံရသူတို့ကို ဘုရားများဟူ၍ကျမ်းဆိုလျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

35 ဘု​ရား​သ​ခင်၏​ဗျာ​ဒိတ်​တော်​ကို ခံ​ရ​သော​သူ​တို့​ကို ဘု​ရား​ဟူ၍ ခေါ်​ရ​လျှင်​လည်း​ကောင်း၊ ကျမ်း​စ​ကား​ကို မ​ပယ်​ရ​လျှင်​လည်း​ကောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

35 ဘုရားသခင်​၏​နှုတ်ကပတ်​တော်​ကို​ရရှိ​သော​သူ​တို့​အား ‘ဘုရား​များ’​ဟု ခေါ်​လျှင် ကျမ်းစာ​သည် မ​ပျက်ပြယ်​နိုင်​သည်​ဖြစ်၍

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

35 ဘု​ရား​သ​ခင်၏​ဗျာ​ဒိတ်​တော်​ကို ခံ​ရ​သော​သူ​တို့​ကို ဘု​ရား​ဟူ၍ ခေါ်​ရ​လျှင်​လည်း​ကောင်း၊ ကျမ်း​စ​ကား​ကို မ​ပယ်​ရ​လျှင်​လည်း​ကောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 10:35
27 ပူးပေါင်းရင်းမြစ်များ  

ကောင်းကင်​နှင့်​မြေကြီး တည်မြဲမည်​မဟုတ်​သော်လည်း ငါ့​စကား တည်မြဲ​လိမ့်မည်။


ထို့နောက် သူတို့​သည် ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်တွင် ရိုက်ထား​ပြီးလျှင် အဝတ်တော်တို့​ကို မဲနှိုက်​၍ ခွဲဝေကြ၏။


သင်တို့​အား ငါ​အမှန် ဆိုရ​လျှင် ကောင်းကင်​နှင့်​မြေကြီး မကွယ်ပျောက်မချင်း ဘုရားသခင်​၏ ပညတ်ကျမ်း​ထဲ​၌​ရှိသည့် အသေးငယ်ဆုံးသော အက္ခရာ​တစ်လုံး​မျှ မကွယ်ပျောက်ရ။ ထို​ကျမ်း​တွင် ဖော်ပြ​သမျှသော​အရာတို့​သည် ဖြစ်လာ​ရမည်။


သို့ရာတွင် ပညတ်ကျမ်း​ထဲမှ အသေးငယ်ဆုံးသော​အက္ခရာ​တစ်လုံး ပျက်စီး​ရန်​ထက် ကောင်းကင်​နှင့်​မြေကြီး ပျက်စီး​ရန် ပို​၍​လွယ်ကူ၏။


ယေရှု​က “ကျမ်းစာ​တွင် ဘုရားသခင်​က ‘သင်တို့​သည် ဘုရားများ​ဖြစ်ကြ၏’ ဟူ၍ ဖော်ပြထားသည်​မဟုတ်လော။


ခမည်းတော်​ရွေးချယ်​၍ လောက​သို့ စေလွှတ်ခံရသော ငါ​က ‘ငါ​သည် ဘုရားသခင်​၏ သားတော်​ဖြစ်သည်’ ဟု ပြောဆိုသည်​ကို သင်တို့​က ‘ဘုရားသခင်​ကို စော်ကားသည်’ ဟု ဆိုကြသလော။


ယေရှု​သည် အမှု​အလုံးစုံ ပြီးစီးကြောင်း​ကို သိတော်မူ​သဖြင့် ကျမ်းစာ​၌ ဖော်ပြထားသည့်​အတိုင်း ဖြစ်လာ​စေရန် “ငါ​ရေငတ်သည်” ဟု မိန့်တော်မူ၏။


“ညီအစ်ကို​မောင်နှမတို့… ယေရှု​ကို ဖမ်းဆီးသော​သူတို့​အား ဦးဆောင်လာသည့် ယုဒ​အကြောင်း​နှင့်​ပတ်သက်​၍ သန့်ရှင်းသော​ဝိညာဉ်တော်​က ဒါဝိဒ်မင်းကြီး​၏​နှုတ်​အားဖြင့် ကြိုတင်​ဟောပြောသော ကျမ်းချက်​သည် ဖြစ်လာ​ရမည်။


လူတိုင်း အစိုးရ​၏ အမိန့်​အာဏာ​ကို နာခံ​ကြရမည်။ အဘယ်ကြောင့်ဆိုသော် အာဏာ​ဟူသမျှ​သည် ဘုရားသခင်​ထံမှ လာ​သောကြောင့်​ဖြစ်၏။ အုပ်စိုး​လျက်​ရှိသော အာဏာများ​သည် ဘုရားသခင် ခန့်ထားတော်မူသည့်​အာဏာများ ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ