ကျွန်ုပ်သည် ပရောဖက်ပြုဟောပြောနိုင်စွမ်းရှိသည်ဖြစ်စေ၊ လျှို့ဝှက်နက်နဲသောအရာရှိသမျှနှင့် အသိပညာရှိသမျှကို နားလည်သည်ဖြစ်စေ၊ တောင်များကို ရွှေ့နိုင်သောယုံကြည်ခြင်းရှိသည်ဖြစ်စေ မေတ္တာမရှိလျှင် အချည်းနှီးဖြစ်၏။
တိတု 3:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မိုက်မဲသောငြင်းခုံခြင်း၊ ဆွေစဉ်မျိုးဆက်စာရင်းများကို ဆွေးနွေးရာတွင် အချိန်ပေးခြင်း၊ ပညတ်တရားနှင့်ပတ်သက်၍ စကားများခိုက်ရန်ဖြစ်ခြင်းတို့ကို ရှောင်လော့။ အဘယ်ကြောင့်ဆိုသော် ထိုအရာများသည် အကျိုးမရှိ။ အသုံးလည်းမဝင်သောကြောင့် ဖြစ်၏။ Common Language Bible သို့ရာတွင်အကျိုးမဲ့ငြင်းခုံခြင်း၊ ရှည်လျား သောဆွေစဉ်မျိုးဆက်စာရင်းများပြုလုပ်ခြင်း၊ ရန်ဖြစ်ခြင်း၊ ပညတ်တရားနှင့်ပတ်သက်၍ အငြင်းပွားခြင်းတို့ကိုရှောင်ကြဉ်လော့။ ထိုသို့ ပြုမူခြင်းများသည်မည်သို့မျှအသုံးမဝင်၊ အကျိုးလည်းမရှိ။- Garrad Bible မိုက် မဲ သော စော ဒ နာ ချက် များ၊ ဆွေ စဉ် စာ ရင်း များ၊ ခိုက် ရန် ဖြစ် ခြင်း များ၊ ပ ညတ် တ ရား အ ကြောင်း ငြင်း ခုန် ခြင်း များ ကို ကား အ ကျိုး မဲ့ အ သုံး မဲ့ ဖြစ် သော ကြောင့် ကြဉ် ရှောင် လော့။ Judson Bible မိုက်မဲသော ပုစ္ဆာအမေးတို့ကိုလည်းကောင်း၊ ဆွေစဉ်မျိုးဆက် စာရင်းတို့ကိုလည်းကောင်း၊ ပညတ်တရားကြောင့် ရန်တွေ့ခြင်း၊ တိုက်လှန်ခြင်းတို့ကိုလည်းကောင်း ရှောင်လော့။ အကြောင်းမူကား၊ ထိုအရာတို့သည် အကျိုးမရှိ၊ အချည်းနှီး သက်သက်ဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် မိုက်မဲသောအငြင်းပွားမှုများ၊ ဆွေစဉ်မျိုးဆက်စာရင်းများ၊ ပဋိပက္ခဖြစ်ခြင်းနှင့် ပညတ်တရားကြောင့် ခိုက်ရန်ဖြစ်ခြင်းတို့ကို ရှောင်ကြဉ်လော့။ အကြောင်းမူကား ထိုအရာတို့သည် အကျိုးမဲ့၍ အချည်းနှီးဖြစ်ကြ၏။ |
ကျွန်ုပ်သည် ပရောဖက်ပြုဟောပြောနိုင်စွမ်းရှိသည်ဖြစ်စေ၊ လျှို့ဝှက်နက်နဲသောအရာရှိသမျှနှင့် အသိပညာရှိသမျှကို နားလည်သည်ဖြစ်စေ၊ တောင်များကို ရွှေ့နိုင်သောယုံကြည်ခြင်းရှိသည်ဖြစ်စေ မေတ္တာမရှိလျှင် အချည်းနှီးဖြစ်၏။
ရုပ်တုများအား ပူဇော်သည့်အစားအစာနှင့်ပတ်သက်၍ “ကျွန်ုပ်တို့အားလုံး၌ အသိပညာရှိသည်” ဟူ၍ကျွန်ုပ်တို့သိထားကြ၏။ သို့သော် အသိပညာသည် လူကို မာနထောင်လွှားစေတတ်၏။ ချစ်ခြင်းမေတ္တာမှာမူ တည်ဆောက်ပေးတတ်၏။
သင်သည် ဘုရားတရားမဲ့သော၊ ယုတ္တိမရှိသောဒဏ္ဍာရီများကို ရှောင်ကြဉ်၍ ဘုရားတရားကိုင်းရှိုင်းရန် မိမိကိုယ်ကိုယ် လေ့ကျင့်လော့။
ဤအကြောင်းအရာများကို သူတို့အား သတိပေးလော့။ အကျိုးမရှိဘဲ ကြားရသောသူတို့ကို ပျက်စီးစေတတ်သော စကားလုံးအသုံးအနှုန်းအတွက် မငြင်းခုံကြရန် ဘုရားသခင်ရှေ့တော်၌ အလေးအနက် ညွှန်ကြားလော့။
ဘုရားတရားမဲ့သော စကားကို ရှောင်ကြဉ်လော့။ အဘယ်ကြောင့်ဆိုသော် ထိုစကားသည် လူတို့အား ဘုရားတရားနှင့် ပို၍ ဝေးကွာစေသောကြောင့်ဖြစ်၏။
မိုက်မဲ၍ ပညာမဲ့သောအငြင်းပွားမှုများသည် ခိုက်ရန်ကိုသာ ဖြစ်ပွားစေကြောင်း သင်သိသဖြင့် ရှောင်ကြဉ်လော့။
သမ္မာတရားကို ဆန့်ကျင်သူတို့၏ ပညတ်ချက်များနှင့် ဂျူးလူမျိုးတို့၏ ဒဏ္ဍာရီများကို သူတို့သည် ဂရုမစိုက်ဘဲ နေရမည်။
မည်သည့်အကြောင်းကြောင့် သင်တို့ထဲတွင် စစ်ပွဲများနှင့် ရန်ပွဲများဖြစ်ကြသနည်း။ သင်တို့ကိုယ်ခန္ဓာထဲ၌ ဆန့်ကျင်တိုက်ခိုက်နေသော အပျော်အပါးလိုက်စားလိုသည့်ဆန္ဒများကြောင့် ဖြစ်ကြသည်မဟုတ်လော။