Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တိ​တု 3:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 သို့သော် မိုက်မဲ​သော​အငြင်းပွား​မှု​များ၊ ဆွေစဉ်မျိုးဆက်​စာရင်း​များ၊ ပဋိပက္ခ​ဖြစ်​ခြင်း​နှင့် ပညတ်​တရား​ကြောင့် ခိုက်ရန်​ဖြစ်​ခြင်း​တို့​ကို ရှောင်ကြဉ်​လော့။ အကြောင်းမူကား ထို​အရာ​တို့​သည် အကျိုးမဲ့​၍ အချည်းနှီး​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 သို့​ရာ​တွင်​အ​ကျိုး​မဲ့​ငြင်း​ခုံ​ခြင်း၊ ရှည်​လျား သော​ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​များ​ပြု​လုပ်​ခြင်း၊ ရန်​ဖြစ်​ခြင်း၊ ပ​ညတ်​တရား​နှင့်​ပတ်​သက်​၍ အ​ငြင်း​ပွား​ခြင်း​တို့​ကို​ရှောင်​ကြဉ်​လော့။ ထို​သို့ ပြု​မူ​ခြင်း​များ​သည်​မည်​သို့​မျှ​အ​သုံး​မ​ဝင်၊ အ​ကျိုး​လည်း​မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 မိုက် မဲ သော စော ဒ နာ ချက် များ၊ ဆွေ စဉ် စာ ရင်း များ၊ ခိုက် ရန် ဖြစ် ခြင်း များ၊ ပ ညတ် တ ရား အ ကြောင်း ငြင်း ခုန် ခြင်း များ ကို ကား အ ကျိုး မဲ့ အ သုံး မဲ့ ဖြစ် သော ကြောင့် ကြဉ် ရှောင် လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 မိုက်​မဲ​သော ပု​စ္ဆာ​အ​မေး​တို့​ကို​လည်း​ကောင်း၊ ဆွေ​စဉ်​မျိုး​ဆက် စာ​ရင်း​တို့​ကို​လည်း​ကောင်း၊ ပ​ညတ်​တ​ရား​ကြောင့် ရန်​တွေ့​ခြင်း၊ တိုက်​လှန်​ခြင်း​တို့​ကို​လည်း​ကောင်း ရှောင်​လော့။ အ​ကြောင်း​မူ​ကား၊ ထို​အ​ရာ​တို့​သည် အ​ကျိုး​မ​ရှိ၊ အ​ချည်း​နှီး သက်​သက်​ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 မိုက်မဲသော​ငြင်းခုံခြင်း၊ ဆွေစဉ်မျိုးဆက်​စာရင်းများ​ကို ဆွေးနွေး​ရာတွင် အချိန်ပေးခြင်း၊ ပညတ်တရား​နှင့်ပတ်သက်​၍ စကားများ​ခိုက်ရန်​ဖြစ်ခြင်းတို့​ကို ရှောင်လော့။ အဘယ်ကြောင့်ဆိုသော် ထို​အရာများ​သည် အကျိုး​မရှိ။ အသုံး​လည်း​မဝင်​သောကြောင့် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တိ​တု 3:9
10 ပူးပေါင်းရင်းမြစ်များ  

အသုံး​မ​ဝင်​သော​စကား​၊ အကျိုးမဲ့​သော​စကား​များ​ဖြင့် ငြင်းခုံ​သင့်​သလော​။


ငါ​သည် ပရောဖက်ပြု​ဟောပြော​နိုင်​သော​အခွင့်​ကို​ရရှိ​၍ လျှို့ဝှက်​နက်နဲ​သော​အရာ​ရှိသမျှ​နှင့် အသိပညာ​အလုံးစုံ​တို့​ကို နားလည်​သိရှိ​ကာ တောင်​များ​ကို​ရွှေ့​နိုင်​သည့် ယုံကြည်​ခြင်း​အပြည့်အဝ​ရှိ​သော်လည်း မေတ္တာ​မ​ရှိ​လျှင် အချည်းနှီး​ဖြစ်​၏။


ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​များ​နှင့်​ပတ်သက်၍ ငါ​တို့​အားလုံး​၌ အသိပညာ​ရှိ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။ သို့သော် အသိပညာ​သည် ထောင်လွှား​စေ​တတ်​၏။ ချစ်​ခြင်း​မေတ္တာ​မူကား တည်ဆောက်​မြှင့်တင်​ပေး​တတ်​၏။


သို့သော် ဘုရား​တရား​နှင့်​မ​ဆိုင်​သည့် အနှစ်သာရ​ကင်းမဲ့​သော ဒဏ္ဍာရီ​များ​ကို​ရှောင်ရှား​၍ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​အတွက် သင့်ကိုယ်သင်​လေ့ကျင့်​ပေး​လော့။


ဤ​အကြောင်းအရာ​များ​ကို သူ​တို့​အား သတိပေး​နှိုးဆော်​လော့။ မည်သည့်​အကျိုး​မျှ​မ​ရှိ​ဘဲ ကြားနာ​သော​သူ​တို့​ကို ပျက်စီး​စေ​သည့် စကားလုံး​အသုံးအနှုန်း​အပေါ်​ငြင်းခုံ​ခြင်း​ကို​မ​ပြု​ကြ​ရန် ဘုရားသခင်​ရှေ့​တော်​၌ သူ​တို့​ကို အလေးအနက်​တိုက်တွန်း​လော့။


သို့သော် ဘုရား​တရား​နှင့်​မ​ဆိုင်​သော အချည်းနှီး​စကား​များ​ကို ရှောင်ကြဉ်​လော့။ အကြောင်းမူကား ၎င်း​တို့​သည် ဘုရား​တရား​မဲ့​ခြင်း​ကို ပို၍​တိုးပွား​စေ​တတ်​၏။


မိုက်မဲ​၍ ပညာမဲ့​သော​အငြင်းပွား​မှု​မူကား ခိုက်ရန်​ဖြစ်ပွား​စေ​တတ်​သည်​ဟု သိမှတ်​လျက် ရှောင်ရှား​လော့။


သင်​တို့​တွင်​ရှိ​သော စစ်တိုက်​ခြင်း​နှင့်​ခိုက်ရန်​ဖြစ်​ခြင်း​တို့​သည် အဘယ်က​ဖြစ်လာ​ကြ​သနည်း။ သင်​တို့​၏​ကိုယ်အင်္ဂါ​များ​ထဲ၌ ပြိုင်ဆိုင်​တိုက်ခိုက်​နေ​ကြ​သည့် သင်​တို့​၏​ကာမဂုဏ်​ခံစား​လို​သော​စိတ်​မှ ဖြစ်လာ​ကြ​သည်​မ​ဟုတ်​လော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ