ယုပ္ပေမြို့တွင် ဂရိဘာသာစကားအားဖြင့် ဒေါ်ကာဟု ခေါ်သော၊ တဗိသအမည်ရှိသည့် တပည့်တော်မတစ်ယောက်ရှိ၏။ ထိုအမျိုးသမီးသည် အကျင့်သီလကောင်း၍ အလှူအတန်းရက်ရောသူဖြစ်၏။
တိတု 2:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မိမိကိုယ်ကိုယ်ချုပ်တည်းသူ၊ စင်ကြယ်သူ၊ အိမ်မှုကိစ္စကို ကောင်းစွာ ထိန်းသိမ်းနိုင်သူ၊ ကြင်နာတတ်သူ၊ ခင်ပွန်းသည်ကို နာခံသူများ ဖြစ်ရန် သင်ပေးနိုင်လိမ့်မည်။ သို့မှသာ မည်သူမျှ ဘုရားသခင်၏တရားတော်ကို စော်ကားနိုင်မည်မဟုတ်။ Common Language Bible ဣန္ဒြေစောင့်စည်းမှု၊ ဖြူစင်မှု၊ အိမ်ရှင်မကောင်း ပီသမှုနှင့်ခင်ပွန်းသည်၏စကားကိုနား ထောင်မှုတို့ကိုလေ့ကျင့်သင်ကြားပေးနိုင်မည်။ ဤနည်းအားဖြင့်ဘုရားသခင်၏တရား တော်ကိုပုတ်ခတ်ပြောဆိုသူရှိမည်မဟုတ် ပေ။ Judson Bible ဣန္ဒြေစောင့်သောသူ၊ စင်ကြယ်သောသူ၊ မိမိအိမ်ကိုပြုစုသောသူ၊ ကောင်းမွန်သောသူ၊ ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံသောသူဖြစ်စေခြင်းငှာ၊ အသက်ကြီးရင့်သောမိန်းမတို့သည် ဆုံးမပေးရကြမည်အကြောင်း၊- မြန်မာ့စံမီသမ္မာကျမ်း ဣန္ဒြေစောင့်သောသူ၊ ဖြူစင်သန့်ရှင်းသောသူ၊ အိမ်မှုကိစ္စကိုဆောင်ရွက်သောသူ၊ ကောင်းမွန်သောသူ၊ မိမိခင်ပွန်းသည်ကို နာခံသောသူဖြစ်ကြရန် သတိပေးဆုံးမနိုင်သဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်သည် စော်ကားပြောဆိုခံရခြင်းမှ ကင်းလွတ်လိမ့်မည်။ |
ယုပ္ပေမြို့တွင် ဂရိဘာသာစကားအားဖြင့် ဒေါ်ကာဟု ခေါ်သော၊ တဗိသအမည်ရှိသည့် တပည့်တော်မတစ်ယောက်ရှိ၏။ ထိုအမျိုးသမီးသည် အကျင့်သီလကောင်း၍ အလှူအတန်းရက်ရောသူဖြစ်၏။
ထို့ကြောင့် ပေတရုသည် သူတို့နှင့် လိုက်သွားလေ၏။ အိမ်သို့ရောက်သောအခါ သူတို့က အပေါ်ထပ်အခန်းသို့ ခေါ်ဆောင်သွားကြ၏။ မုဆိုးမတို့သည် ပေတရုအနားတွင် ရပ်ကာငိုကြွေးလျက် သူတို့နှင့်အတူရှိစဉ်က တဗိသချုပ်ပေးခဲ့သော အင်္ကျီနှင့်အဝတ်အစားများကို ပြကြလေ၏။
ဤအရာမှာ ကျမ်းစာ၌ “လူမျိုးခြားတို့သည် သင်တို့အကျင့်ကို ထောက်၍ ဘုရားသခင်၏အမည်နာမတော်ကို စော်ကားပြောဆိုတတ်ကြ၏” ဟု ရေးထားသည့်အတိုင်းဖြစ်၏။
သင်တို့အား ကျွန်ုပ် သိစေလိုသည်မှာ ယောက်ျားတိုင်း၏ဦးခေါင်းသည် ခရစ်တော်ဖြစ်၏။ မိန်းမ၏ဦးခေါင်းသည် ယောက်ျားဖြစ်၏။ ခရစ်တော်၏ဦးခေါင်းသည် ဘုရားသခင်ဖြစ်၏။
အမျိုးသမီးများသည် အသင်းတော်တွင် တိတ်ဆိတ်စွာ နေကြရမည်။ သူတို့တွင် ပြောဆိုခွင့်မရှိ။ ပညတ်တရားတွင် ဆိုထားသည့်အတိုင်း သူတို့သည် နာခံမှုရှိကြရမည်။
မည်သို့ပင်ဆိုစေ ခင်ပွန်းသည် တစ်ဦးချင်းစီတိုင်းသည်လည်း မိမိကိုယ်မိမိ ချစ်သကဲ့သို့ မိမိဇနီးသည်ကို ချစ်ကြလော့။ ဇနီးသည်တို့ကလည်း မိမိခင်ပွန်းသည်ကို ရိုသေကြလော့။
ဇနီးသည်တို့… သခင်ဘုရား၏ လူများ ပြုမူနေထိုင်သင့်သည့်အတိုင်း သင်တို့၏ ခင်ပွန်းသည်ကို နာခံကြလော့။
သူသည် မိမိသားသမီးများကို ပြုစုပျိုးထောင်ခြင်း၊ ဧည့်ဝတ်ကို ကျေပွန်စွာ ပြုခြင်း၊ ယုံကြည်သူများ၏ခြေကို ဆေးခြင်း၊ ဆင်းရဲဒုက္ခကြုံတွေ့နေသူများကို ကူညီခြင်း၊ အမျိုးမျိုးသောကောင်းမှုများကို အားထုတ်လုပ်ဆောင်ခြင်း စသည့် ကောင်းမှုကုသိုလ်များကြောင့် နာမည်ကောင်းရသူဖြစ်ရမည်။
ကျွန်များသည် မိမိတို့၏ သခင်များကို ရိုသေထိုက်သူများဟု မှတ်ယူသင့်၏။ သို့မှသာ အခြားသူတို့သည် ဘုရားသခင်၏ နာမတော်နှင့် ကျွန်ုပ်တို့၏သွန်သင်ချက်များကို စော်ကားပြောဆိုကြမည် မဟုတ်ပေ။
သို့ဖြစ်လျှင် သူတို့သည် အသက်ငယ်သောအမျိုးသမီးတို့အား မိမိတို့၏ ခင်ပွန်းနှင့် သားသမီးများအပေါ် မေတ္တာထားသူ၊