Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 14:34 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

34 အမျိုးသမီးများ​သည် အသင်းတော်​တွင် တိတ်ဆိတ်​စွာ နေကြရမည်။ သူတို့​တွင် ပြောဆိုခွင့်​မရှိ။ ပညတ်တရား​တွင် ဆိုထားသည့်​အတိုင်း သူတို့​သည် နာခံမှု​ရှိကြရမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

34 အ​မျိုး​သ​မီး​များ​သည်​အ​စည်း​အ​ဝေး​များ​တွင် ဆိတ်​ဆိတ်​နေ​ကြ​စေ။ သူ​တို့​မှာ​စ​ကား​ပြော​ပိုင်​ခွင့် မ​ရှိ။ ယု​ဒ​ပ​ညတ်​ကျမ်း​တွင်​ဖော်​ပြ​သည့်​အ​တိုင်း အ​မျိုး​သ​မီး​တို့​သည်​အ​စည်း​အ​ဝေး​များ​တွင် ခေါင်း​ဆောင်​များ​မ​ဖြစ်​စေ​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 မိန်း မ တို့ မှာ မူ ပ ညတ် တ ရား တော် ညွှန် ပြ သည့် အ တိုင်း အ အုပ် အ ချုပ် အောက် နေ လျက် အ စည်း အ ဝေး တော် များ တွင် ပြော ဆို သော အ ခွင့် မ ရှိ ဘဲ ဆိတ် ဆိတ် နေ ကြ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 သင်​တို့၏ မိန်း​မ​တို့​သည် အ​သင်း​တော်၌ တိတ်​ဆိတ်​စွာ နေ​ကြ​စေ။ သူ​တို့​သည် ဟော​ပြော​ရ​သော အ​ခွင့်​မ​ရှိ​ကြ။ ပ​ညတ်​တ​ရား​စီ​ရင်​သည်​အ​တိုင်း သူ​တို့​သည် ယောက်ျား၏​အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ရ​ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 မိန်းမ​တို့​သည် အသင်းတော်​တွင် တိတ်ဆိတ်​စွာ​နေ​ကြ​ရ​မည်။ အကြောင်းမူကား သူ​တို့​၌ ဟောပြော​ရ​သော​အခွင့်​မ​ရှိ။ ပညတ်​တရား​၌​လည်း​ဆို​ထား​သည့်​အတိုင်း သူ​တို့​သည် နာခံ​မှု​ရှိ​ကြ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 14:34
15 ပူးပေါင်းရင်းမြစ်များ  

သင်တို့​ကိုယ်တိုင် ဆင်ခြင်​သုံးသပ်ကြလော့။ မိန်းမ​သည် မိမိ​ဦးခေါင်း​ကို မဖုံးဘဲ ဘုရားသခင်​ထံ ဆုတောင်းခြင်း​သည် သင့်တော်သလော။


သင်တို့​အား ကျွန်ုပ် သိစေ​လိုသည်​မှာ ယောက်ျား​တိုင်း​၏​ဦးခေါင်း​သည် ခရစ်တော်​ဖြစ်၏။ မိန်းမ​၏​ဦးခေါင်း​သည် ယောက်ျား​ဖြစ်၏။ ခရစ်တော်​၏​ဦးခေါင်း​သည် ဘုရားသခင်​ဖြစ်၏။


မိန်းမ​သည် ဦးခေါင်း​ကို မဖုံးအုပ်ဘဲ ဆုတောင်း​လျှင်​ဖြစ်စေ၊ ပရောဖက်ပြု​ဟောပြော​လျှင်​ဖြစ်စေ မိမိ​ဦးခေါင်း​ကို ရှုတ်ချရာ​ရောက်၏။ ထိုသို့​ပြုခြင်း​သည် ခေါင်းတုံး​ရိတ်သည်​နှင့်​အတူတူ​ပင်​ဖြစ်၏။


ကျမ်းစာ​၌ “ငါ​သည် ဤ​လူမျိုးတို့​အား ပြော​ရန် အခြား​နိုင်ငံ​မှ လူတို့​ကို အသုံးပြုမည်။ ထို​သူတို့​သည် အခြား​ဘာသာစကားများ​ဖြင့် ပြောဆိုကြလိမ့်မည်။ သို့သော်လည်း သူတို့​သည် ငါ့​ကို နားထောင်ကြ​လိမ့်မည်​မဟုတ် ဟု ထာဝရဘုရား​မိန့်တော်မူ၏” ဟူ၍ ရေးသားထား၏။


သူတို့​သည် တစ်စုံတစ်ခု​ကို သိလို​လျှင် အိမ်​၌ မိမိ​ခင်ပွန်း​ကို မေးမြန်းကြစေ။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးများ​အနေဖြင့် အသင်းတော်​တွင် ပြောဆိုခြင်း​သည် မသင့်လျော်​သောကြောင့်​ဖြစ်၏။


မည်သို့ပင်​ဆိုစေ ခင်ပွန်းသည် တစ်ဦးချင်းစီ​တိုင်း​သည်လည်း မိမိ​ကိုယ်​မိမိ ချစ်​သကဲ့သို့ မိမိ​ဇနီးသည်​ကို ချစ်ကြလော့။ ဇနီးသည်တို့​ကလည်း မိမိ​ခင်ပွန်းသည်​ကို ရိုသေကြလော့။


ဇနီးသည်တို့… သခင်ဘုရား​၏ လူများ ပြုမူနေထိုင်​သင့်သည့်​အတိုင်း သင်တို့​၏ ခင်ပွန်းသည်​ကို နာခံကြလော့။


မိမိကိုယ်ကိုယ်​ချုပ်တည်းသူ၊ စင်ကြယ်သူ၊ အိမ်မှုကိစ္စ​ကို ကောင်းစွာ ထိန်းသိမ်းနိုင်သူ၊ ကြင်နာတတ်သူ၊ ခင်ပွန်းသည်​ကို နာခံသူ​များ ဖြစ်​ရန် သင်ပေးနိုင်​လိမ့်မည်။ သို့မှသာ မည်သူမျှ ဘုရားသခင်​၏​တရားတော်​ကို စော်ကား​နိုင်မည်​မဟုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ