Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 14:34 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 မိန်းမ​တို့​သည် အသင်းတော်​တွင် တိတ်ဆိတ်​စွာ​နေ​ကြ​ရ​မည်။ အကြောင်းမူကား သူ​တို့​၌ ဟောပြော​ရ​သော​အခွင့်​မ​ရှိ။ ပညတ်​တရား​၌​လည်း​ဆို​ထား​သည့်​အတိုင်း သူ​တို့​သည် နာခံ​မှု​ရှိ​ကြ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

34 အ​မျိုး​သ​မီး​များ​သည်​အ​စည်း​အ​ဝေး​များ​တွင် ဆိတ်​ဆိတ်​နေ​ကြ​စေ။ သူ​တို့​မှာ​စ​ကား​ပြော​ပိုင်​ခွင့် မ​ရှိ။ ယု​ဒ​ပ​ညတ်​ကျမ်း​တွင်​ဖော်​ပြ​သည့်​အ​တိုင်း အ​မျိုး​သ​မီး​တို့​သည်​အ​စည်း​အ​ဝေး​များ​တွင် ခေါင်း​ဆောင်​များ​မ​ဖြစ်​စေ​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 မိန်း မ တို့ မှာ မူ ပ ညတ် တ ရား တော် ညွှန် ပြ သည့် အ တိုင်း အ အုပ် အ ချုပ် အောက် နေ လျက် အ စည်း အ ဝေး တော် များ တွင် ပြော ဆို သော အ ခွင့် မ ရှိ ဘဲ ဆိတ် ဆိတ် နေ ကြ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 သင်​တို့၏ မိန်း​မ​တို့​သည် အ​သင်း​တော်၌ တိတ်​ဆိတ်​စွာ နေ​ကြ​စေ။ သူ​တို့​သည် ဟော​ပြော​ရ​သော အ​ခွင့်​မ​ရှိ​ကြ။ ပ​ညတ်​တ​ရား​စီ​ရင်​သည်​အ​တိုင်း သူ​တို့​သည် ယောက်ျား၏​အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ရ​ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

34 အမျိုးသမီးများ​သည် အသင်းတော်​တွင် တိတ်ဆိတ်​စွာ နေကြရမည်။ သူတို့​တွင် ပြောဆိုခွင့်​မရှိ။ ပညတ်တရား​တွင် ဆိုထားသည့်​အတိုင်း သူတို့​သည် နာခံမှု​ရှိကြရမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 14:34
15 ပူးပေါင်းရင်းမြစ်များ  

မိန်းမ​အား​လည်း “​သင်​သန္ဓေတည်​သောအခါ ငါ​သည် သင့်​ကို ပင်ပန်းခက်ခဲမှု အများအပြား​ကြုံတွေ့​စေ​မည်​။ သင်​သည် နာကျင်ခက်ခဲ​စွာ​သားဖွား​ရ​မည်​။ သင်​၏​အလိုဆန္ဒ​သည် သင်​၏​ခင်ပွန်း​အတွက်​ဖြစ်​လိမ့်မည်​။ သူ​သည် သင့်​ကို​အုပ်စိုး​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


မိန်းမ​သည် ဦးခေါင်း​မ​ဖုံး​ဘဲ ဘုရားသခင်​ထံ​ဆုတောင်း​ခြင်း​သည် သင့်လျော်​မှု​ရှိ​၊ မ​ရှိ သင်​တို့​ကိုယ်တိုင်​ဆင်ခြင်​သုံးသပ်​ကြ​လော့။


သို့သော် သင်​တို့​အား ငါ​သိ​စေ​လို​သည်မှာ ယောက်ျား​တိုင်း​၏​ဦးခေါင်း​သည် ခရစ်တော်​ဖြစ်​၏။ မိန်းမ​၏​ဦးခေါင်း​သည် ယောက်ျား​ဖြစ်​၏။ ခရစ်တော်​၏​ဦးခေါင်း​သည် ဘုရားသခင်​ဖြစ်​၏။


သို့သော် ဦးခေါင်း​မ​ဖုံး​ဘဲ ဆုတောင်း​ခြင်း​၊ သို့မဟုတ် ပရောဖက်ပြု​ဟောပြော​ခြင်း​အမှု​ကို ပြု​သော​မိန်းမ​တိုင်း​သည် မိမိ​ဦးခေါင်း​၏​အသရေ​ကို​ရှုတ်ချ​၏။ အကြောင်းမူကား ထိုသို့​ပြု​ခြင်း​သည် ခေါင်းတုံး​ရိတ်​ထား​သည်​နှင့်​တူ​၏။


ပညတ်​တရား​ကျမ်း​၌ “ငါ​သည် ဤ​လူမျိုး​တို့​အား ထူးခြား​သော​ဘာသာ​စကား​နှင့် တိုင်းတစ်ပါးသား​များ​၏​နှုတ်​တို့​ဖြင့် ပြောဆို​မည်။ သို့သော် သူ​တို့​သည် နားထောင်​ကြ​လိမ့်မည်​မ​ဟုတ်​ဟု ထာဝရ​ဘုရား​မိန့်​တော်မူ​၏”​ဟူ၍ ရေး​ထား​၏။


သူ​တို့​သည် တစ်စုံတစ်ခု​ကို​သင်ယူ​လို​လျှင် အိမ်​၌ မိမိ​၏​လင်​ယောက်ျား​အား မေးမြန်း​ကြ​စေ။ အကြောင်းမူကား မိန်းမ​တစ်​ဦး​အနေဖြင့် အသင်းတော်​၌​ဟောပြော​ခြင်း​သည် ရှက်ဖွယ်​ဖြစ်​၏။


မည်သို့ပင်ဖြစ်စေ သင်​တို့​တစ်ဦးစီ​သည်​လည်း မိမိကိုယ်ကို​ချစ်​သကဲ့သို့ မိမိ​ဇနီးသည်​ကို ချစ်​ကြ​လော့။ ဇနီးသည်​တို့​သည်​လည်း မိမိ​ခင်ပွန်းသည်​ကို ရိုသေ​ကြ​လော့။


ဇနီးသည်​တို့၊ သခင်​ဘုရား​၌​ရှိ​သော​သူ​နှင့်​သင့်လျော်​သည်​နှင့်အညီ ခင်ပွန်းသည်​ကို နာခံ​ကြ​လော့။


ဣန္ဒြေ​စောင့်​သော​သူ၊ ဖြူစင်​သန့်ရှင်း​သော​သူ၊ အိမ်မှုကိစ္စ​ကို​ဆောင်ရွက်​သော​သူ၊ ကောင်းမွန်​သော​သူ၊ မိမိ​ခင်ပွန်းသည်​ကို နာခံ​သော​သူ​ဖြစ်​ကြ​ရန် သတိပေး​ဆုံးမ​နိုင်​သဖြင့် ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် စော်ကား​ပြောဆို​ခံရ​ခြင်း​မှ ကင်းလွတ်​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ